မူလစာမျက်နှာ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label သတင်းအချက်အလတ်. Show all posts
Showing posts with label သတင်းအချက်အလတ်. Show all posts

Friday, 21 October 2011

သတင်းအချက်အလတ်(မောင်ပါလ ဘလော့ဂ်မှ)

တော်တော်ခက်ပါလား ကိုယ်ရွှေမြန်မာတွေရယ်

>> Friday, October 21, 2011

ပြီးခဲ့တဲ့ ၁၇-ရက်နေ့က မြန်မာနိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီး မလေးရှားကို ရောက်လာတယ်။ မလေးရှားအစိုးနဲ့တွေ့ပြီး မြန်မာနဲ့မလေးရှား အကျဉ်းသားချင်းလဲလှယ်မယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ဒီကိစ္စကို မလေးရှား NGOs တွေနဲ့ တချို့မြန်မာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။ သတင်းဌာနတွေမှာ ဖြေထားကြတဲ့ တချို့မြန်မာတွေကျပြန်တော့လည်း မလေးအစိုးရရဲ့ အစီအစဉ်ကောင်းပါတယ်ဆိုပြီး ဖြေထားကြတယ်။ ကဲ…… ကိုယ်ရွှေမြန်မာတွေ မခက်ပါလားဗျာ။

ကိစ္စက မြန်မာဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကိစ္စပါ။ ဒါကို NGOs တွေက လူအခွင့်အရေးချိုးဖောက်မှု အကြောင်းအရာတွေကို ထောက်ပြပြီး ကန့်ကွက်နေကြတယ်။ ဒီလို ကန့်ကွက်နေကြတဲ့အချိန်မှာပဲ ကိုယ့်မြန်မာလူမျိုးတွေ၊ အဖွဲ့အစည်းတွေထဲကပဲ အကျဉ်းသားချင်း လဲတာ ကောင်းပါတယ် ထအော်ကြပြန်တော့ NGOs တွေခမျာ ဆက်ပြီးပဲကန့်ကွက်ရမလို၊ ရပ်ပြီးတော့ပဲ ကြည့်နေရတော့မလို ဖြစ်ကုန်ကြတော့မှာပေါ့။

မလေးရှားအစိုးရဟာ ကမ့်တွေထဲမှာ ဖမ်းထားတဲ့သူတွေကို သဘောကောင်းစွာ ပြန်ပို့ချင်မှဖြင့် ခုချိန်ထိတောင် စောင့်နေစရာ မလိုဘူးထင်ပါတယ်။ အကျဉ်းသားချင်းလဲမယ်လို့ ကြေငြာပြီး NGOs တွေရဲ့ အငြိုအငြင်ကို ခံစရာလည်း မလိုဘူးထင်ပါတယ်။ “ကမ့်ထဲမှာဖမ်းခံနေရသူတွေ မိမိနိုင်ငံပြန်လိုပါက မလေးရှားအစိုးရစားရိတ်နှင့် ပြန်ပို့ပေးမည်” လို့ပဲ ကြေငြာကြည့်လိုက်ပါ။ ကမ့်ထဲကဖမ်းခံနေရသူတွေ ပြန်လိုက်ကြမယ့်ဖြစ်ခြင်း၊ ၀က်ဝက်တောင်ကွဲသွားအုံးမယ်။ ကမ့်တွေထဲမှာလည်း လူမရှိတော့လို့ သူရဲခြောက်မှာတောင် ကြောက်ရအုံးမယ်။ NGOs တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း မလေးရှားအစိုးရကို ချီးမွမ်းထောပနာ ပြုလုပ်ကြမယ့်ဖြစ်ခြင်း၊ ဆုတွေပေးလွန်းလို့ ထားစရာနေရာမရှိလောက်အောင်တောင် ဖြစ်သွားအုံးမယ်။

မလေးရှားအစိုးရက အဲလိုလုပ်ပေးလို့ရပေမယ့် မလုပ်ပေးဘဲ မြန်မာအစိုးရနဲ့ ညှိပြီးတော့မှ အကျဉ်းသားချင်းလဲမယ်ဆိုပြီး ဖြစ်လာတာဟာ အဖမ်းခံနေရတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ရိုးသားစွာ ပြန်ပို့ပေးချင်တာနဲ့ ကမ့်တွေထဲမှာ လူလျော့ချချင်ရုံ သက်သက်လောက် သွေးရိုးသားရိုး ဖြစ်နိုင်ပါ့မလား။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ကိုယ့်ကျိုးစီးပွားတခုတည်း ကြည့်ကြတဲ့ နိုင်ငံတွေပါ။ အကုန်လုံးဟာ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ရပ်တည်နေကြတဲ့ နိုင်ငံတွေချည်းပါ။ ကိုယ့်အတွက်မကျန်ရင် ဘာမှလုပ်မယ့် နိုင်ငံတွေ မဟုတ်ပါဘူး။

ခုလို အကျဉ်းသားချင်းလဲကြမယ် ဆိုတဲ့ကိစ္စမျိုးဖြစ်လာဖို့ မြန်မာဝန်ကြီးက မလေးရှားအစိုးရကို ဘာတွေ လက်သိပ်ထိုးပေးလိုက်ရသလဲ။ ဘာစီးပွားရေးတွေ မြန်မာပြည်မှာလုပ်ခွင့်ပေးပါ့မယ်လို့ လူမသိ သူမသိ ကတိပေးလိုက်ရပြီလဲ။ မလေးရှားအစိုးရကရော မြန်မာအစိုးရကို ဘာပြန်လုပ်ပေးပါ့မယ်လို့ ကတိပေးလိုက်ပါသလဲ။ (ဥပမာ…. အာဆီယံဥက္ကဌဖြစ်ရေး ၀ိုင်းပြီးထောက်ခံပေးပါမယ် ဆိုတာမျိုးပေါ့)

ဒါကြောင့် အကျဉ်းသားချင်း လဲမယ်ဆိုတဲ့ အစီအစဉ်ကို ကောင်းပါတယ်လို့ ပြောနေကြသူများ အောက်က မေးခွန်းလေးတွေကို အရင်ဖြေကြည့်ကြပါ။

၁) လက်ရှိ မြန်မာအစိုးရဟာ ယုံကြည့်လို့ ရပါပြီလား(ယုံကြည်လို့ရပါတယ်ဆိုရင်တော့ ကမ့်ထဲကလူတွေကို မပြန်ခိုင်းဘဲ ယုံကြည်ပါတယ်၊ အကျဉ်းသားချင်းလဲတာ လက်ခံပါတယ် ဆိုတဲ့သူများကိုယ်တိုင် မလေးရှားမှာ တွယ်ကပ်မနေတော့ဘဲ မိမိကိုယ်တိုင် အရင်ပြန်ကြဖို့ တိုက်တွန်းပါတယ်)

၂) မလေးရှားအစိုးရဟာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် စေတနာကောင်းစွာနဲ့ ပြုမူဆက်ဆံတာ ရှိဖူးပါသလား။ (ရှိပါတယ်ဆိုရင် လူကြီးမင်းတို့ ဖွဲ့ထားတဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေ အလုပ်သမားတွေကို ကူညီပေးနေကြသူတွေ မလိုလောက်တော့ဘူးလို့ ယူဆရပြီး ဖျက်သိမ်းလိုက်ဖို့ပဲ ရှိပါတော့တယ်)

၃) ကမ့်တွေထဲမှာ တကယ်လွတ်မြောက်ဖို့ လိုအပ်နေသူတွေကို UNHCR က ထိထိရောက်ရောက် အကူအညီပေးနိုင်ပါပြီလား။ (ကမ့်တွေထဲမှာ တန်းစီးကို ပိုက်ဆံပေးမှ UNHCR လာရင် တွေ့ပြီး အင်တာဗျူးနိုင်တဲ့အဖြစ်တွေ၊ အဲလိုမှမတွေ့နိုင်လို့ ကမ့်ထဲမှာ နှစ်ချို့ပြီးနေနေရတဲ့သူတွေ၊ UNHCR က ကမ့်တွေမှာ လူသွားထုတ်လည်း အပြင်မှာ UNHCR နဲ့ ပလဲနံပသင့်တဲ့ လူမျိုးတွေကိုပဲ ရွေးပြီးခေါ်ထုတ်လာတာတွေ အများကြီးပါ။ ဒီလိုအဖြစ်တွေကို လူကြီးမင်းတို့အနေနဲ့ ကိုယ့်စီးပွားကိုယ်လုပ်နေပြီး ကျနော်ဘယ်မှာရောက်ပြီး ခုဘယ်သူနဲ့တွေ့နေပါတယ်ဆိုပြီး သတင်းတင်တာတို့၊ ဘယ်သူ့ဆီကပိုက်ဆံ ဘယ်လိုလိမ်ရမလဲ စဉ်းစားနေတာတို့ မလုပ်ကြဘဲ အပြင်မှာ တကယ်လက်တွေ့ ကိုယ့်လူမျိုးတွေကို ကူညီနေတယ်ဆိုရင် သိနိုင်မှာပါ။)

မောင်ပါလ
၂၁.၁၀.၂၀၁၁