မူလစာမျက်နှာ

Tuesday 31 January 2012

JOKES - ဟာသ


ပိုတာပေါ
ကလေးနှစ်ယောက် သူ့အဖေတော်တယ်၊ ငါ့အဖေတော်တယ်နဲ့ အပြိုင်ငြင်းနေကြတယ်။
Billy - ဘေးလီ ။  ။ အတ္တလန်တိတ် သမုဒ္ဒရာကို သိတယ်နော် ? ။ အေး၊ အဲဒီ သမုဒ္ဒရာဖြစ်ဖို့ ငါ့အဖေက ဂွက်ကြီး တူးခဲ့တာကွ။
Gerry - ဂယ်ရီ ။  ။ ဒါ ဘာဟုတ်သေးလို့လဲ ? ။ ပင်လယ်သေဆိုတာ သိသလား?။  အေး၊ အဲဒီ ပင်လယ်ကို သေအောင် သတ်ခဲ့တာ ငါ့အဖေကွ။    ။  J
ထူးခြားတဲ့ ကပြားခွေး
" မင်းခွေးက ဘာအမျိုးလဲ " လို့ လမ်းဖြတ်သွားသူတယောက်က  အမျိုးအမည်မတပ်ထားတဲ့ ခွေးကိုကြည့်ပြီး၊ ခွေးပိုင်ရှင် ကလေးငယ်ကို မေးပါတယ်။
" ဂျာမန် ရဲ ခွေးပါ " လို့ ခပ်ကြွားကြွားဖြေတယ်။ 
" သိပ်မတူဘူးကွ " လို့ မှတ်ချက်ချတဲ့အခါ - - -
" သူက စ ပိုင် ခွေးလေ " လို့ အတည်ပေါက် ပြန်ဖြေပါတယ်။    ။  J
နားရွက်မီးလောင်သူ
နားရွက်မီးလောင်ထားတဲ့သူတယောက် ဆရာဝန်ထံသွားပါတယ်။
" ဘာဖြစ်သလဲ " လို့ ဆရာဝန်က မေးတယ်။
" အော်၊ ကျွန်တော်က မှာ ဘောလုံးပွဲကြည့်နေတုန်း၊ ကျွန်တော့် အမျိုးသမီးက မီးပူတိုက်နေပါတယ်။ သူက မီးပူကို တယ်လီဖုန်းနားမှာ ချထားတယ်။ တယ်လီဖုန်းမြည်တော့ ကျွန်တော်က မီးပူကို ကောက်ကိုင်ပြီး ထူးမိတာပါပဲ။
ဆရာဝန်က ခေါင်းငြိမ့်ပါတယ်။ " ဒါပေမယ့် ကျန်တဲ့ နားတဖက်က ဘယ်လိုဖြစ်တာလဲ ? " 
" ဖုန်းချလို့မှ ဘာမှမကြာသေးဘူး ဆရာရယ်၊ အဲဒီလူက ဖုန်းထပ်ခေါ်တယ်ဗျာ။   ။  J
အနားယူရမှာပါ
  ဆရာဝန် ။   ။ ကျွန်တော် သေသေချာချာ စစ်ဆေးပြီးပါပြီ။ ခင်ဗျား အနားယူဖို့ပဲ လိုတာပါ။
အမျိုးသမီး ။   ။ ဒါပေမယ့် ကျွန်မမှာ ဆေးလိုပါတယ်။ ကျွန်မ လျှာကို ကြည့်ကြည့်ပါ ဆရာ။
  ဆရာဝန် ။   ။ အင်း၊ အဲဒီလျှာလည်း နားဖို့ လိုပါတယ်။     ။   J

ဖါရောဘုရင် စစ်မြင်းရထားစီးပြီး အပြန် -
Pharaoh Coming Home From A Chariot Ride
John Jasper ရဲ့ ဟောပြောပုံက အသက်ပါပါတယ်။ သမ္မာကျမ်းစာထဲက သူရဲကောင်းတွေနဲ့ လူဆိုးတွေဟာ သူ့ဒေသနာကြောင့် စင်မြင့်တလျှောက် ဖြတ်လျှောက်လာကြသလို ထင်ရစေပါတယ်။ စစ်မြင်းရထားစီးပြီး ပြန်တဲ့ ဖါရောဘုရင်အကြောင်း ပြောပြပုံကလေးကတော့ - - - -
" နန်းတော်တခုလုံး ဖါးတွေနဲ့ပြည့်နေပြီ။ ဖါရောဘုရင်ရဲ့ စစ်ခြေထောက်သံဟာ ကျောက်သလင်း ကြမ်းပြင်ပေါ်မှာ ညံသွားတယ်။ ဖါးတွေကတော့ ပတ်ချာလည်မှာ အပြည့်ပဲ။ အကောင်းစားထိုင်ခုံတွေပေါ်မှာ၊ တန်းလျားရှည်တွေပေါ်မှာ၊ စန္ဒယားကြီးပေါ်မှာ၊ ဟ - ဟ -ဟ ၊ ဖါးတွေက မုန့်တွေအပေါ်မှာ ကစားနေကြ၊ အသားတုံးတွေအပေါ်မှာ ဝပ်နေကြပြီ။ ဖါရောက ရှုပ်ရှက်ခပ်နေတဲ့ အခြေအနေကို တုတ်တချောင်းနဲ့ ရှင်းဖို့   ကြိုစားတယ်။ ဖါးတကောင်ကို ရိုက်ပစ်တယ်။ အဲဒီအချိန်မှာ သူ့မိဖုရားက အကြီးအကျယ် အော်ပြောလာတယ်။ " ဖါရော - - - ဒီဖါးကြီးတွေကို ရှင်ဘာမှ မလုပ်နိုင်ရင်၊ ကျွန်မ အမေ့အိမ်ပြန်တော့မယ်။ "  ။   J
 ဝန်မခံချင်သူ
လူတယောက်က တောထဲမှာ ဦးတည်ရာမဲ့ လျှောက်သွားနေသူတယောက်ကိုတွေ့တော့ " ခင်ဗျား၊ လမ်းပျောက်နေသလား " လို့မေးပါတယ်။ အဲဒီလူက " မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် လမ်းမပျောက်ဘူး။ အိမ်ပျောက်နေတာပါ။ " တဲ့။   အဖြစ်မှန်ကို ဝန်မခံချင်တဲ့ အပြစ်သားရဲ့သဘာဝတမျိုးပါပဲ။     ။ J
ဆင်သားစားနည်း
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ပြည်နယ်က စီးပွါးရေးသမားတယောက်က " ဆင်တကောင်ကို ဘယ်လိုစားရမလဲ" လို့ မေးပါတယ်။
" မသိဘူး " လို့ ဖြေတော့ -
" တခါစားရင်၊ တကိုက်ပဲ စား " လို့ ဖြေပါတယ်။         ။ J

လုပ်ပုံက
အိမ်နီးချင်း။       ။ မင်းရဲ့သားက ဖျော်ရည်ဆိုင် ဖွင့်လိုပါလား ?
ဖခင် ။         ။   အေး၊ အစိုးရ လိုပေါ့ကွာ။ သူ့အမေက သံပရာသီးနဲ့ သကြားစိုက်ရတယ်။ ငါကတော့ သူလိုတာ ပြေးဝယ်ပေးရတာပေါ့။        ။ J

အလုပ်ရှုပ်လွန်းသူ
အလုပ်များနေသော အရာရှိ။       ။  ငါ့ခဲတံ ဘယ်မှာပါလိမ့် ?
အတွင်းရေးမှူး။      ။ ဆရာ့နားနောက်မှာပါ။
အရာရှိ။       ။ ကဲ - လာပါဦးကွယ်။ မင်းသိတဲ့အတိုင်း ငါသိပ်အလုပ်ရှုပ်နေတာဆိုတော့။ ဘယ်ဖက်နားပါလိမ့်ကွာ။   ။ J

သခင်ယေရှုကြွလာချိန်မှာ သင်ဘာလုပ်နေချင်သလဲ ?
What Would You Like to Be Doing When Jesus Come?
ခရစ်ယာန်ဖခင်တယောက်က သခင်ဘုရားဟာတနေ့မှာ သူချစ်တဲ့သူတွေကို ကောင်းကင်အရောက် ခေါ်ဆောင်ဖို့ ကြွလာလိမ့်မယ်လို့ သူ့သားသမီးတွေကို ပြောပြနေပါတယ်။ စောင့်မြော်နေရင်း သူတို့အသက်တာကလေးတွေမှာ အကျိုးရှိစေဖို့အတွက်  သခင်ယေရှုကြွလာရင် ဘာလုပ်နေချင်သလဲလို့ တယောက်ချင်းကို မေးလိုက်ပါတယ်။
အကြီးဆုံးသားက ထင်းကောက်နေချင်တယ်လို့ ဆိုပါတယ်။
နောက်တယောက်က အိမ်စာလုပ်နေချင်တယ်။
သမီးအကြီးက ပန်းကန်တွေ ဆေးနေချင်တယ်။
ဒါပေမယ့် သမီးငယ်ကလေးကတော့ ငိုနေချင်ပါသတဲ့။
"သခင်ယေရှုကြွလာတာဟာ ငိုစရာမဟုတ်ဘူး သမီးရဲ့ " လို့ အဖေကပြောပါတယ်။
" ဟုတ်တယ်လေ၊ ဖေဖေရဲ့။ ဒါမှ - သခင်ယေရှုက သမီးရဲ့ မျက်ရည်တွေကို သုတ်ပေးနိုင်မှာပေါ့။ " လို့ ခိုင်ခိုင်မာမာ ဖြေပါတယ်။ J
--   From Listen, July 1981.
နားလည်အောင် ပြောပြပြန်တော့
မိခင်က သူ့သမီးငယ်ကလေးကို Dr. H. A. Ironside အကြောင်း မကြာခဏ ပြောပြပါတယ်။ ထူးခြားတဲ့ တရားဟောဆရာကြီး  A great preacher လို့ ပြောပြတတ်ပါတယ်။ တနေ့ သမီးငယ်ကလေးဟာ Dr. Ironside ရဲ့ တရားပွဲတခုကို သွားပါတယ်။ ဟောနေကြအတိုင်း ရိုးရိုးပဲဟောပါတယ်။ ဘုရားကျောင်းကအပြန်မှာတော့ " မေမေ၊ မေမေပြောတော့   Dr. Ironside က အရမ်းထူးခြားတဲ့ တရားဟောဆရာကြီးတဲ့။ ဘာမှလည်း မထူးခြားပါလား မေမေရယ်။ သူပြောနေတာတွေ သမီးအားလုံးနားလည်လိုက်တာပဲ။ " လို့ ပြောပါတယ်။
နောက်ပိုင်း ဒီအကြောင်း ပြောမိကြတဲ့အခါ Dr. Ironside က " ကျွန်တော်ကို ချီးကျူးတဲ့စကားတွေထဲမှာ ဒီစကားက အကောင်းဆုံးပဲဗျာ "  လို့ ပြောဖူးပါတယ်။      ။  J

ရုပ်ရှင်မင်းသမီးနဲ့ ဒေါက်တာ မေယို   Actress versus Dr. Mayo
ရုပ်ရှင်မင်းသမီး ဘေးလီ ဘတ်ခ်ဟာ အတ္တလန်တိတ်သမုဒ္ဒရာခရီးစဉ်မှာ ပျော်ရွှင်ကြည်နူးနေတုန်း နောက်က စားပွဲမှာ လေးစားဖွယ်လူတယောက် အအေးမိတဲ့ဝေဒနာကို အပြင်းအထန် ခံစားနေရတာကို သတိပြုမိသွားပါတယ်။
" မသက်သာဘူးလား " လို့ မင်းသမီးက သနားကြင်နာစွာ မေးပါတယ်။
အဲဒီလူက ခေါင်းငြိမ့်ပြပါတယ်။
" လာလုပ်ရမယ်ဆိုတာ ပြောပြမယ်။ ရှင့်အခန်းကို ပြန်။ လိမ်မော်ရည် များများသောက်။ အက်စပရင် ၅ ပြားသောက်။ ရှိသမျှစောင်တွေ ယူခြုံလိုက်။ ဒါဆို အချမ်းပျောက်ပြီး ချွေးထွက်လာမယ်။ ကျွန်မက နားလည်လို့ ပြောတာ။ ကျွန်မက ဟောလိဝုဒ်က ရုပ်ရှင်မင်းသမီး ဘေးလီ ဘတ်ခ်ပါ " လို့ ပြောပါတော့တယ်။
အဲဒီလူက ရင်းရင်းနှီးနှီး ပြုံးပြပြီးတော့ ပြောပါတယ်။ " ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် မေယို အထူးကုဆေးခန်းကြီးက  ဒေါက်တာ မေယို ပါ။ "      ။         ။  :)


0 comments:

Post a Comment

လူတိုင်းကိုချစ်၍အသက်ပေးပြီးကယ်တင်သောသခင်ခရစ်တော်ဖြစ်သည်။