မူလစာမျက်နှာ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ဘုရားသခင်ကိုကြောက်ရွံလေးစားခြင်းမရှိသူများအကြောင်း - လောမဲ. Show all posts
Showing posts with label ဘုရားသခင်ကိုကြောက်ရွံလေးစားခြင်းမရှိသူများအကြောင်း - လောမဲ. Show all posts

Thursday, 9 February 2012

ဘုရားသခင်ကိုကြောက်ရွံလေးစားခြင်းမရှိသူများအကြောင်း - လောမဲ

E-mail Print PDF
မထီမဲ့မြင်ပြုခြင်း


အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဂလာတိ ၆း၇

ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။ ဟေဗြဲ ၁၂း၂၉

ခရစ်ယာန်အသင်းတော်တပါးတွင် လူငယ်အသင်းအုပ်ဆရာတပါးရှိသည်။ အမှုတော်ဆောင်ဘ၀ရောက် သော်လည်းလူငယ်ဘ၀တွင်ရှိတတ်သော ဇာတိပကတိ သဘောအပြည့်အ၀ ရှိဆဲပင်။သူ့အကြောင်းသိ သောအသင်းသူအသင်းသားများသည် သူ့ကိုမလေးစား။ တနေ့- တနင်္ဂနွေဝတ်ပြုစည်းဝေး တွင် ဆရာသည် ခရစ်တော်၏သွေးတော်အကြောင်းကိုဟောပြောပါသည်။ ပရိတ်သပ်ထဲထိုင်နေသူ အ ကြောင်းသိအမျိုးသမီး တစ်ဦးသည် ဘေးမှာထိုင်နေသာ သူငယ်ချင်းတစ်ဦးကို ကပ်ပြီးဆရာဟောပြော သောတရားစကားကို တိုး တိုးလေးကပ်ပြီးလှောင်နေပါသသည်။ ၀တ်ပြုခြင်းမပြီးမှီ ထိုအမျိုးသမီး၏ပါးပြင် အနာကွက်များချက် ခြင်းပေါ်လာပါတော့သည်။ သို့သော်သူ့ကိုသူမသိလိုက်။

ထို့နောက် အမျိုးသမီးသည် သူမ၏မျက်နှာပြင်မှအနာကို တတ်ကျွမ်းသောဆရာဝန်နှင့်ကုသခဲ့ပါသည်။ မ ပျောက်၊ ထို့ကြောင့်အရေပြားအထူးကုဆရာဝန်များနှင့်ဆေးကုသမှုကိုခံယူသော်လည်းပျောက်ကင်းခြင်း မရှိ။ အထူးကုဆရာဝန်ပြောင်းပြီးကုသပြန်၏။ ဒီတစ်ခါဆရာဝန်က ခရစ်ယာန်ယုံကြည်သူ။ ဆရာဝန်သည် သူ၏ ဆေးကုသခဲ့သောမှတ်တမ်းများကိုလေ့လာပြီးသူ့ကိုမေးလိုက်သည်။

ဆရာဝန်= သမီးဘာတွေလုပ်ခဲ့မလဲ

အမျိုးသမီး သည်ဆရာဝန်ရည်ရွယ်သောမေးခွန်းကိုနားမလည်ခဲ့

ဆရာဝန်= ဘုရားသခင်မကြိုက်တဲ့အရာ၊ အမင်္ဂလာဖြစ်တဲ့အရာတွေလုပ်ခဲ့မိတာရှိလား။

ဆရာဝန်၏မေးခွန်းကို တဖြည်းဖြည်းစဉ်းစားလိုက်၏။ နောက်ဆုံးတွင် လူငယ်အသင်းအုပ်ဆရာ တရား ဟောစဉ်က တိုးတိုးလေးလှောင်ပြောင်ခဲ့ကြေား သတိရလိုက်ပြီး ဆရာဝန်ကိုပြောပြလိုက်ပါသည်။ ဆရာဝန် ကဆက်ပြောသည်မှာ- သင်းအုပ်ဆရာ၊ တရားဟောဆရာများသည် လူသားဖြစ်သည့်အလျောက် မည်သူမှ မပြည့်စုံနိုင် မတူညီသောအားနည်းချက်များကိုယ်စီရှိကြပါသည်။ ဘုရားကျောင်းထဲတွင်တရားဟောသည့် အခါ တခါတရံတွင် ဆရာသမားများဟောသည်ထက် သန့်ရှင်းသောဝိညာဉ်တော်မှ ၀င်ရောက်ပြောဆိုခြင်း ဖြစ်သည်။ တရားဟောချက်ကိုလှောင်ပြောင်ခြင်းသည် သင်းအုပ်ဆရာကို လှောင်ပြောင်ရာမရောက် နှုတ်က ပတ်တော်ကိုမထီမဲ့မြင်ပြုခြင်းဖြစ်သလို သန့် ရှင်းသောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုရာရောက်၏။ ဆေးပညာ အရ ဒီလောက်ကုထားသည်မှာ ပျောက်ရ မည်။ မပျောက်ရသည့်အကြောင်းသည် ဘုရားသခင်အလိုမရှိ သောကြောင့်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ကိုတောင်းပန်ပြီး အသင်းအုပ်ဆရာကိုတောင်းပန်ရန် လို ကြောင်း ဆရာဝန်မှပြောလိုက်ပါသည်။


သို့သော်လည်းအမျိုးသမီးသည် ဆရာကိုသွားမတောင်ပန်ခဲ့သလို သူ၏မျက်နှာမှအနာသည်လည်းရှိနေခဲ့ပါ သည်။ ကျန်းမာရေးချို့တဲ့လာသော လူငယ်သင်းအုပ်ဆရာသည် ဆေးရုံတွင်ဆေးကုသခံယူရပါသည်။ ဆရာ ၀န်များ၏ အဆိုရ သူ၏နောက်ဆုံးအချိန်ကိုရောက်ခဲ့ပါသည်။ အမျိုးသမီးသည် ဆေးရုံပေါ်တွင် ဆရာကို သွားတောင်းပန်ခဲ့ပါသည်။ နောက်ပိုင်းတွင် အမျိုးသမီး၏ မျက်နှာမှ အနာသည် လုံးဝပျောက်ကင်းခဲ့ပါ သည်။





အဆိုတော်ဂျွန်လင်နွန် (John Lenon)


The Beatle တေးဂီတအဖွဲ့မှ နံမည်ကြီးအဆိုတော်ဖြစ်သည်။ ခရစ်ယောန်လောကသည် မကြာခင် အဆုံး သပ်တော့မည်။ သခင်ယေရှုကတော့အဆင်ပြေပါတယ်၊ ဒါပေမဲ့သူ့သွန်သင်ချက်တွေက ရိုးလွန်းပါတယ်။ ဒီကနေ့ကျနော်တို့အဖွဲ့ဟာ သူ့ထက်ပိုပြီးကျော်ကြားတယ်။ ဤစကားကို ဂျွန်လင်နွန်သည် အမေရိကန် မဂ္ဂဇင်းတခုနှင့် အင်တာဗျုးလုပ်သည့်အခါပြောသွားခြင်းဖြစ်သည်။ ထိုစကားပြောပြီး ၆လအကြာတွင် စိတ်မ နှံ့သူတစ်ဦးက ဂျွန်လင်နွန်ကိုသေနတ်ဖြင့် ၆ချက်ပစ်ခဲ့သဖြင့် အသက်ဆုံးပါးခဲ့ရပြီး The Beatle တေးဂီတအ ဖွဲ့လည်းပျက်သုန်းခဲ့ရပါသည်။




လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေတော်မူပြီ။ လုကာ၁း၅၁









တန်ခရိဒို Tancredo Neves ဘရာဇီးနိုင်ငံ၏ ၃၄ ဦးမြှောက်သမ္မတ


သမ္မတရွေးကောက်ပွဲတွက် မဲဆွဲပွဲတွင် သူပြောခဲ့သောစကားတစ်ခွန်းမှာ-  “သူ့ပါတီမှ မဲ ၅၀၀ ရခဲ့ရင် ဘုရားသခင်တောင်သူ့ကိုဖြုတ်လို့မရပါ”။    သူပြောသည့်အတိုင်း မဲရခဲ့ပြီး သမ္မတ အဖြင့်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါသည်။ သို့သော်သမ္မတရာထူးစတင်မထမ်းဆောင်ခင် ၁ရက်အလို တွင် ဖျားပြီးသေဆုံးခဲ့ပါသည်။

ငါသတိပေးခြင်းကို အလျှင်နားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။


ထိုကြောင့်သူတို့သည် ကိုယ်ကျင့် ခြင်း၏ အကျိုးအပြစ်ကို စား၍၊ ကိုယ်ကြံသောအကြံတို့နှင့် ဝကြလိမ့်မည်၊၊  သုတ္တံ ၁း၃၀-၃၁










ခါဇူဇာ Cazuza ဘရာဇီးလူမျိုး တေးရေး အဆိုတော် ကဗျာဆရာ



ဂီတပြပွဲတစ်ခုတွင် စင်မြင့်ပေါ်မှာ စီးကရက်သောက်ရင်း စီးကရက်မီးခိုးကိုလေထဲမှုတ်ထုတ်လျှက်  “ဒါကတော့ဘုရားသခင်အတွက်ပါ”

သူသည် အသက် ၃၂ အရွယ်တွင် ခုခံအားဆင်းခြင်းရောဂါ AIDS ဖြင့်အလွန်ဆိုးဝါးသောအခြေအနေဖြင့် သေဆုံးခဲ့ရပါသည်။


ထောင်လွှားစော်ကားသော သူတို့ကိုဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။ ယာကုပ် ၄း၆







တိုင်တန်းနစ်သင်္ဘော


တိုင်တန်းနစ်သင်္ဘောတည်ဆောက်ခဲ့သောသူက စိတ်ကြိုက် တည်ဆောက်ခဲ့သော သင်္ဘောအကြောင်းနှင့် ပတ်သက်ပြီး ခက်ထန်မာကြောသောလေသံဖြင့် ပြောခဲ့သည့်မှာ-                                   “ဒီသဘောင်္ကိုဘုရားသခင်တောင်ဆွဲနစ်လို့မနစ်ဘူး”                                                                                 သဘောင်္၏ပထမဆုံးခရီးစဉ်တွင် သမုဒ္ဒရာရှိရေခဲတုံးကိုတိုက်ပြီးအချိန်တိုတွင်းနစ်မြုပ်ခဲ့သဖြင့် ကမ္ဘာကျော်လူ ပုဂ္ဂိုလ်များအပါအ၀င် လူပေါင်း ၁၅၉၅ သေဆုံးခဲ့ပါသည်။


အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ တရားဟောရာကျမ်း ၁၄း၂၄







မာရီလင်မွန်ရိုး (Marylyn Monroe)


နံမည်ကြီးကမ္ဘာကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပါသည်။    တရားဟောဆရာ  Billy Graham  သည် သန့်ရှင်းသောဝိညာဉ်တော်ဖေါ်ပြချက်ဖြင့် ပွဲစဉ်တစ်ခုအပြီးတွင် မင်းသမီးမွန်ရိုးအား ကယ်တင်ခြင်းနှင့် သခင်ယေရှုအကြောင်းကို သွားပြောခဲ့ပါသည်။ မင်းသမီးက ပြန်လည်ပြောခဲ့သည်မှာ-                 “ကျမအတွက် ရှင်ပြောတဲ့သခင်ယေရှုကိုမလိုအပ်ပါဘူး”

နောက်တစ်ပတ်တွင် မင်းသမီးမွန်ရိုးသည် သူ့အခန်းတွင်သေလျှက်ရှိကြောင်းတွေခဲ့ရပါသည်။

ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။ သက်သာလောနိတ်သြဝါဒစာပဌမစောင်: ၅း ၂၀


နှုတ်ကပတ်ဟော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။ သုတ္တံ ၁၃း၁၃

















ဘွန်စကော့ Bon Scott


အေစီဒီစီ ၏တေးသံရှင်ဟောင်း (AC/DC Ex-vocolist) ဖြစ်ပြီး ၁၉၇၉ တွင်သူသီဆိုခဲ့သည့်သီချင်းတစ်ပုဒ်၏ စာသားမှာ-

“ငါ့ကိုမတားနှင့်၊ ငါအဝေးပြေးလမ်းမှတဆင့် ငရဲပြည်ကိုတခါတည်းဆင်းမယ်”

ဖေဖေါ်ဝါရီလ ၁၉ရက် ၁၉၈၀ တွင်သူသည် အံဖတ်ဆို့လျှက်ကားထဲတွင်သေဆုံးခဲ့ပါသည်။ “Highway to Hell” အယ်လ်ဘန်သည် သူ၏နောက်ဆုံးသီချင်းစီးရီးဖြစ်ခဲ့ပါသည်။


မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ သုတ္တံ ၈း၁၃ံ









ခရစ်တင်းဟူးဝစ် Christine Hewitt


ဂျမေကာနိုင်ငံမှ သတင်းထောက်နှင့်ဖျော်ဖြေတင်ဆက်သူဖြစ်သည်။ သူမ၏စကားတစ်ခွန်းမှာ-

“ သမ္မာကျမ်းစာသည် ရှိသမျှစာအုပ်ထဲတွင် အဆိုးဝါးဆုံးဖြစ်သည်”

ဇွန်လ ၂၀၀၆ တွင် သူသည်မမှတ်မိနိုင်လောက်အောင် သူမ၏ကားထဲတွင်မီးလောင်သေဆုံးခဲ့ပါသည်။


မထီမဲ့မြင်ပြုသောသူတို့ အဘို့ အပြစ်စီရင်ခြင်း၊ မိုက်သောသူတို့၏ ကျောအဘို့ဒဏ်ပေးခြင်း သည်အသင့်ရှိ၏၊၊ သုတ္တံ ၁၉း၂၉






ဘရာဇီးနိုင်ငံ ကန်ဖီနပ်စ်မြို့ ၂၀၀၅ ခုနှစ်

အရက်မူးနေသောလူငယ်တစ်စု သူငယ်ချင်းတစ်ဦးကို ကားဖြင့်သွားခေါ်ရန်ပြင်ဆင်နေစဉ် အမေဖြစ်သူက ကားဆီလိုက်ပို့ရင်း စိုးရိမ်စွာဖြင့် ကားထဲမှာထိုင်နေသော သမီးဖြစ်သူ၏လက်ကိုကိုင်လျှက်-   “သမီးဘုရားနှင့်သွားပါ။ သမီးကိုဘုရားသခင်စောင့်ရှောက်ပါစေ”               သမီးဖြစ်သူပြန်ပြောလိုက်သည်မှာ- “ဘုရားသခင်လိုက်ခြင်ရင်တော့ကားနောက်ဖုံးထဲမှာလိုက်နိုင်ပါတယ်။ ဒီမှာတော့ပြည့်နေပြီ” ဟုပြန်ပြောလိုက်ပါသည်။  နာရီအနည်းငယ်အကြာတွင်  သတင်းဆိုးပြန်ရောက်လာ သည်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ကားထဲတွင်လိုက်ပါလာသူအားလုံးပွဲချင်းပြီးသေဆုံးသွားပါသည်။ မော်တော် ကားသည် အမျိုးအစားမမှတ်မိနိုင်လောက်အောင် ပျက်ဆီးသွားသော်လည်း နောက်ဖုံးမှာလုံးဝပျက်ဆီးခြင်း မရှိဘဲ အကောင်းပကတိဖြစ်နေပါသည်။ အမှုစစ်ရဲကပြောသည်မှာနောက်ဖုံးမပျက်ဆီးခြင်းသည်လုံးဝမဖြစ် နိုင်သောအရာတစ်ခုဖြစ်ပြီး ပိုပြီးထူးဆန်းသည်မှာ နောက်ဖုံးထဲတွင် ကြက်ဥတစ်ဘန်းရှိပြီး တစ်လုံးမှမကွဲဘဲ အားလုံးပကတိအကောင်းဖြစ်နေခြင်းပေ။

ဆုံးမခြင်း စကားကို ပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏၊၊ သုတ္တံ ၁၅း ၃၂

ငါသတိပေးခြင်းကို အလျှင်နားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။


ထိုကြောင့်သူတို့သည် ကိုယ်ကျင့် ခြင်း၏ အကျိုးအပြစ်ကို စား၍၊ ကိုယ်ကြံသောအကြံတို့နှင့် ဝကြလိမ့်မည်၊၊ သုတ္တံ ၁း၃၀-၃၁