မူလစာမျက်နှာ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday 26 November 2012

aa

Monday 27 February 2012

Mobile Phone နှင့်ကျန်းမာရေး အန္တရာယ်

Mobile Phone နှင့်ကျန်းမာရေး အန္တရာယ်


Mobile Phone နှင့်ကျန်းမာရေး အန္တရာယ် (မျှဝေပေးကြပါ )
Image

မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ ဓါတ်ရောင်ခြည် Radiation တွေက လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေမှုရှိတယ်ဆိုတာဟာ လတ်တလော စိတ်ဝင်စားမှုအကောင်း ဆုံးနဲ့ လေ့လာစမ်း သပ်မှုတွေပြု လုပ်နေကြတဲ့အရာတစ်ခုဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်းဖုန်း အသုံးပြုမှုဟာ တကမ္ဘာလုံး ( ၂၀၀၉ ခုနှစ် ဂျွန်လအထိဆိုရင် 4.3 billion တောင်ရှိပါတယ် ) များပြားလာတဲ့အတွက်ဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းတွေဟာ သေးငယ်တဲ့ လှိုင်းနှုန်း Microwave မှာ Electromagnetic radiation တွေကို အသုံးပြုပါတယ် ။ တခြား ၀ါယာ လက် စနစ်တွေဖြစ်တဲ့ Data Communication networks တွေမှာလည်း ဒီလိုအလားတူ radiation တွေကို အသုံးပြုကြပါတယ် ။

WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိုဘိုင်းဖုန်း ကထွက်တဲ့ ဓါတ်ရောင်ခြည်ကို IARC scale ပေါ် မူတည်ပြီးတော့ Group 2B ( ကင်ဆာဖြစ်နိုင်ခြေရှိသော ) အဆင့်လို့ သတ်မှတ်ထားပါတယ် ။ ဘာကိုဆိုလိုသ လဲဆိုတော့ ကင်ဆာဖြစ်နိုင်ချေရှိခြင်း Carcinogenicity ဟာ မိုဘိုင်းဖုန်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း နဲ့များများ အသုံးပြုခြင်းတို့ဟာ ကင်ဆာ နဲ့ဆက်နွယ်မှုရှိနေတယ်ဆိုတာပါပဲ ။ ဒါကြောင့်အချို့သော နိုင်ငံတွေမှာ ဓါတ်ရောင်ခြည် အကြံပေးအဖွဲ့တွေက မြို့နေလူထုထဲမှာ ဒီအန္တရာယ်ကိုလျော့ချဖို့အတွက် precautionary approach လို့ခေါ်တဲ့ မဖြစ်ခင်ကြိုတင်ကာကွယ်သတိထားနည်းလမ်းကို စတင်ကျင့်သုံးနေကြပြီဖြစ်ပါတယ် ။

Image

များစွာသော လေ့လာစမ်းသပ်မှုတွေကနေပြီး မိုဘိုင်းဖုန်းတွေရဲ့ ဓါတ်ရောင်ခြည်တွေကနေ ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ရှိသလဲဆိုတာ လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ ဒီလိုလေ့လာစမ်း သပ်မှုတွေ ကို လည်း များစွာသော သိပ္ပံဆိုင်ရာ ကော်မတီတွေကနေပြီး ဖြစ်နိုင်ခြေရှိမှုအကုန်လုံး ကို ပြန် လည်လေ့ လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ လတ်တလော accessment တစ်ခုကတော့ ၂၀၀၇ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ European Commission Scientific Committee on Emerging and Newly Identified Health Risks ( SCENIHR ) ပဲဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းကနေထုတ်လွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေရဲ့ တချို့ကို လူတွေရဲ့ဦးခေါင်းကနေ စုပ်ယူပါတယ် ။ ရေဒီယိုဝေ့ဖ်တွေဟာ GSM ဟမ်းဆက်မှာဆိုရင် peak power - 2 watt ရှိပြီး US analogue phone တွေမှာတော့အမြင့်ဆုံး ထုတ်လွှတ်တဲ့ စွမ်းအင်ဟာ 3.6 watt တောင် ရှိပါတယ် ။ တခြား မိုဘိုင်းနည်းပညာတွေဖြစ်တဲ့ CDMA2000 နဲ့ D-AMPS တွေကတော့ ဒီထက်ပိုနည်းတဲ့ စွမ်းအင်ကို အသုံးပြုကြပြီး 1 watt အောက်မှာပဲရှိပါတယ် ။ အမြင့်ဆုံးဘယ်လောက်ထိ စွမ်းအင်ထုတ်သလဲဆိုတာကတော့ တိုင်းပြည်တစ်ပြည်မှာသုံးစွဲနေတဲ့ mobile phone standard အပေါ်မူတည်နေပါတယ် ။ USA မှာဆိုရင်တော့ FCC လို့ခေါ်တဲ့ Federal Communications Commission ကနေပြီး SAR သတ်မှတ်မှုကို 1.6 W/kg လို့ သတ် မှတ်ထားပြီး ဦးခေါင်းထဲက တစ်ရှူးတွေထဲမှာ ပျမ်းမျှ တစ်ရှူး ၁ ဂရမ်ကို လွှမ်းမိုး သက်ရောက်မှုရှိစေပါတယ် ။

SAR ဆိုတာကတော့ Specific Absorption Rate ဖြစ်ပြီး လူခန္ဓာကိုယ်ကနေ ဓါတ်ရောင်ခြည်ကို ဘယ်လောက် ထိ စုပ်ယူသလဲဆိုတာကို တိုင်းတာတဲ့စနစ်တစ်ခုဖြစ်ပါတယ် ။ ဥရောပရဲ့ FCC ကနေ သတ်မှတ်မှုကတော့ 2 W/kg ဖြစ်ပြီး တစ်ရှူးတွေရဲ့ ၁၀ ဂရမ်ကို လွှမ်းမိုးမှုရှိပါတယ် ။

အပူချိန်ပြောင်းလဲမှု ( Thermal Effects)
Image
မိုကခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေရဲ့ ကောင်းကောင်းနားလည်နိုင်တဲ့အချက်ကတော့ dielectric heating ဖြစ်ပြီး Dielectirc material တွေဖြစ်တဲ့ သက်ရှိတစ်ရှူးတွေဟာ Electromagnetic field ထဲမှာဆိုရင် Polar molecules တွေ လည့်ပတ်နေခြင်းကြောင့် အပူပေးခြင်းခံနေရပါတယ် ။ ဆဲလ်ဖုန်းတစ်လုံးကိုသုံးနေတဲ့ လူတစ်ယောက် မှာဆိုရင် ဒီလို heating effect ကို ဦးခေါင်းရဲ့မျက်နှာပြင်မှာ တွေ့နိုင်ပြီး အပူချိန် တက်လာခြင်းကို ဖြစ်စေပါတယ် ။ ဦးနောက်ထဲမှာရှိတဲ့ သွေးလည်ပတ်မှုစနစ်ဟာ local blood flow များလာ တာကြောင့် မလိုလားအပ်ပဲ အပူချိန်မြင့်မားလာခြင်းနဲ့ ရင်ဆိုင်နေရပါတယ် ။

Blood Brain Barrier Effects

Lund Univerisity မှ ဆွီဒင်လေ့လာသူများဖြစ်တဲ့ Salford, Brun, Persson , Edberhardt နဲ့ Malmgren ဆိုသူတို့က ကြွက်တွေရဲ့ ဦးနှောက်ထဲမှာ ဒီ မိုက်ခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေကိုလေ့လာမှုပြုလုပ်ခဲ့ကြပါတယ် ။ အဲဒီအခါ Blood - brain barrier ( ဦးနှောက်နှင့် သွေး ကြားသယ်ယူပို့ဆောင်ပေးသူ ) တွေကနေတဆင့် စိမ့်ဝင်ပျံ့နှံ့ပြီး albumin လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ထွက်ရှိနေခြင်း (Leakage) ကို ရှာတွေ့ခဲ့ကြပါတယ် ။ ဒါကို ထပ်မံသက်သေပြဖို့အတွက် Allan Frey, Oscar and Hawkins ,Albert နဲ့ Kerns ဆိုသူတို့က Blood Brain Barrier ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။

မိုဘိုင်းဖုန်းနှင့် ကင်ဆာရောဂါ

၂၀၀၆ ခုနှစ်တုန်းက မိုဘိုင်းဖုန်းနဲ့ ကင်ဆာရောဂါရဲ့ ဆက်နွယ်မှုကို သက်သေပြဖို့အတွက် Danish Study ဆိုပြီးစမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။ တခြား လေ့လာမှုတွေကတော့ 13 nation INTERPHONE Project လို့အမည်တွင်ပြီး မိုဘိုင်းဖုန်းနဲ့ ဦးနှောက်ကျူမာတွေရဲ့ ဆက်သွယ်မှုကိုလေ့လာခဲ့ကြပါတယ် ။ မိုဘိုင်းဖုန်း ဆက်သွယ်မှု ကြာမြင့်လာချိန်နဲ့ မိုဘိုင်းဖုန်း အမျိုးအစားတွေပြောင်းလဲလာမှုကြောင့် လူငယ်လူရွယ်တွေမှာ မိုဘိုင်းဖုန်းအသုံးပြုမှုနဲ့ ဦးနှောက်ကင်ဆာရဲ့ဆိုးကျိုးတွေကို ထပ်မံလေ့လာကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

Genetoxic effects

2008 ခုနှစ် Meta-analysis က ဘာကိုဖော်ပြထားသလဲဆိုရင် အချို့သောအခြေအနေတွေမှာဆိုရင် RF Radiation တွေဟာ genotoxic ( မျိုးဗီဇ အဆိပ်အတောက်ဖြစ်စေခြင်း ) ကိုတွေ့ရပါတယ်တဲ့ ။ ၂၀၀၉ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ Meta-study မှာဆိုရင်လည်း ၁၀၁ ယောက်စမ်းသပ်ခဲ့ရာမှာ ၄၂ ယောက်က ပုံမှန်ဖြစ်ပြီး ၄၉ ယောက် မှာ Genotoxic effect ရှိတာကိုတွေ့ခဲ့ရပါတယ် ။ ဒါကြောင့် RF- EMF ( Electormagnetic fields) တွေဟာ မျိုဗီဇ genetic material တွေကို နည်းလမ်းတစ်ခုထက်ပိုပြီး ပြောင်းလဲစေနိုင်တယ်ဆိုတာကို သက်သေတွေရှိနေပါပြီလို့ လေ့လာစမ်းသပ်သူတွေက ပြောခဲ့ကြပါတယ် ။ ၁၉၉၅ ခုနှစ်မှာလည်း Jounal Bioelectomagnetics မှာ Henry Lai နဲ့ Narenda P.Singh တို့ဖော်ပြခဲ့တာကတော့ U.S government standard အတိုင်း အန္တရာယ်ကင်းအဆင့်လို့သတ်မှတ်ထားတဲ့ microwave radiation ကို ၂ နာရီကြာ ထိတွေ့ပြီးတဲ့အခါ DNA ပျက်ဆီးသွားတာကို တွေ့ခဲ့ရခြင်းဖြစ်ပါတယ်တဲ့ ။ ဒီလိုအလားတူ DNA ကို ထိခိုက် မှုရှိကြောင်းကိုလည်း ဥရောပဖက်မှာလည်း သက်သေပြမှုတွေ စမ်းသပ်မှုတွေများစွာပြုလုပ်ခဲ့ကြပါတယ် ။ ၂၀၀၉ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သြစတေးလျ လေ့လာစမ်းသပ်မှုမှာတော့ လူရဲ့ သုတ်ကောင် Spermatozoa ကို radio-frequency 1.8 GHz နဲ့ Specific absorption rate SAR 0.4 to 27.5 W/kg အတွင်း စမ်းသပ်စေခဲ့ပါတယ် ။

အဖြေကတော့ သုတ်ကောင်တွေရဲ့ လှုပ်ရှားမှု နှုန်း Motality နဲ့ ရှင်သန်မှုနှုန်း Vitality ကို လျော့ ကျစေတာတွေ့ခဲ့ရပြီး Oxidative stress ကိုများစေတာလည်းတွေ့ခဲ့ရတယ် ။ ဒါကြောင့်အမျိုးသားတွေ အနေနဲ့ ဖုန်းကို မျိုးအဂါင်္နဲ့ နီးတဲ့ ခါးစပ်တွေနဲ့ ဘောင်းဘီ အိပ်ကပ်တွေထဲမထည့်ထားဖို့ အင်တာနက်စာမျက်နှာတွေမှာ ထွက်ပေါ် လာရခြင်းဖြစ်ပါတယ် ။ ပြီးတော့ 8-Oxo-2'-deoxyguanosiene markers တွေများလာပြီး ဒီအန်အေ ပိုင်းပြတ် မှုနှုန်း DNA fragmentation များလာတာကိုတွေ့ခဲ့ရပါသတဲ့ ။ မိုဘိုင်းဖုန်းနဲ့ ဆက်နွယ်နေ တဲ့အန္တရယ်တွေ ကို မီးမောင်းထိုးပြယုံပါပဲ ။

အကြံပေးချက်များ

၂၀၁၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ပြုလုပ်ထားတဲ့ WHO International Agancy for Research on Cancer မှာ ကြေငြာထားတာကတော့ မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ EMF ( Electromagnetic fields ) တွေနဲ့ တခြားအရာတွေက လူတွေကို ကင်ဆာဖြစ်နိုင်ခြေ "possibly carcinogenic to humans" ရှိတယ် လို့ ဖော်ပြထားပါတယ် ။ ပြီးတော့ အကြံပေးချက်တချို့ကိုလည်းရေးသားထားပါသေးတယ်

- ဦးခေါင်းပိုင်းကို ဓါတ်ရောင်ခြည်တိုက်ရိုက်မသက်ရောက်အောင်လို့ Hands-free သုံးစွဲပါ ။
- ခန္ဓာကိုယ်ကနေ တတ်နိုင်သမျှ ဖုန်းကို ဝေးဝေးမှာထားပါ ။
- ပြင်ပ အင်တာနာ မပါပဲနဲ့ကားထဲမှာ တယ်လီဖုန်းအသုံးမပြုပါနဲ့ ။

ကဲ ဒီလောက်ဆိုရင်တော့ မိုဘုန်းဖုန်းကနေထွက်တဲ့ EMF နဲ့ Micro wave တွေရဲ့ အန္တရာယ်ကို ရှင်းရှင်းလင်း လင်းသိကြပြီလို့ထင်ပါတယ် ။ အားလုံးပဲ နီးစပ်ရာကို မျှဝေပေးကြပါ ။ တတ်နိုင်သမျှ ကာကွယ်တဲ့ နည်း လမ်းတွေနဲ့ အန္တရာယ်တွေကို ရှောင်ရှားကြပါစို့ ။

သက်တန့်ချို
6/1/2012

Ref : http://en.wikipedia.org/wiki/Mobile_phone_radiation_and_health
^ "Market Data Summary (Q2 2009)". GSM Association. Retrieved 2010-01-30.
^ a b IARC classifies radiofrequency electromagnetic fields as possibly carcinogenic to humans. (PDF). World Health Organization press release N° 208 (International Agency for Research on Cancer). 2011-05-31. Retrieved 2011-06-02.
^ a b "Information: Wie gefährlich sind Handystrahlen wirklich?" (in German). Marktgemeinde Pressbaum. Retrieved 2008-01-23.
^ "Conclusions on mobile phones and radio frequency fields". European Commission Scientific Committee on Emerging and Newly Identified Health Risks (SCENIHR). Retrieved 2008-12-08.


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Ref: http://www.acmv.org

Friday 17 February 2012

ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့် (မိခင်မေတ္တာ)

ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်
ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်
အမျိုးသမီးတစ်ဦးဟာ အံ့သြဖွယ်ရာ မိမိကိုယ်ကို ဗိုက်ခွဲ ( Caesarean section ) ပြုလုပ်ပြီး ကလေးမွေး ဖွားခဲ့ပါ တယ် ။ ဒီလို အာဂ သူရဲကောင်းမိခင်ရဲ့ နာမည်ကတော့ Ines Ramirez ဖြစ်ပြီးသူမဟာ သူမကိုယ်တိုင် ဗိုက် ခွဲပြီးမွေး ဖွားအောင်မြင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော မိခင်လည်းဖြစ်ပါတယ် ။
နေဟာ နာရီအနည်းငယ်ကြာကတည်းက အနောက်အရပ်ကိုဝင်သွားခဲ့ပါပြီ ။ အနီးဆုံးဆေးရုံဟာ ကြမ်းတမ်း တဲ့လမ်းတွေကို ဖြတ်သန်းပြီးသွားတာတောင်မှ ကီလိုမီတာ ၈၀ ကျော်ဝေးပါတယ် ။ သူမဟာ ဒီလိုလုပ်ရပ် ကိုလုပ်ဖို့အတွက် သူမသာလျှင် ခွဲစိတ်သူ သူမသာလျှင် assistant ဖြစ်ခဲ့တယ် ။ သူမရဲ့ခင်ပွန်းဟာ အဲဒီအချိန် တုန်းက အရက်ဆိုင်တစ်ခုမှာ အရက်သောက်နေခဲ့တယ် ။ သူမ မှာ ဖုန်းလည်းမရှိခဲ့ဘူး ။ အရက်ဆိုင်းကိုလည်း လိုက်မ သွားနိုင်ခဲ့ဘူး ။
ည အလယ်ခေါင်ကို ရောက်လာပါပြီ ။ ည ၁၂ နာရီကျော်တဲ့အထိ ဗိုက်က ဆက်တိုက်နာလာပြီးတဲ့နောက်မှာ ဒီ အသက် ၄၀ ကျော် အမျိုးသမီးဟာ သစ်သားနဲ့လုပ်ထားတဲ့ ခုံတန်းလျားပုပုလေးပေါ်လှဲချလိုက်တယ် ။ အ ရက်တွေ ထည့်ထားတဲ့ ပုလင်းထဲကနေ အရက်တချို့ကို မျက်စိမှိတ်ပြီး အကြိမ်ကြိမ် မျိုးချခဲ့တယ် ။ အဲဒီနောက် အာဂ အမျိုးသမီးဟာ ၁၅ စင်တီမီတာလောက်ရှည်တဲ့ ဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဗိုက်ကို စတင်ခွဲ ချလိုက် ပါတယ် ။

မှိန်ပျပျအလင်းရောင်ထွက်နေတဲ့ မီးသီးလေးတစ်လုံးရဲ့ အကူအညီနဲ့ Ramirez ဟာ အရေပြားကို လှီးဖြတ် ခဲ့တယ် ။ ပြီးတော့ ၀မ်းကြာတိုက်ထဲက သားသားလေးကို မဆွဲထုတ်ခင်မှာ အဆီလွှာ နဲ့ကြွက်သားအလွှာ သားအိမ် နံရံ စတာတွေကို လှီးဖြတ်ခဲ့တယ် ။ သူမဟာ ကလေးရဲ့ ချက်ကြိုးကို ကတ်ကြေးနဲ့ဖြတ်ခဲ့ပြီး သူမ ရင်သွေးလေးကို ထုတ်ယူနိုင်ခဲ့တယ် ။ သူမ အရာအားလုံးကို မေ့မျော့သွားခဲ့ပါပြီ ။

သူမ သတိပြန်ရလာခဲ့တအခါ သူမဟာ သွေးတွေအလွန်အမင်းထွက်နေတဲ့ ၀မ်းဗိုက်ထဲမှာ ဆွယ်တာ အင်္ကျီ တစ်ထည်ကို ထိုးသိပ်ထည့်ထားလိုက်ပြီးအဲဒီဖြစ်ရပ်ကိုအသက် ၆ နှစ်လောက်သာရှိသေးတဲ့ Benito က မြင်သွားခဲ့ပြီး ဘေးအိမ်တွေကို အကူအညီတောင်းခံခဲ့ရပါတယ် ။ နာရီပေါင်းများစွာကြာပြီးတဲ့နောက် ကျေးရွာရဲ့ ကျန်းမာရေးလက်ထောက် Leon Cruz နဲ့ အကူတစ်ယောက်တို့ဟာ အသက်ရှင်နေသေးတဲ့ Ramirez နဲ့ ဘေးမှာ လဲလျောင်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ Cruz ဟာ ၁၇ စင်တီမီ တာရှည်တဲ့ခွဲထားတဲ့လမ်းကြောင်းကို သာမန် အပ် ၊ အပ်ချည်နဲ့ ပြန်ချုပ်ပေးခဲ့ရတယ် ။ ပြီးတော့ အဲဒီ လူနှစ်ယောက် ဟာ သူမကိုရော ကလေးကိုရော မပြီး ကောက်ရိုးဖျာထဲ ထည့်လို့ မြင်းနှစ်ကောင်ကိုဆွဲစေပြီး မြို့ကို အနီးဆုံးလမ်းကနေ မောင်းနှင်ခဲ့ရတယ် ။ ပြီးတော့ ၂ နာရီကြာပြီးတဲ့အခါ သူတို့ဆေးခန်း တစ်ခု ကိုရောက် သွားကြပါပြီ ။

ဒါဟာ ၂၀၀၀ ခုနှစ် March လတုန်းက ဖြစ်ပျက်ခဲ့တာပါ ။ အခုတော့ Ines Ramirez ကို အပြည်ပြည်ဆိုင်ရာက အံ့သြဖွယ်ရာ သူရဲကောင်းမိခင်အဖြစ်သတ်မှတ်လိုက်ကြတယ် ။ သူမဟာ ဗိုက်ခွဲပြီးမိမိရင်သွေးကို မိမိဘာ သာ မွေးနိုင် ခဲ့တဲ့ အံ့သြဖွယ်ရာ မိခင်တစ်ဦးပါပဲ ။

ဒီစာလေးကို ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားနေတဲ့ ခေတ်ကာလ မိခင်လောင်းလေးတွေကိုပေးဖတ်ပြစေချင်တယ် ။ မိခင်မေတ္တာဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပေါ့ ။

fwd mail မှပြန်လည်ဖေါ်ပြပါသည်။

Thursday 9 February 2012

ဘုရားသခင်ကိုကြောက်ရွံလေးစားခြင်းမရှိသူများအကြောင်း - လောမဲ

E-mail Print PDF
မထီမဲ့မြင်ပြုခြင်း


အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဂလာတိ ၆း၇

ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။ ဟေဗြဲ ၁၂း၂၉

ခရစ်ယာန်အသင်းတော်တပါးတွင် လူငယ်အသင်းအုပ်ဆရာတပါးရှိသည်။ အမှုတော်ဆောင်ဘ၀ရောက် သော်လည်းလူငယ်ဘ၀တွင်ရှိတတ်သော ဇာတိပကတိ သဘောအပြည့်အ၀ ရှိဆဲပင်။သူ့အကြောင်းသိ သောအသင်းသူအသင်းသားများသည် သူ့ကိုမလေးစား။ တနေ့- တနင်္ဂနွေဝတ်ပြုစည်းဝေး တွင် ဆရာသည် ခရစ်တော်၏သွေးတော်အကြောင်းကိုဟောပြောပါသည်။ ပရိတ်သပ်ထဲထိုင်နေသူ အ ကြောင်းသိအမျိုးသမီး တစ်ဦးသည် ဘေးမှာထိုင်နေသာ သူငယ်ချင်းတစ်ဦးကို ကပ်ပြီးဆရာဟောပြော သောတရားစကားကို တိုး တိုးလေးကပ်ပြီးလှောင်နေပါသသည်။ ၀တ်ပြုခြင်းမပြီးမှီ ထိုအမျိုးသမီး၏ပါးပြင် အနာကွက်များချက် ခြင်းပေါ်လာပါတော့သည်။ သို့သော်သူ့ကိုသူမသိလိုက်။

ထို့နောက် အမျိုးသမီးသည် သူမ၏မျက်နှာပြင်မှအနာကို တတ်ကျွမ်းသောဆရာဝန်နှင့်ကုသခဲ့ပါသည်။ မ ပျောက်၊ ထို့ကြောင့်အရေပြားအထူးကုဆရာဝန်များနှင့်ဆေးကုသမှုကိုခံယူသော်လည်းပျောက်ကင်းခြင်း မရှိ။ အထူးကုဆရာဝန်ပြောင်းပြီးကုသပြန်၏။ ဒီတစ်ခါဆရာဝန်က ခရစ်ယာန်ယုံကြည်သူ။ ဆရာဝန်သည် သူ၏ ဆေးကုသခဲ့သောမှတ်တမ်းများကိုလေ့လာပြီးသူ့ကိုမေးလိုက်သည်။

ဆရာဝန်= သမီးဘာတွေလုပ်ခဲ့မလဲ

အမျိုးသမီး သည်ဆရာဝန်ရည်ရွယ်သောမေးခွန်းကိုနားမလည်ခဲ့

ဆရာဝန်= ဘုရားသခင်မကြိုက်တဲ့အရာ၊ အမင်္ဂလာဖြစ်တဲ့အရာတွေလုပ်ခဲ့မိတာရှိလား။

ဆရာဝန်၏မေးခွန်းကို တဖြည်းဖြည်းစဉ်းစားလိုက်၏။ နောက်ဆုံးတွင် လူငယ်အသင်းအုပ်ဆရာ တရား ဟောစဉ်က တိုးတိုးလေးလှောင်ပြောင်ခဲ့ကြေား သတိရလိုက်ပြီး ဆရာဝန်ကိုပြောပြလိုက်ပါသည်။ ဆရာဝန် ကဆက်ပြောသည်မှာ- သင်းအုပ်ဆရာ၊ တရားဟောဆရာများသည် လူသားဖြစ်သည့်အလျောက် မည်သူမှ မပြည့်စုံနိုင် မတူညီသောအားနည်းချက်များကိုယ်စီရှိကြပါသည်။ ဘုရားကျောင်းထဲတွင်တရားဟောသည့် အခါ တခါတရံတွင် ဆရာသမားများဟောသည်ထက် သန့်ရှင်းသောဝိညာဉ်တော်မှ ၀င်ရောက်ပြောဆိုခြင်း ဖြစ်သည်။ တရားဟောချက်ကိုလှောင်ပြောင်ခြင်းသည် သင်းအုပ်ဆရာကို လှောင်ပြောင်ရာမရောက် နှုတ်က ပတ်တော်ကိုမထီမဲ့မြင်ပြုခြင်းဖြစ်သလို သန့် ရှင်းသောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုရာရောက်၏။ ဆေးပညာ အရ ဒီလောက်ကုထားသည်မှာ ပျောက်ရ မည်။ မပျောက်ရသည့်အကြောင်းသည် ဘုရားသခင်အလိုမရှိ သောကြောင့်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ကိုတောင်းပန်ပြီး အသင်းအုပ်ဆရာကိုတောင်းပန်ရန် လို ကြောင်း ဆရာဝန်မှပြောလိုက်ပါသည်။


သို့သော်လည်းအမျိုးသမီးသည် ဆရာကိုသွားမတောင်ပန်ခဲ့သလို သူ၏မျက်နှာမှအနာသည်လည်းရှိနေခဲ့ပါ သည်။ ကျန်းမာရေးချို့တဲ့လာသော လူငယ်သင်းအုပ်ဆရာသည် ဆေးရုံတွင်ဆေးကုသခံယူရပါသည်။ ဆရာ ၀န်များ၏ အဆိုရ သူ၏နောက်ဆုံးအချိန်ကိုရောက်ခဲ့ပါသည်။ အမျိုးသမီးသည် ဆေးရုံပေါ်တွင် ဆရာကို သွားတောင်းပန်ခဲ့ပါသည်။ နောက်ပိုင်းတွင် အမျိုးသမီး၏ မျက်နှာမှ အနာသည် လုံးဝပျောက်ကင်းခဲ့ပါ သည်။





အဆိုတော်ဂျွန်လင်နွန် (John Lenon)


The Beatle တေးဂီတအဖွဲ့မှ နံမည်ကြီးအဆိုတော်ဖြစ်သည်။ ခရစ်ယောန်လောကသည် မကြာခင် အဆုံး သပ်တော့မည်။ သခင်ယေရှုကတော့အဆင်ပြေပါတယ်၊ ဒါပေမဲ့သူ့သွန်သင်ချက်တွေက ရိုးလွန်းပါတယ်။ ဒီကနေ့ကျနော်တို့အဖွဲ့ဟာ သူ့ထက်ပိုပြီးကျော်ကြားတယ်။ ဤစကားကို ဂျွန်လင်နွန်သည် အမေရိကန် မဂ္ဂဇင်းတခုနှင့် အင်တာဗျုးလုပ်သည့်အခါပြောသွားခြင်းဖြစ်သည်။ ထိုစကားပြောပြီး ၆လအကြာတွင် စိတ်မ နှံ့သူတစ်ဦးက ဂျွန်လင်နွန်ကိုသေနတ်ဖြင့် ၆ချက်ပစ်ခဲ့သဖြင့် အသက်ဆုံးပါးခဲ့ရပြီး The Beatle တေးဂီတအ ဖွဲ့လည်းပျက်သုန်းခဲ့ရပါသည်။




လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေတော်မူပြီ။ လုကာ၁း၅၁









တန်ခရိဒို Tancredo Neves ဘရာဇီးနိုင်ငံ၏ ၃၄ ဦးမြှောက်သမ္မတ


သမ္မတရွေးကောက်ပွဲတွက် မဲဆွဲပွဲတွင် သူပြောခဲ့သောစကားတစ်ခွန်းမှာ-  “သူ့ပါတီမှ မဲ ၅၀၀ ရခဲ့ရင် ဘုရားသခင်တောင်သူ့ကိုဖြုတ်လို့မရပါ”။    သူပြောသည့်အတိုင်း မဲရခဲ့ပြီး သမ္မတ အဖြင့်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါသည်။ သို့သော်သမ္မတရာထူးစတင်မထမ်းဆောင်ခင် ၁ရက်အလို တွင် ဖျားပြီးသေဆုံးခဲ့ပါသည်။

ငါသတိပေးခြင်းကို အလျှင်နားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။


ထိုကြောင့်သူတို့သည် ကိုယ်ကျင့် ခြင်း၏ အကျိုးအပြစ်ကို စား၍၊ ကိုယ်ကြံသောအကြံတို့နှင့် ဝကြလိမ့်မည်၊၊  သုတ္တံ ၁း၃၀-၃၁










ခါဇူဇာ Cazuza ဘရာဇီးလူမျိုး တေးရေး အဆိုတော် ကဗျာဆရာ



ဂီတပြပွဲတစ်ခုတွင် စင်မြင့်ပေါ်မှာ စီးကရက်သောက်ရင်း စီးကရက်မီးခိုးကိုလေထဲမှုတ်ထုတ်လျှက်  “ဒါကတော့ဘုရားသခင်အတွက်ပါ”

သူသည် အသက် ၃၂ အရွယ်တွင် ခုခံအားဆင်းခြင်းရောဂါ AIDS ဖြင့်အလွန်ဆိုးဝါးသောအခြေအနေဖြင့် သေဆုံးခဲ့ရပါသည်။


ထောင်လွှားစော်ကားသော သူတို့ကိုဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။ ယာကုပ် ၄း၆







တိုင်တန်းနစ်သင်္ဘော


တိုင်တန်းနစ်သင်္ဘောတည်ဆောက်ခဲ့သောသူက စိတ်ကြိုက် တည်ဆောက်ခဲ့သော သင်္ဘောအကြောင်းနှင့် ပတ်သက်ပြီး ခက်ထန်မာကြောသောလေသံဖြင့် ပြောခဲ့သည့်မှာ-                                   “ဒီသဘောင်္ကိုဘုရားသခင်တောင်ဆွဲနစ်လို့မနစ်ဘူး”                                                                                 သဘောင်္၏ပထမဆုံးခရီးစဉ်တွင် သမုဒ္ဒရာရှိရေခဲတုံးကိုတိုက်ပြီးအချိန်တိုတွင်းနစ်မြုပ်ခဲ့သဖြင့် ကမ္ဘာကျော်လူ ပုဂ္ဂိုလ်များအပါအ၀င် လူပေါင်း ၁၅၉၅ သေဆုံးခဲ့ပါသည်။


အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ တရားဟောရာကျမ်း ၁၄း၂၄







မာရီလင်မွန်ရိုး (Marylyn Monroe)


နံမည်ကြီးကမ္ဘာကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပါသည်။    တရားဟောဆရာ  Billy Graham  သည် သန့်ရှင်းသောဝိညာဉ်တော်ဖေါ်ပြချက်ဖြင့် ပွဲစဉ်တစ်ခုအပြီးတွင် မင်းသမီးမွန်ရိုးအား ကယ်တင်ခြင်းနှင့် သခင်ယေရှုအကြောင်းကို သွားပြောခဲ့ပါသည်။ မင်းသမီးက ပြန်လည်ပြောခဲ့သည်မှာ-                 “ကျမအတွက် ရှင်ပြောတဲ့သခင်ယေရှုကိုမလိုအပ်ပါဘူး”

နောက်တစ်ပတ်တွင် မင်းသမီးမွန်ရိုးသည် သူ့အခန်းတွင်သေလျှက်ရှိကြောင်းတွေခဲ့ရပါသည်။

ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။ သက်သာလောနိတ်သြဝါဒစာပဌမစောင်: ၅း ၂၀


နှုတ်ကပတ်ဟော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။ သုတ္တံ ၁၃း၁၃

















ဘွန်စကော့ Bon Scott


အေစီဒီစီ ၏တေးသံရှင်ဟောင်း (AC/DC Ex-vocolist) ဖြစ်ပြီး ၁၉၇၉ တွင်သူသီဆိုခဲ့သည့်သီချင်းတစ်ပုဒ်၏ စာသားမှာ-

“ငါ့ကိုမတားနှင့်၊ ငါအဝေးပြေးလမ်းမှတဆင့် ငရဲပြည်ကိုတခါတည်းဆင်းမယ်”

ဖေဖေါ်ဝါရီလ ၁၉ရက် ၁၉၈၀ တွင်သူသည် အံဖတ်ဆို့လျှက်ကားထဲတွင်သေဆုံးခဲ့ပါသည်။ “Highway to Hell” အယ်လ်ဘန်သည် သူ၏နောက်ဆုံးသီချင်းစီးရီးဖြစ်ခဲ့ပါသည်။


မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ သုတ္တံ ၈း၁၃ံ









ခရစ်တင်းဟူးဝစ် Christine Hewitt


ဂျမေကာနိုင်ငံမှ သတင်းထောက်နှင့်ဖျော်ဖြေတင်ဆက်သူဖြစ်သည်။ သူမ၏စကားတစ်ခွန်းမှာ-

“ သမ္မာကျမ်းစာသည် ရှိသမျှစာအုပ်ထဲတွင် အဆိုးဝါးဆုံးဖြစ်သည်”

ဇွန်လ ၂၀၀၆ တွင် သူသည်မမှတ်မိနိုင်လောက်အောင် သူမ၏ကားထဲတွင်မီးလောင်သေဆုံးခဲ့ပါသည်။


မထီမဲ့မြင်ပြုသောသူတို့ အဘို့ အပြစ်စီရင်ခြင်း၊ မိုက်သောသူတို့၏ ကျောအဘို့ဒဏ်ပေးခြင်း သည်အသင့်ရှိ၏၊၊ သုတ္တံ ၁၉း၂၉






ဘရာဇီးနိုင်ငံ ကန်ဖီနပ်စ်မြို့ ၂၀၀၅ ခုနှစ်

အရက်မူးနေသောလူငယ်တစ်စု သူငယ်ချင်းတစ်ဦးကို ကားဖြင့်သွားခေါ်ရန်ပြင်ဆင်နေစဉ် အမေဖြစ်သူက ကားဆီလိုက်ပို့ရင်း စိုးရိမ်စွာဖြင့် ကားထဲမှာထိုင်နေသော သမီးဖြစ်သူ၏လက်ကိုကိုင်လျှက်-   “သမီးဘုရားနှင့်သွားပါ။ သမီးကိုဘုရားသခင်စောင့်ရှောက်ပါစေ”               သမီးဖြစ်သူပြန်ပြောလိုက်သည်မှာ- “ဘုရားသခင်လိုက်ခြင်ရင်တော့ကားနောက်ဖုံးထဲမှာလိုက်နိုင်ပါတယ်။ ဒီမှာတော့ပြည့်နေပြီ” ဟုပြန်ပြောလိုက်ပါသည်။  နာရီအနည်းငယ်အကြာတွင်  သတင်းဆိုးပြန်ရောက်လာ သည်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ကားထဲတွင်လိုက်ပါလာသူအားလုံးပွဲချင်းပြီးသေဆုံးသွားပါသည်။ မော်တော် ကားသည် အမျိုးအစားမမှတ်မိနိုင်လောက်အောင် ပျက်ဆီးသွားသော်လည်း နောက်ဖုံးမှာလုံးဝပျက်ဆီးခြင်း မရှိဘဲ အကောင်းပကတိဖြစ်နေပါသည်။ အမှုစစ်ရဲကပြောသည်မှာနောက်ဖုံးမပျက်ဆီးခြင်းသည်လုံးဝမဖြစ် နိုင်သောအရာတစ်ခုဖြစ်ပြီး ပိုပြီးထူးဆန်းသည်မှာ နောက်ဖုံးထဲတွင် ကြက်ဥတစ်ဘန်းရှိပြီး တစ်လုံးမှမကွဲဘဲ အားလုံးပကတိအကောင်းဖြစ်နေခြင်းပေ။

ဆုံးမခြင်း စကားကို ပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏၊၊ သုတ္တံ ၁၅း ၃၂

ငါသတိပေးခြင်းကို အလျှင်နားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။


ထိုကြောင့်သူတို့သည် ကိုယ်ကျင့် ခြင်း၏ အကျိုးအပြစ်ကို စား၍၊ ကိုယ်ကြံသောအကြံတို့နှင့် ဝကြလိမ့်မည်၊၊ သုတ္တံ ၁း၃၀-၃၁

ခရစ်ယာန်ဘာသာ နှင့် မြန်မာနိုင်ငံ(အကျဉ်းချုပ်)



ခရစ်ယာန် ဘာသာ

Data from Myanmar Online Encyclopedia & Murann

မူလအစမှာ ဂျုးဘာသာမှစတင်ခဲ့သည်။ ဂျူးလူမျိုးတို့သည် မောရှေ၏ ပညတ်တရား(၁၀) ပါးကို အခြေခံပြီး က္ကုသရေလ ဟုခေါ်သော အစ္စရေးလူမျိုး များကိုးကွယ်သည့် ဘုရားဖြစ်သည်။ ခရစ်တော် သခင်ယေရှု ဖွားမြင်ပြီးပြီး၊ ဘုရားသခင်သည် လူ့အသွင်ဖြင့် ကမ္ဘာလောကသို့ ကြွလာခြင်းဖြစ်သည်ဟု ကြေငြာခဲ့ရာတွင် ဂျူးလူမျိုးများက လက်မခံနိုင်ပဲ သခင်ယေရှုကို ကားတိုင်ပေါ်တင်သတ်ရန်
 ရောမအာဏာပိုင် များကို တောင်းဆိုကာ အသေသတ်ခဲ့သည်။ သခင်ယေရှုသေလွန်ပြီး ၃ ရက်မြောက်တွင် ကျမ်းစာလာသည်အတိုင်း အလောင်းတော်ပျောက်ဆုံးသွားပြီး ရှင်ပြန်ထမြောက်ကာ ထွက်ပြေးပုန်းရှောင်သွားသော တမန်တော်များကို ရက်(၄၀)လုံး ကိုယ်ထင်ပြသခဲ့ပြီး လူပေါင်းများစွာရှေတွင် ကောင်းကင်ဘုံသို့ ဈန်ပျံကြွသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ် (Holy Spirit) ကျန်ရစ်ခဲ့ပြီး ခရစ်ယာန်များသည် ၃ ပါးတစ်ဆူအဖြစ်၊ ဘုရာသခင် (ခမည်းတော်)။ သခင်ယေရှု (သားတော်) နှင့် သန့်ရှင်းသောဝိညာဉ်တော် (၃)ပါးကို တစ်ဆူတည်းအဖြစ် သတ်မှတ်ကိုးကွယ်ကြသည်။

ခရစ်ယာန်ဘာသာတွင် ဘုရားသခင်၏ ၀ိညာဉ်တော်မှုတ်သွင်းပြီး လူသားများအားရေးသားစေသည့် သမ္မာကျမ်းကို ဘုရားသခင်၏ ပြောစကားအဖြစ်မှတ်ယူထားကြသည်။ သခင်ယေရှု မမွေးဖွားမီက ရေးသားခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး၊ သခင်ယေရှုမွေးဖွားခြင်း(Christmas) နောက်ပိုင်းရေးသားသော ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်သည်။ အပါတ်စဉ် တနင်္ဂနွေနေ့ကို ဥပုဒ်နေ့အဖြစ်သတ်မှတ်ကာ စုပေါင်းကိုးကွယ်ဝတ်ပြုကြသည်။ ဂိုဏ်အမျိုးမျိုးရှိသည့်အနက် ရိုမန်ကက်သလစ် နှင့် ပရိုတက်စတင့် ၂မျိုးသည် အဓိကကွဲပြားသော ဂိုဏ်းနှစ်ခုဖြစ်သည်။
 
ဂိုဏ်များသည် Doctrine ဟုခေါ်သော ကျင့်ဝတ်၊ကျင့်ထုံးနှင့် အယူအဆများ အနည်းနှင့်အများ ကွဲပြားကြသည်။


ရိုမန်ကတ်သလစ် တွင် ဘုန်တော်ကြီး ပုပ်ရဟန်းမင်းကို ဦးသျှောင်အဖြစ်ထားပြီး ဗဟိုဦးစီးစနစ်ဆန်သော စနစ်ဖြစ်သည်။ ရိုမန်ကတ်သလစ်ဘုန်းတော်ကြီးများတွင် ဘရားသာ၊ ဖာသာ၊ မာသာ (Father, Mother) စသဖြင့် ဘုန်းတော်ကြီးများကို ခေါ်ဆိုပြီး မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးများကဲ့သို့ ငယ်စဉ်ကတည်းက လုံးဝအိမ်ထောင်မရှိသော လူပျို၊အပျိုများဖြစ်သည်။ အိမ်ထောင်ကျသွားပါက ဘုန်းတော်ကြီးဘဝမှ ထွက်ရသည်။ ပရိုတက်စတင့်ဂိုဏ်းဝင်သော မက်သဒစ် (Methodist)၊ ဘက်ဒစ် (Baptist)၊ အင်ဂလိကန် (Englican)၊ လူသာရီယန် (Lutherian) စသည်တို့မှဘုန်းတော်ကြီးများမှာ အိမ်ထောင်ပြုခွင့်ရှိသည်။

ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်များ တနင်္ဂနွေ ဘုရားဝတ်ပြုခြင်းတွင် ဓမ္မသီချင်း သီဆိုချီးမွမ်းခြင်၊ ဆုတောင်းခြင်း၊ အလှူငွေကောက်ခံခြင်း၊ သံစုံသီချင်း သီဆိုတီးမှုတ်ခြင်း၊ သမ္မာကျမ်းစာ ဖတ်ရွတ်ခြင်း၊ စသည့်အစီအစဉ်များ တရားဒေသနာ (Sermon) ဟောကြားခြင်းဖြင့် အဆုံးသတ်ကြသည်။ ခရစ်တော် လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံခြင်းသည် ယုံကြည်သူ
 ခရစ်ယာန်များကို အပြစ်မှလွှတ်ခြင်းအထိမ်းအမှတ်အဖြစ် ပွဲတော်ပေးခြင်း (မုန့်နှင့်စပျစ်ရည် သုံးဆောင်ခြင်း)ကို အများအားဖြင့် တစ်လတစ်ကြိမ်ခန့် ပြုလုပ်ဝတ်ပြုလေ့ရှိသည်။ ရိုမင်ကတ်သလစ် ဘာသာဝင်များတွင် မြန်မာ ဗုဒ္ဓဘာသာများကဲ့သို့ အလွတ်ရွတ်ဖတ်ခြင်းများစွာရှိပြီး၊ ဘုန်းတော်ကြီးများလည်း တရားထိုင်ခြင်း (Meditation) များလုပ်ဆောင်ကြသည်။

ခရစ်ယာန်ဘာသာရေးပွဲလမ်းသဘင်များတွင် သခင်ယေရှုမွေးဖွားခြင်း အထိမ်းအမှတ် ခရစ်စမတ် ပွဲတော်၊ (Christmas) သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း အီစတာပွဲတော် (Good Friday and Easter Sunday)၊ သန့်ရှင်းသော ဝိညာဉ်ဆင်းသက်ခြင်း ပင်တေကုတ္တေပွဲ (Pentecost) စသည်တို့ ဖြစ်ကြသည်။
 



ခရစ်ယာန်
ဘာသာဝင်များ
“သခင်ယေရှုကို ခရစ်တော်အဖြစ်ယုံကြည်သက်ဝင်သူ (သို့) သခင်ယေရှု၏သွန်သင်သောတရားကို လိုက်လျှောက်သောသူ ” တို့ကို ခရစ်ယာန်ဖြစ်သည်ဟု Webster’s Dictionary က အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။ ခရစ်ယာန်ဟူသည် မည်သို့သောအရာ ဖြစ်သည် ဟူသောအချက်မှ အစပြုရန် အလွန်သင့်တော်သည်။ သို့မဟုတ် တခြားလောကီပိုင်းဆိုင်ရာ အနက်ဖွင့်သည်နည်းတူ ခရစ်ယာန် ဟူသော စကားလုံးကို သမ္မာတရားဖော်ပြချက်နှင့်မကိုက်ညီပဲ မှားယွင်းစွာ ဖော်ပြနိုင်ပါသည်။

ခရစ်ယာန်ဟူသောစကားလုံးကို ဓမ္မသစ်ကျမ်းထဲတွင်
 သုံးကြိမ်တိုင်တိုင်တွေ့ရှိနိုင်သည်။ (တ၊ ၁၁း၂၆၊ ၂၆း၂၈၊ ၁ပေ၊ ၄း၁၆)။
သခင်ယေရှု၏နောက်လိုက်တပည့်တော်တို့၏ အကျင့်စရိုက်၊ အပြုအမူ၊ အပြောအဆိုတို့သည် ခရစ်တော်နှင့်တူသောကြောင့် အန္တိအုတ်မြုံ့တွင် သူတို့ကို “ ခရစ်ယာန်များ “ ဟု ပထမအကြိမ် ခေါ်ခဲ့ပါသည် (တ၊ ၁၁း၂၆)။ မယုံကြည်သူတို့က ယုံကြည်သူတို့ကို နောက်ပြောင်သောသဘောမျိုးဖြင့် ခရစ်ယာန်များဟု ခေါ်ခြင်းဖြစ်သည်။ ၄င်း၏အဓိပ္ပါယ်သည် “ ခရစ်တော်ပိုင်ဆိုင် သောအဖွဲ့ ” သို့ “ ခရစ်တော်၏ နောက်လိုက်သူများ ” ဖြစ်သည်။ ၄င်းသည် Webster’s Dictionary ထဲတွင် ဖော်ပြထားသော အနက်ဖွင့်ဆိုချက်နှင့် ညီညွှတ်သည်။




မြန်မာနိုင်ငံ ကက်သလစ်သာသနာ 

မြန်မာနိုင်ငံကို ကက်သလစ်သာသနာစတင်ဝင်ရောက်လာခြင်းသည် သာသနာပြုပုဂ္ဂိုလ်တွေအားဖြင့် မဟုတ်ပါ။ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်(မြန်မာသက္ကရာဇ်-၆၄၆) ခရစ်နှစ် အေဒီ-၁၂၈၅ မှာ တရုတ်ဘုရင် ကူဗလိုင်ခန်က ပုဂံကို ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ ထိုနောက်ပိုင်း ကျန်စစ်သား ဥမင် အတွင်းဘက်နံရံ တစ်နေရာတွင် ခရူစူးအမှတ်အသားများနှင့် တန်ဆာဆင်ထားသော ပဒုမ္မာကြာပွင့် တစ်ပွင့်ပုံကို ယခုတိုင် တွေ့ရှိ ရပါသည်။

သာသနာပြုများ မရောက်လာခင် ဘာသာဝင်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြသည်။
 အဘယ့်ကြောင့် ဆိုသော် ခရစ်သက္ကရာဇ် ၁၄၉၆ တွင် ပဲခူးကို ရောက်ရှိခဲ့သော အီတလီနိုင်ငံ ဂျင်နိုဝါ (Genoa) မြို့မှ Hieronimo ဆိုသော ကုန်သည်တစ်ဦး မှတ်တမ်းအရ ပဲခူးမြို့မှာနေစဉ် ကွယ်လွန်သွားသော သူ့ရဲ့ မိတ်ဆွေကို ဘုရားကျောင်းပျက် တစ်ခုထဲမှာ သင်္ဂြိုလ်ခဲ့ရတယ်လို့ ဆိုသည်။

အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama က Good Hope အငူကို ရှာဖွေတွေ့ရှိသည့် နောက်ပိုင်းမှာ ဥရောပတိုက်သား ကုန်သည်ပွဲစားများ အတွက် အာရှတိုက်သို့ ကူးသန်းရောင်းဝယ်ဖို ရန် စီးပွားရေးလမ်းကြောင်း ပွင့်သွားပါသည်။ အာရှတိုက်ကို ရောက်လာသော ကုန်သည်များ၊ 

ကြေးစားစစ်သားများအတွက် ၀ိညာဉ်ရေး စောင့်ရှောက်မှု အထူး တာဝန် ယူရသော Chaplain ခေါ်ဘုန်းတော်ကြီး တစ်ချို့လည်း ရောက်ရှိလာကြသည်။ သူတို့ အာရှတိုက်ကို လာသည်မှာ ဥရောပတိုက်သားများ ၀ိညာဉ်ရေး စောင့်ရှောက်မှုအတွက်ဖြစ်သည်။

Malacca မှ Jesuit အသင်းဂိုဏ်း ဘုန်းတော်ကြီးများသည် ၁၆ ရာစု ကုန်ခါနီးတွင် ပဲခူးသို့  နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ လေးပါး၊ ၁၇ ရာစု အစပိုင်းမှာ အင်းဝကို နှစ်ပါးရောက်ရှိခဲ့ကြတယ်လို့ သိရသည်။
 

မြန်မာ့သမိုင်းတွင် သင်ရသော ငဇင်္ကာသည့်၊ ပ်ါတူကီနာမည် Philip di Britto လို့ခေါ်သည်။  သူ မြန်မာနိုင်ငံကို ရောက်မလာခင် ကတည်းက ပေါ်တူဂီ စစ်သားတွေဟာ ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစားစောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ထံမှာ အမှုထမ်းခဲ့ကြသည်ဟု  ဆရာကြီး ဦးဘသန်းရဲ့
 ကျောင်းသုံးမြန်မာ ရာဇ၀င်နဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတိုတွင် ရေးထားသည်။ ငဇင်္ကာ ခေါ် ဒီဘရစ်တိုမှာ  နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်းလာတဲ့အခါမှာ တောင်ငူဘုရင် ကိုရော ရခိုင်ဘုရင်ကိုပါ ထောင်ထားခြား နားရုံမက မုတ္တစားနဲ့ပူးပေါင်းပြီး တောင်ငူကို လုပ်ကြံခဲ့သည်။

တောင်ငူဘုရင် နတ်သျှင်နောင်ကို ဖမ်းဆီး၊ သံလျင်ကိုခေါ်သွားပြီး နောက်ပိုင်း နတ်လျှင်နောင်သည် ပထမဆုံး ထင်ရှားသူ မြန်မာ ကက်သလစ်ခရစ်ယာန်
ဖြစ်လာပါသည်။  မြန်မာ သက္ကရာဇ် ၉၇၅၊ (အေဒီ-၁၆၁၅) တွင် အင်းဝဘုရင် မဟာဓမ္မရာဇာ (ခေါ်) အနောက်ဖက်လွန်မင်းက သံလျင်ကိုစုံဆင်းပြီး ၀န်းရံ တိုကိခိုက် အောင်နိုင်ပြီး၊ နတ်သျှင်နောင်နဲ့ ဒီဘရစ်တိုကို ကွပ်မျက်ခဲ့သည်။  ပေါ်တူဂီ စစ်သုံ့ပန်း (၄၀၀၀) ကျော်ကို ဖမ်းဆီးပြီး  ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြား တ၀ိုက်က ရွာများတွင် မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေကြောင်း၊ ၁၉၂၉ ခုနှစ် ထုတ် EG. Harvey ရဲ့ Outline of Burmes History ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံး မြန်မာရာဇ၀င်နဲ့ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလထုတ် The Voice Catholic magzine တို့မှာ တွေ့ရပါသည်။ 

နောက်ပိုင်း သာသနာပြန့်ပွားရေးဌာနချုပ်က စေလွှတ်လိုက်သော အနောက်တိုင်း ဘုန်းတော်ကြီးများ သာသနာပြုလုပ်ငန်းများအား အင်းဝဘုရင် တနင်္ဂနွေမင်းကလည်း ကြည်ဖြူစွာ ခွင့်ပြုရုံမက ဘုရားကျောင်း ဆောက်ဖို့ပါ ဘဏ္ဍာတော်ထဲကနေ လှူဒါန်းခဲ့ပါသည်။
 အေဒီ-၁၇၃၀ခုတွင်  သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များရှားပါးမှုကြောင့် အခက်အခဲရှိလာပါတယ်။  ဘာနာဘိုက်ဘုန်းတော်ကြီးဂါလီဇီယားကို ဆရာတော် သိက္ခာ တင်ပေးပြီး မြန်မာပြည်သာသနာတော်မှာ လုပ်ဆောင်စရာ ရှိသမျှကို အသင်းဂိုဏ်းကြီးရဲ့ လက်ထဲ အပြည့် အ၀ အပ်နှင်းပေးလိုက်ပါတယ်။ အဲဒီကစပြီး ဘာနာဘိုက် ဘုန်းတော်ကြီးတွေ မြန်မာပြည်ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပါတယ်။

ထူးထူးခြားခြား မှတ်တမ်းတင်လောက်တာကတော့ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ်တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံး အောင်မြင်စွာ ပုံနှိပ် နိုင်ခဲ့တာပါ။ ဆရာတော် Percoto ဆိုရင် ပိဋိကတ် (၃)ပုံထဲက တချို့ကို Italian လို ဘာသာပြန်ဆို နိုင်ခဲ့ပါတယ်။
 

စာပေတင်မက သာသနာအတွက်  အေဒီ-၁၇၇၀
 ခုနှစ် မုံလှရွာတွင် ပထမဆုံး ရဟန်း ဖြစ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ တွင် မြန်မာ တိုင်းရင်းသားမှ ပထမဦးဆုံး ရဟန်းတော် (၃)ပါးကို မွေးထုတ် ပေးနိုင်ခဲ့သည်။ သူတို့မှာ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်က Fr. Ignatius di Britto တို့ဖြစ်သည်။ အသေးစိတ်အကြောင်းများကို  Fr. A ကိုလေး (မုံလှ) ရေးသားပြုစုသော "အင်းဝရောက် ခြေရာများ" စာအုပ်တွင် ဖတ်ရှုနိုင် ပါသည်။
၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရာတွင် မင်းတုန်းမင်းကြီးရဲ့ စေခိုင်း ချက်အရ Fr. Abbona နဲ့ Fr. Tarolli တို့သည် မြန်မာသံတမန်ဖက်မှ ပါဝင် ကူညီခဲ့ရ ကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်တွင် သမိုင်း ဆရာ Vivian Ba က ဖော်ပြထားသည်။
 


တခြား သာသနာပြု အသင်းဂိုဏ်းတွေမှာ တောင်ကြီး၊ ကျိုင်းတုံဒေသကို Italy နိုင်ငံက PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြုအသင်းဂိုဏ်း၊  ကချင်ပြည်နယ်တွင် Ireland နိုင်ငံက St. Columban အသင်းဂိုဏ်း။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနဲ့ ချင်းတောင်ကို MEP အဖွဲ့စသဖြင့် တာဝန်ယူ ကြသည်။
 လူမှုရေးအဖွဲ့များစွာလည်း ထူထောင်ခဲ့ကြသည်။
၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင်  ရန်ကုန်နဲ့ မန္တလေးကို Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ် ကနေ Archdiocese (ခေါ်)ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ၁၉၉၈ မှာတောင်ကြီးက Archdiocese အဖြစ်တိုးမြှင့် သတ်မှတ်ခံရသည့် အတွက် လက်ရှိ မြန်မာနိုင်ငံတွင် ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနှင့် ဂိုဏ်းအုပ် သာသနာ (၁၃)ခု၊ စုစုပေါင်း (၁၆) ခုရှိနေပါသည်။ (R1)



ပရိတက်စတင့်ခရစ်ယာန် သာသနာ

ရိုမင်ကက်သလစ်များမှာ ၁၆ရာစု ကတည်းက မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး၊ ပရိုတက်စတင့်များများမှာ ၁၈ရာစု တွင်မှ ရောက်ရှိလာခဲ့သည်။ ပရိုတက်စတင့်ခရစ်ယာန်များမှာ မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။ ၁၉၂၆ ပထမ အင်္ဂလိုဘားမီး စစ်ပွဲအပြီးတွင် များပြားစွာရောက်ရှိလာခဲ့ပါသည်။
 
အင်္ဂလန်အခြေပြုသော မက်သဒစ်အသင်းတော်၊ အင်္ဂလိကန်အသင်းတော်များမှာ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် အခြေတကျ၊ နေရာရရှိသော်လည်း အထူးသဖြင့် အမေရိကန်နှစ်ခြင်းအသင်းမှာ ဝေးလံသော နယ်မြို့၊ တောင်တန်းပြည်နယ် များတွင် သာသနာပြုရသည်။

အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့ချုပ်မှ ဆရာယုဒဿန် (Judson) မှာ အထူးထင်ရှားပြီး၊ ၁၈၁၃ တွင်မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မြန်မာအင်္ဂလိပ် အဘိဓါန် (၁၈၅၂)၊ မြန်မာခရစ်ယာန်ကျမ်းစာကို ဟေလသ (ဂရိ)နှင့် ဟေဗြဲ (ဂျူးဘာသာ) တို့မှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း (၁၉၃၄) ပြီးစီးခဲ့သည်။ ၂၀၁၃ တွင် မြန်မာနှစ်ခြင်းအဖွဲ့မှ ယုဒဿန်မြန်မာပြည်ရောက်သော အနှစ်၂၀၀ အထိမ်းအမှတ် ကျင်းပကြမည်ဖြစ်သည်။ ကရင်(၁၈၂၈)၊ ရှမ်း (၁၈၆၁)၊ ကချင်(၁၈၇၆)၊ ချင်း(၁၈၈၆) သာသနာပြုခြင်း
 
စတင်ခဲ့သည်။





ယုဒသန် (ခရစ် ၁၇၈၈ -၁၈၅ဝ) 
ဆရာကြီးယုဒသန်သည် ဘိုးတော်ဘုရားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှရောက်လာသော ခရစ်ယန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်င့ ခရစ်ယန် သာသနာရေး ဖက်၌သာမက စာပေဖက်၌သော်၎င်း၊ နိုင်ငံရေးဖက်၌သော်၎င်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်လေသည်။
 ၁၈၁၃ ဇူလိုင်လ ၁၃ရက်နေ့တွင် ရန်ကုန်မြို့သိုဆိုက်ရောက်လေသည်။
သာသနာပြုရန် ရောက်လာကြသည်ဖြစ်သော်လည်း ယုဒသန်တို့သည် မြန်မာစကားကို တလုံးတပါဒမျှ မတတ်ကြ၊ ထို့ကြောင့် မြန်မာစကားကို ဦးစွာကြိုးစားသင်ယူရသည်။ သိုဖြင့် သုံးနှစ် သုံးမိုး ရှိလာသောအခါ ယုဒသန်သည် မြန်မာသဒ္ဓြွါကျမ်းတစောင်ကို ရေးသားပြုစုပြီး လေ၏။ မြန်မာတို့ အကြားတွင် သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ အလေ့အလာ တို့ကိုလည်း နားလည်ရပေဦးမည်။ ထို့ကြောင့် ယုဒသန်သည် လောကုတ္တရာ စာပေများကို လေ့လာဆည်းပူးရာ၊ မြန်မာစကား ကဲ့သိုဖြစ်နေသော ပါဠိ၊ သက္ကတ စကားလုံးပေါင်း လေးထောင်လောက်ကို စုဆောင်းမိလေသည်။ ထိုစကားလုံး များကို အက္ခရာဝလိစဉ်၍ မြန်မာအနက် ပေးကာ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုလေသည်။ ထိုအဘိဓာန်တွင် ပါသော မြန်မာ စကားလုံး များကို တဖန် အက္ခရာ ဝလိစဉ်ကာ အင်္ဂလိပ် အနက်ပေး၍ ပဌမမြန်မာ-အင်္ဂလိပ် အဘိဓာန်ငယ်ကို ဆက်လက် ပြုစုပြန်သည်။
၁၈၂၂ ခုနှစ် သြဂုတ်လ၂၈ရက်နေ့တွင် ဒေါက်တာပရိုက်စ်သည် အင်းဝမြို့တော်ရှိ ဘကြီးတော်မင်းတရားကြီးထံ အခစားဝင်ရောက်ရန် ဆန်တက်ရာတွင် ယုဒသန်လည်း စကားပြန်အဖြစ် ဒုတိယအကြိမ် လိုက်ပါသွား ပြန်လေသည်။  မင်းတရားကြီးကယုဒသန်အား နေပြည်တော်၌ နေထိုင်ရန် မြေတကွက် ပေးသနားတော် မူသည်။ ထိုနောက် ယုဒသန် သည် ရန်ကုန်မြို့ သိုစုန်ဆင်းခဲ့သည်။

ယုဒသန်သည် မြန်မာမှူးမတ် ဆွေတော် မျိုးတော်တို့နှင့် သင့်မြက်အောင် ပေါင်းသင်း၍ သူ၏ဇနီးက ကျောင်း တကျောင်းဖွင့်ကာ အပ်ချုပ် အတတ်နှင့် စာရေး စာဖတ် တို့ကိုသင်ကြား ပေးသည်။ ယုဒသန်သည် စတြာ မင်းကလေးခေါ် ညောင်ရမ်းမင်းသားထံ မပြတ်ခစားသည်။ ခဲပေါင်မြို့စား ဝန်ကြီး ဦးရွှေလူ၊ မြဝတီမင်းကြီးဦးစ နှင့် မက္ခရာ မင်းသားကြီးတို့ ထံတွင်လည်းဝင်ထွက် လေသည်။
 

ယုဒသန်ပြန်ဆိုသော ဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ သာသနာပိုင်ပုံနိုပ်တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပုံနိုပ်ပြီးစီးလေသည်။ ဦးစွာ ယုဒသန်၏ အကြံမှာ အင်္ဂလိပ်-မြန်မာ အဘိဓာန်နှင့် မြန်မာ-အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တအုပ်တည်း ပုံနှိပ်ထုတ်လုပ်ရန်ဖြစ်သည်။ သို့သော်လည် ၁၈၂ဝ ခုနှစ်ကပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂ ခုနှစ်တွင် အဘိဓာန်ကို နှစ်စောင်ခွဲ၍ စတင်ပြုစုလေသည်။ အင်္ဂလိပ်အဘိဓာန်ကို ၁၈၄၉ ခုနှစ် ဇန္ခဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်သည်။ ထို့နောက် အဘိဓာန်ကို ဆက်လက်ပြုစုနေခိုက် မကျန်းမမာဖြစ်လာသည်။ ထို့ကြောင့် ၁၈၅ဝ ခုနှစ် ဧပြီလ ဂ ရက်နေ့တွင် ယုဒသန်သည် မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ်ခရီး ထွက်သွားရာ ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်လေသည်။ ယုဒသန်၏ အလောင်းကို ပင်လယ်ပြင်တွင်ရေမြှတ်သဂြိုလ်လိုက်ကြသည်။

မြန်မာစွယ်စုံကျမ်း အတွဲ ၁ဝ၊ (၁၉၆၆) စာမျက်နှာ Burmese Encyclopedia  Vol10, P-433 (Publsihed in 1966) တွင်ဖေါ်ပြထားသော ဆရာယုဒဿန် မြန်မာပြည် ၃၅နှစ်ခရီးစဉ် နှင့် မြန်မာနှစ်ခြင်းသာသနာမှတ်တမ်းကို ကြည့်နိုင်ပါသည်။ (R3)




အခြားအသင်းတော်များစွာ ၁၉၇၀ နောက်ပိုင်းတွင် အေဂျီအသင်းတော်များ ခေတ်စားလာသည်။ ယခုအခါ ပရိုတက်စတင့်များသာမက ရိုမင်ကက်သလစ် သင်းတော်များစွာသည် သီဆိုချီးမွမ်းခြင်းကို ကိုးကွယ်ဝတ်ပြုအစည်းအဝေး မစမှီတွင် စတင်လုပ်ဆောင်လာကြသည်။

၁၉၆၆ တွင် တော်လှန်ရေးအစိုးရမှ ခရစ်ယာန် မစ်ရှင်ကျောင်းအားလုံးကို ပြည်သူပိုင်သိမ်းပြီး၊ နိုင်ငံခြားသား မစ်ရှင်လုပ်ကိုင်သူ သာသနာပြုဆရာများကို နေထိုင်ခွင့်မပြုတော့ပါ။ မြန်မာအသင်းတော်များ နိုင်ငံခြားအဆက်အသွယ်မရှိပဲ ပြည်တွင်းတွင် ရပ်တည်ခဲ့ရသည်။ Baptists,
 
Assemblies of God, Methodists and Anglicans များသည် အင်အားကြီးအသင်းတော်များအဖြစ် ရှိနေကြနေကြကြပါသည်။

ခရစ်ယာန်အများစုမှာ တိုင်းရင်းသားလူမျိုးစုများဖြစ်သော ချင်း၊ ကရင်၊ ကချင်၊ လီစူး၊ လာဟူ စသည်တို့ဖြစ်ကြသည်။ CIA Factbook တွင် ဖော်ပြထားချက်မှာ မြန်မာပြည်၏ လေးရာနှုန်းသော (၂ဒသမ၄သန်းခန့်) ခရစ်ယာန်လူဦးရေ ရှိသည်ဟု ဆိုသည်။ ပရိုတက်စတင့် ၃ရာနှုန်း နှင့်
 
ရိုမင်ကက်သလစ် ၁ရာနှုန်း တို့ဖြစ်သည်။ အင်္ဂလိကန် Anglican Communion အရ ၂၀၀၆ တွင် အသင်းဝင် ၆၂၀၀၀ ရှိပြီး၊ နှစ်ခြင်းအသင်းတော် Myanmar Baptist Convension စာရင်းအရ ပရိုကတ်စတင့်ခရစ်ယာန်အားလုံး၏ တစ်ဝက်ခန့်မှာ နှစ်ခြင်းခရစ်ယာန်များဖြစ်သည်။ မြန်မာနှစ်ခြင်းအဖွဲ့ချုပ်မှတ်တမ်း ၂၀၀၆ အရ အသင်းသားဦးရေ ၆သိန်းကျော် 662,834 နှင့် အသင်းတော် 3905 ရှိသည်ဟု သိရသည်။ (R4) ကချင်လူမျိုးစု (ဂျိန်ဖော၊ ရ၀မ်၊ လီစူး ..စသည်တို့မှာ
လူဦးရေမှာ ၁သန်း၂သိန်းခန့်ရှိပြီး၊ ၉၀ရာနှုန်းမှာ ခရစ်ယန်ဖြစ်သည်ဟု မှန်းဆကြသည်။ ကရင်လူမျိုးစု (စကော၊ ပိုး၊ ကယား..) တို့ လူဦးရေမှာ၂သန်း၂သိန်း ခန့်မှ တစ်ဝက်ခန့်သည်လည်းကောင်း၊ ချင်းလူမျိုးစု လူဦးရေ ၈သိန်းကျော်မှ ၈၀ရာနှုန်းမျှသည်လည်းကောင်း ခရစ်ယာန်ဖြစ်သည်ဟု ယူဆပါက ခရစ်ယာန်စုစုပေါင်းသည် ၂ဒသမ၄သန်းမက ရှိနိုင်ပါသည်။ စနစ်တကျ စာရင်းကောက်ယူခြင်း မရှိသေးသောကြောင့်  ထိုစာရင်းများမှာ ခရစ်ယာန်လူဦးရေစာရင်းမှာ ခန့်မှန်းချေဖြစ်သည်။ (R4)


မြန်မာ Council of Churches တွင် အသင်းတော်များနှင့်ခရစ်ယာန်အဖွဲ့အစည်းများကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။ (R2)
 

Member Churches of MCC
 
The followings are the member churches of MCC:
01.     Myanmar Baptist Convention (member of CCA & WCC)
02.     Church of the Province of Myanmar
03.     Methodist Church, Upper Myanmar
04.     Mara Evangelical Church
05.     Presbyterian Church of Myanmar
06.     Methodist Church, Lower Myanmar
07.     Independence Presbyterian Church of Myanmar
08.     Lutheran Bethlehem Church
09.     St. Gabriel’s Congregational Union Church
10.     Salvation Army, Myanmar Region
11.     Self-Supporting Kayin Baptist Mission Society (SSKBMS)
12.     Lisu Christian Church of Myanmar(LCC)
13.     Evangelical Free Church of Myanmar
14.     Independent Church Home Mission,


There are eight major ethnic racial/national groups, such as Bamar, Chin, Kachin, Kayah, Kayin, Mon, Rakhine, Shan, etc. There are also significant populations of Chinese and Indians. The Bamars are the majority ethnic national group making up about 60% of the Population.
All the other seven minority groups are distributed into less than 35% as there are about 5% Chinese and Indians. Most of the ethnic groups are hill tribes and rural peoples. It is estimated that there are about 87% Buddhists (Theravada), 6%Christians,4% Muslims,1% Hindus and 2% others. The Christian population has membership from all ethnic national groups, however, over 90% Christians are made up by Kayins, Kachins, Chins, and Kayahs. There are very few Christians among
Bamars, Rakhine, Shan and Mon who have strong Buddhist backgrounds.

Co-operating National Ecumenical Bodies
 
1.     Nation Council of YMCAs of Myanmar
2.    National YWCA
3.     Bible Society of Myanmar
4.    Christian Literature Society of Myanmar
5.    Association for Theological Education in Myanmar (ATEM)
6.    Myanmar Christian Health Workers’ Service Association(MCHWSA)
7.    Myanmar Christian Leprosy Mission
8.    Myanmar Youth for Christ(MYFC)
9.    National Ecumenical Church Loan Fund (ECLOF) of  Myanmar
10. The Gideons International Myanmar
11. The Myanmar Christian Women Temperance Union



မြန်မာနိုင်ငံခရစ်ယာန်ဟုဆိုရာတွင် Myanmar Council of Churches ကို နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် MCC သည် ပရိုတက်စတင့်များ“ အစဦးအဖွဲ့အစည်းဖြစ်ပါသည်။ ၁၉၆၀ နောက်ပိုင်းတွင် အခြားသော သီးခြားခရစ်ယာန်အဖွဲ့အစည်းများ
စွာ ရှိလာပါသည်။အဓိကအဖွဲ့အစည်းကြီးနှစ်ခု ရှိသေးပါသည်။ (၁) မြန်မာနိုင်ငံဧ၀ံဂေလိမိတ်သဟာယအဖွဲ့ Myanmar Evangelical Christian Fellowship(ဆရာဦးမျိုးချစ်၊ ဆရာ ရာဘွဲ့၊  ဒေါက်တာအောင်မန်းနှင့် အခြားခေါင်းဆောင်များပါဝင်သည့် အဖွဲ့) (၂) မြန်မာနိုင်ငံ ဧ၀ံဂေလိပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ MCMC (ဆရာဦးတင်မောင်ထွန်း၊ ဆရာဦးအောင်သက်ညွန့် ပါဝင်သည့်အဖွဲ့) ၎င်းပြင် ဆရာဒေဗစ်ရိုးမိုဦးဆောင်ခဲ့သည့် Yang Crusade (MYC)၊ Evangelical Baptist Church, ဆရာရော်ဗင်ခိုင်တို့၏ အဖွဲ့အစည်း စသည်ဖြင့် များစွာ ရှိနေသေးကြောင်းသိရပါသည်။ ထိုအဖွဲ့အစည်းများတွင် ပါဝင်သော ခရစ်ယာန်ဦးရေလည်း များစွာရှိပါသည်။ 
ပရိုတက်စတင့်ခရစ်ယာန်များတွင်  MCC ဟူသော တရားဝင်အသိအမှတ်ပြုထားသော ခရစ်ယာန်အဖွဲ့အစည်းများ အပြင် ထိုအဖွဲ့ထဲ၌ မပါဝင်သော ဧ၀ံဂေလိအသင်းတော်၊ အဖွဲ့အစည်း အသင်းတော်များစွာလည်း ရှိကြပါသည်။ ။
The End..

လက်မရှိပေမယ့် လေယဉ်မောင်းလိုင်စင်ရတဲ့မိန်းကလေး

လက်မရှိပေမယ့် လေယဉ်မောင်းလိုင်စင်ရတဲ့မိန်းကလေး

အတုယူဖွယ်ကောင်းတဲ့ Post လေးမို့ တဆင့်ပြန်လည် ဝေမျှလိုက်ပါတယ်
Oxford နဲ့ Cambridge ကနေပြီးသူတို့ရဲ့ အဘိဓါတ်တွေကနေ မဖြစ်နိုင်ဘူးဆိုတဲ့ Can’t / Impossible ဆိုတဲ့ ဝေါ ဟာရတွေကို ဖြုတ်ချဖို့ ပြင်ဆင်နေကြပါပြီ ။
Jessica Cox ဟာ အသက် ၂၅ နှစ်ရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီးမွေးကတည်းက လက်တွေမပါရှိခဲ့ပါဘူး ။ Arizona မှ Tucson မြို့မှာနေထိုင်ပြီး ပထမဆုံးခြေထောက်နဲ့မောင်းတဲ့ လေယဉ်မှူးလိုင်စင်လက်မှတ်ကို ထူး ထူးခြားခြား ရရှိခဲ့သူလေးဖြစ်ပါတယ် ။
သူမမှာ လက်တွေမရှိခဲ့ဘူး ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ စကားစုဟာ သူမရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ယုံကြည် ချက်တွေကို မရပ်တန့်စေနိုင်ခဲ့ဘူး ။
သူမဟာ ပထမဆုံးခြေထောက်နဲ့လေယဉ်မောင်းဖို့ကြိုးစားခဲ့တုန်းက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် အဲဒီစကား စုကို သူမကြိုးပမ်းအားထုတ်မှုတွေက ဖယ်ထုတ်ခဲ့တယ် ။
ခြေထောက်တွေနဲ့တင် စတီယာရင်ထိမ်းခြင်း နဲ့ ကျွမ်းကျင်သေသပ်စွာ မောင်းနှင်နိုင်ခြင်းတွေက သူမကို ဒီလက် မှတ်ရရှိစေခဲ့တယ် ။ ပေတစ်သောင်းအထက်ကနေ လေယဉ်နဲပျံသန်းပြခဲ့တဲ့ သူမကို တကမ္ဘာလုံးက အံ့သြမင် သက်ငေးမောခဲ့ရပါတယ် ။
“ သူဟာ တကယ့်ကို ကျွမ်းကျင်တဲ့ပိုင်းလော့တစ်ယောက်ပါ သူ့စိတ်ဓါတ်ဟာ ကျောက်စိုင်တွေလို မာကျောတယ် ” လို့ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ San Manuel’s Ray Blair Airport မှ လေယဉ်မောင်းညွှန်ကြားသူ Parrish Traweek က ပြောဆိုခဲ့ပါတယ် ။ Parrish Traweek ဟာ လေယဉ် ထိမ်းသိမ်းရေး နဲ့ ပတ်သတ်ပြီး ပိုင်းလော့ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့သူပါ ။
“ သူကားမောင်းတာ မြင်ပြီးတဲ့အခါ လေယဉ်ကိုပါ ဘာပြဿနာမှ မရှိပဲမောင်းနှင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” လို့ Traweek က ပြောခဲ့တယ် ။
ဆရာဝန်တွေက သူမ ဘာကြောင့်လက်တွေမပါပဲ မွေးလာခဲ့ရတယ်ဆိုတာ မဖြေမထုတ်ပေးနိုင်ခဲ့ပေမယ့် သူမ ကတော့ လက်အတုတပ်ပြီးဘ၀ကို ဖြတ်သန်းဖို့ကို ရဲရဲ ၀ံ့ဝံ့ ငြင်းဆန်ခဲ့တယ် ။
လက်တွေမရှိဘူး ဒါပေမယ့် ဘ၀ကို ကြိုးစားဖြတ်သန်းပြီး မဖြစ်နိုင်ဘူးဆိုတဲ့အရာကို ခြေဖျက်ပြခဲ့တယ် ။ ကျွန်တော် တို့မှာ လက်တွေရောခြေထောက်တွေရော အစုံရှိကြတယ် ဒါပေမယ့်ပါးစပ်ကနေ မဖြစ်နိုင်ဘူးလို့ တစ်ခုခု ကို ပြုလုပ်ဖို့ကြံတိုင်း ညည်းတွားနေလေ့ရှိကြတယ် ။ သူမကို အတုယူလို့ ကျွန်တော်တို့ လောကကြီးထဲ ဖြတ်သန်း ပျံဝဲဖို့ ကြိုးစားကြပါစို့

သင် Anti-Christ ကိုမသိဘဲနဲ့ ကိုးကွယ်မိနေသလား?

သင် Anti-Christ ကိုမသိဘဲနဲ့ ကိုးကွယ်မိနေသလား?

မာရ်နတ်ဆိုးဟာ လိမ်ညာခြင်း၏ ဖခင်ကြီးဆို ဒါကိုယုံတယ်နော်(ရှင်ယောဟန်ခရစ်ဝင် ၈း၄၄)။
ကျတော် တတ်နိုင်သလောက် တိုတိုတုပ်တုပ်ကလေး ဘဲရှင်းပြပါရစေ။

ဒံယေလအနာဂတ္တိကျမ်း အရ Anti-Christ ရဲ့လုတ်ရပ် ၂ ခု -

(၁) ဘုရားသခင် ၏ ပညတ်တရားတို့ ကိုပြောင်းလဲစေခြင်း။
(၂) ဘုရားသခင် ၏ ကာလအချိန်တို့ကိုပြောင်းလဲခြင်း။


ဒံယေလအနာဂတ္တိကျမ်း ၇း၂၅
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။


 ဘုရားသခင် ၏ ပညတ်တရားတို့ ကိုပြောင်းလဲစေခြင်း။
Alexander the Great ကွယ်လွန် ပြီးနောက်  သူ၏ Empire သည် ၄ ခြမ်းကွဲခဲ့သည်။ အနစ် ၁၅၀ ခန့် အကြာ၊ ၁၇၅ BC တွင် Antiochus IV Epiphanes ဟုအမည်ရ သောရောမ (Selucid) ဘုရင်သည် ကိုကျိုးရှာ လျက် ဣသရေလအမျိုးတို့အား ၇က်စက်စွာသတ်ဖြတ်၊ ဘုရားသခင်၏ နူတ်ကပတ်တော်နှင့် ဆန့်ကြင်လျက် ...မသန့်ရှင်း သော သားကောင် တို့အားယစ်ပူဇော်၊ Zeus နတ်ဘုရား ရုတ်တုကိုတည်စေ၍..ထာဝရ ဘုရားသခင်၏ ဘိမန်တော် ကိုကြီမားစွာ ညစ်ညူးစေခဲ့တယ်။ ထာဝရ ဘုရား၏ နူတ်ကပတ်တော် ကျမ်းစာလိပ်တို့ကိုလည်း မီးရို့ဖြက်စီးပျစ်ခဲ့တယ်။ နူတ်ကပတ်တော်တို့ကို မလိုက်နာရန်လဲ တားမြစ် ဥပဒေထုတ်ခဲ့တယ်။ ဤလုတ်ရပ်များ ကို "Hellenization" (ဂရိကိုရောမ Greco-Roman ၏သွန်သင်ခြင်းများ) လို့အမည်ရပါတယ်။ ရောမ Empire ကြယ်ပြန့်မူ့ နှင့်တကွ Hellenization သည်လဲ ကမ္ဘာ အနယ်နယ် အရပ်ရပ် သို့ပြန့်ပွားခဲ့တယ်။

သခင်ယေရှု နှင့် တမန်တော်များသည် သည် ဖခင်ထာဝရ ဘုရား၏ နူတ်ကပတ်တော်တို့ကို အင်မတန်နှစ်သက် လိုက်နာခဲ့သူများဖြစ်ကြတယ်(ရှင်ယောဟန်ခရစ်ဝင် ၁၀း၃၀)။ တဖန် တသွေမတိန်း လိုက်နာရန်လဲ သွန်သင် နိုးဆော်ခဲ့သောသူများလဲဖြစ်ကြတယ်။ သို့သော်များလဲ...Hellenized Church ဖခင်ကြီးများတို့၏ လွဲမှားသော် ယူဆချက် အရ ...၃ ရာစု AD ဝန်းကျင်မှစ၍ သခင်ယေရှုအား အဖထာဝရ ဘုရား၏ နူတ်ကပတ်တော်တို့ကို ဖြက်စီးသောသူ..ချိုးဖောက်သောသူ၊ အနေဖြင့် မှားယွန်းစွာ ..လူအများကို သူတို့ သွန်သင်ခဲ့တယ်။ ထိုသူတို့သည်...ကျမ်းစာက ယေရှုမဟုတ်..ယေရှုအသစ်..တရားအသစ်များကို တည်ထောင်ခဲ့ကြတယ်။ ရှင်ပေါလု ကဤအကြောင်း အရာတို့နှင့် ပတ်သက်၍ ကျတော်တို့အား အောက်ပါကျမ်းချက် ဖြင့်သတိပေးခဲ့တယ်။

ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁၁း၎
မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏
သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့မဟော မပြောသေးသော ယေရှုတပါး(ယေရှုအသစ်) ကို ဟောပြောသော်၎င်း၊၊  ...


 ဘုရားသခင် ၏ ကာလအချိန်တိုကိုပြောင်းလဲခြင်း။
အထက်ပါ နည်းလမ်း၎င်း....ဒီခေတ်ကာလ မှာ ရောမ Calendar အားဖြင့် လူအများစုဟာ အသက်ရှင်ကြရတယ်။ ရောမ calendar ဆိုဒါ အခုလက်ရှိ English calendar (January, February, March, etc....) ကိုပြောဒါ။ ဘုရားသခင်၏ Calendar သည် ရောမ calendar မဟုတ်ပါ။  ဘုရားသခင်သည် သူဖန်ဆင်း တော်မူသော နေ၊ လ၊ အသီးအနံရာသီ တို့အားဖြင့် အချိန်မှန် ကိုတွက်ချက်ရန် သွန်သင်ပေးခဲ့သည် (ကမ္ဘာဦးကျမ်း ၁း၁၄)။ သို့တွင်မက..သုထံသို့ ယုံကြည် ကိုးစားသူများ တနစ် ၃ကျိန် တိုးဝင်ခြည်းကပ် ရန်လဲနေ့မြတ်တော်များ (The Feasts of The Lord) ကိုသတ်မှတ် ညွန်ကြားခဲ့သည် (ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၄၊ ၀တ်ပြုရာကျမ်း ၂၃)။

                                                                Constantine 1

သို့သော်များလဲ...ရောမဘုရင် Constantine I သည် AD ၃၂၅ ခန့်တွင် မေရှိယ (ခရစ်တော်) ကိုလက်ခံသည် ဟု အယောင်ဆောင်ပြီး Roman Catholic (Mithraic တိုးကွယ်ခြင်း၏အဆက်) ဘာသာကို လောကနိုင်ငံရေး အတွက် တည်ထောင်ခဲ့တယ်။  ဘုရားသခင်၏ နေ့မြတ်တော် တို့ကိုပါယ်ဖြက် လျက်...နေနတ် ကိုးကွယ်သော ခရစ်မတ်(စ်) ပွဲတော်၊ နတ်သူရဲမ Easter (Ishtar) နေ့တို့ဖြင့် အစားထိုးလဲလည်ခဲ့ကြသည်။ ဘုရားသခင်၏ ၇ရက် မြောက် တ္တသမ သန့်ရှင်းသော ဥပုသ်နေ့ရက်  ကို ပထမနေ့ ("Sun" day) နှင့်ပြောင်းလဲ၊ မသန့်ရှင်းသော   အရာများနှင့်၊ သန့်ရှင်းသော အရာများကို ရောနောဖလယ် ခဲ့တယ်။

ယေဇကျေလအနဂတ္တိကျမ်း  ၂၂း၂၆
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏ သန့်ရှင်းရာဌာကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်း သောအရာ၊ မသန့်ရှင်းသောအရာ တို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သော အရာတို့ကို ရောနှော ကြ၏။ ငါ၏ ဥပုသ်နေ့တို့မှ လည်းမျက်နှာ လွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကို ခံရ၏။

တဖန် "Hellenization"  ဖြစ်ရပ်ကို ဒီအကြောင်းအရာ မှာတွေ့ရပြန်တယ်။

၁၅ ရာစုAD ဝမ်းကျင်တွင် ..ထို Roman ဘာသာ၏ မှားယွန်းချက် တို့ကိုနားလည် သိရှိလျက် လူအချို့သည် Protestants (Lutheran, baptists, methodists..etc) အနေဖြင့် ခွဲံထွက် ခဲ့ကြသည်။ သို့သော်လည်း...Roman Catholic ၏ များစွာသော ဓလေ့ထုံးစံတို့သည် Protestants တို့တွင်ဆက်လက် ပါရှိလာကြောင်း ကိုယနေ့တိုင် တွေ့ရှိရ သည်။

ထို့ကြောင့်...စိတ်မကောင်းစရာက...ယနေ့ ခရစ်ယာန်အများစု သည် အဲဒီ Constantine တီထွင်ခဲ့သော Hellenized  ဘာသာ၏ ဓလ့ထုံးဆံတို့ ကိုမသိ လစ်လူရှု့လျက် ဆက်လက် ကိုးကွယ်လိုက်နာလျက်ရှိကြသည်။



  (December 25th ၏ အမြစ်၊ Roman Church Fathers တို့၏ Mithra (Tammuz) နေနတ်  ကိုးကွယ်ခြင်း၊ နောက်တော့ ဒါဟာ Hellenized Christianity ဖြစ်လာခဲ့တယ်)

ညီအကိုမောင်နှမတို့....ဤအကြောင်းအရာတို့ကို ဆက်လက်လေ့လာလျက်...ကို့ဟာကိုပြန်မေးပါ....Anti-Christ ကဘယ်သူလဲ။
ကျမ်းစာအရ ....ဘုရားသခင် ၏ ပညတ်တရားတို့ ကိုပြောင်းလဲစေခြင်း....ဘုရားသခင် ၏ ကာလအချိန်တို့ကိုပြောင်းလဲ
စေသောသူ..တိုက်တွန်းနိုးဆော် တတ်သော သူတို့ကိုအထူးသတိထားရန် လိုအပ်ပါတယ်။

စင်ကြယ်သောအရာ၊ မစင်ကြယ်သော အရာတို့ကို ရောနှောခြင်းကို ရပ်၍...ဘုရားသခင် သုအားစစ်မှန်စွာ ယုံကြည်ကိုးကွယ် သူတွေကို အသိတရားပေး ခြင်းကိုနားညောင်းလော့။ သခင် ယေရှုမေရှိယ အားယုံကြည် ကိုးစားလျက် ၊ သန့်ရှင်းသော ဝိညင်တော်ကို သင့်ဠ် တည် စေ၍ မြတ်စွာသော ပညတ်တို့ဖြင့် လမ်းမှန်သို့ပြန်လာကြလော့။

ဗျာဒိတ်ကျမ်း ၁၈း၎
ငါ၏လူမျိုးတို့၊ သူမ(mixed worship)၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူမ၏ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း ကင်းလွတ်အံ့သောငှါ၊ သူမ၏အထဲကထွက်ကြလော့