မူလစာမျက်နှာ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday 6 December 2011

ယေရှေုက မိမိခံရသော ဘုန်းအသရေကို ယုံကြည်သူကိုပေး

     သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဖွင့်ပြမှု အားဖြင့်
ရှင်ယောဟန်(၂၇း၂၃-၂၄)  
                
                     ကိုယ်တော်သည်လည်း အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တလုံးတဝတည်းဖြစ်၍၊ တစ်လုံးတဝတည်း၌ စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွတ်တော် မူကြောင့်နှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့၊ သူတို့ကိုလည်းချစ်တော်မူကြောင်းကိုလောကီသားတို့သည် သိစေခြင်းငှါ ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သ်ူတို့အား ပေးပါပြီ။ -အို အဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အားပေးတော်မုသော ဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသောသူတို့သည်မြင်ရကမည် အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ် အလိုရှိပါ၏။

(၁) ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့အားပေးပါပြီ


      ဘုန်းအသရေ ။     ။ ဘိသိက်ခြင်း၊ တန်းခိုးနှင့်ပြည့်စုံစေခြင်း၊ အခွင့်အာဏာအပ်နှင်းခံရခြင်း။
                                     ကိုယ်တော်သည် အကျွန်ုပ်တို့အတွက် ဘုရားသခင်ထံ၌ ဆုတောင်းနေသောဆု               တောင်းချက်ဖြစ်၏။ ကိုယ်တော်သည် လောက၌ ဘုရားသခင်၏ အမှုဆောင်ရန်နှင့်     ဘုရားသခင်၏     အလိုတ်ာပြည့်စုံစေရန် အတွက်လိုအပ်သောဘိသိက်ခြင်း (ဘုန်းအသရေ) ကို ခမည်းတော်ဘုရားက  ကိုယ်တော်၌ အပ်ပေးခဲ့ပါသည်။

(၂) ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်အားပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသော သူတို့သည် ရှုမြင်ရမည်အကြောင်း

                                  

Monday 5 December 2011

ခြေနှစ်ချောင်းနှင့်မွေးလာ၍ လမ်းလျှောက်အသက်ရှင်နိုင်သော ၀က်ကလေး

                             အရင်တစ်ခါက Lady Gaga အဆိုတော်လေးဟာ သူ့ရဲ့အလ်ဘမ်မှာ (Born This Way) ဆိုတဲ့ စာတမ်းလေးနဲ့ စီးရီးတစ်ခုထုတ် ခဲ့တယ်။ စီးရီး ကာဗာ အတွက်လည်း (Born This Way)စာသားလေးနဲ့ အတူ သူ့ရဲ့ခန္ဓာအလှနဲ့ ဓာတ်ပုံတွေယူပြီး ကာဗာ လုပ်ခဲ့ပါတယ် လို့်ပြောကြပါတယ်။(Born This Way) ဆိုတာ ကတော့ (မွေးရာပါ/မိမွေးတိုင်း ဖမွေးတိုင်း)လို့ပဲ ဆိုရမှာပါ။
                           မကြာသေးခင်က တရုတ်နိုင်ငံမှာလည်း(Born This Way)ဆိုတဲ့စာတမ်းလေးက တော် တော် နာမည် ကြီးပါတယ်။ အဲးဒီနိုင်ငံရဲ့ (Born This Way) ဟာ အပေါ်က Lady Gaga နဲ့လုံးဝ မပက်သက်ပဲ ဝက်ပေါက်   တစ်ကောင်အကြောင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ Central Anhui Province နယ်မှာရှိတဲ့ Shisan ရွာလေးမှာ ဒီနှစ် ဇူလှိုင်လတုန်းက နောက်ခြေနှစ်ချောင်းလုံးဝ မပါရှိဘဲ မွေး လာတယ်။ မွေးကတည်းက နောက်ခြေနှစ်ချောင်း မပါသော်လည်း (Born This Way) ဆိုတဲ့ နာမည်းလေးပေး ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
                        ဒီဝက်လေးဟာ Wang Xihai မွေးထားပြီး မွေးချင်း ကိုးကောင်ထဲက ထူးထူးခြားခြား မွေးလာတဲ့ တစ်ကောင်ဖြစ်ပါတယ်။ ဝက်ကလေးဟာ မွေးကတည်းက နောက်ခြေနှစ်ချောင်း ပါမလာသောကြောင့် လွင့်ပစ်လိုက်ဖို့ Wang Xihai ဇနီး ပြောသော်လည်း သူက ဒီဝက်လေးက အသက်ရှင်တဲ့ ဝက်ဖြစ်သောကြောင့် ဆက်လက်ကြွေးမွေး ဆုံးဖြတ်ပြီး ဆက်လက်ကြွေးမွေးခြင်း ဖြစ်ပါတယ်။
                        ယခုဆိုရင် ဒီဝက်လေးဟာ သူ့ရဲ့ရှေ့ပိုင်းခြေနှစ်ချောင်း နဲ့ လမ်းလျှောက်သွားလာ နိုင်ပါသည်။ ဒီဝက်ကလေးဟာ အံ့သြစရာကောင်းသောကြောင့် လူအများသည် နေ့စဉ်မပြတ် လာရောက်ကြည့်ရှု့ ကြပါသည်။့ ပြီးနောက် ငွေချမ်းသာတစ်စုက ဒီဝက်ကလေးကို (Circus) မှာပြသဖို့ ငွေကြေးနဲ့ ကမ်းလှမ်းလာကြတယ်။ ဒါပေမဲ့ ဝက်ပိုင်ရှင် Wang Xihai က ငွေကြေးဘယ်လောက်ပေးပေး မရောင်းဘူးလို့    ပြောလိုက်ပါတယ်။ ဘာလို့ ဝက်ကို ဒီလောက်တန်ဖိုး ထားသလဲဆိုရင် ကျွန်တော်တို့ ဤလောကကို စရောက်ကတည်းက ဘယ်လိုပုံစံ နဲ့ပဲဖြစ်ဖြစ် ဒီဝက်ကလေးကဲ့သို့ ရှင်သန်နိုင်ကြာင်းကို သက်သေပြခြင်း ဖြစ်ပါတယ်။
                       ပြီးနောက် သူ့ရဲ့ ရွာသူရွာသားများကလည်း ဝက်ကလေးရဲ့ ကြီးပြင်းပုံကို ကြည့်ပြီး(Zhu Jianqiang) တရုတ်စကား( Strong - willed Pig) အရမ်း စိတ်ခိုင်သော ဝက်ဆိုပြီး နာမည်တပ်ပေးကြတယ်။ ဤကဲ့သို့ ကျွန်တော်တို့ ဘဝခရီးမှာလည်း ရင်မဆိုင်ရဲလောက်အောင် ပြဿနာနဲ့ ကြုံတွေ့ ရတဲ့ချိန်တွေမှာ ဒီဝက်လေး အကြောင်းကို သတိရပြီး ဘဝမှာ ရင်ဆိုင်ဦးမော့ နိုင်ဖို့ ခွန်အားယူကြရအောင်လို့ တိုက်တွန်း ရင်း..........................
                      
                          

Thursday 10 November 2011

သမ္မာကျမ်းရှိနာမည်များ၏အဓိပ္ဂာယ်များ

သမ္မာကျမ်းရှိနာမည်များ၏အဓိပ္ဂာယ်များသမ္မာကျမ်းစာမှ အမည်များ

စတုတ္ထရာစု လွဲမှားသောအယူဝါဒ သွန်သင်ချက်များ (ခရစ်ယာန်ဟုအမည်ခံထားသောသူများအရေးကြီးသောသိထားစရာ)

၁။ARIANISM အရိယမ်နိဇင် အယူဝါဒ
        ARIUS(အေဒီ ၂၇၀-၃၃၀) သည်အလက်ဇန္ဒြားယားအသင်းတော်၏ BISHOP ဖြစ်လာသည်။  စတုထ္ထရာစုတွင် ပေါ်ပေါက်သည့် လွဲမှားသောအယူဝါဒမှာ အာရိယပ်၏အယူဝါဒ ဖြစ်သည်။ အာရိယပ်သည် အလက်ဇန္ဒြားယားအသင်းတော်၏ နာမည်ကြီးသော ဂိုဏ်းချုပ်တစ်ပါးဖြစ်သည်။သူသည် အာရိယမ်နိဇင် (ARIANISM) ခေါ် အတွေးအခေါ် အယူဝါဒ အသစ်တစ်တစ်ခု တီထွင်ပြဌာန်းသည်။ သူ၏အယူဝါဒမှာ " ယေရှုသည် ဘုရားမဟုတ် လူသားဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကောင်းကင်ဘုံမှသာ အမြဲကိန်းဝပ်သည် ဤလောကတွင် ကျွန်ုပ်တို့ မရရှိနိုင်ပါ။ ထို့ကြောင့်ခမည်းတော် ဘုရားသခင်တစ်ပါးတည်း ကိုသာ ယုံကြည်ပြီးဆက်ရမည်" ဟူသောအယူဝါဒ ဖြစ်သည်။
                  ဤအာရိယမ်၏ အယူဝါဒသည် အီဂျစ်အသင်းတော်တစ်ပါးတည်းမက အသင်းတော်အားလုံးကို လွမ်းမိုးသွားသည်။ ထိုအချိန်တွင် အခြားနာမည်ကြီး BISHOP တစ်ပါးပေါ်ပေါက်ခဲ့သည်။ အသာနီးဆီးယပ် (ATHANASIUS) အေဒီ ၁၉၀-၃၇၃ သည် အာရိယမ်၏ လွဲမှားသော အယူဝါဒကို ခိုင်ခိုင်ခန့်ခန့်တွန်းလှန်ခဲ့ သည်။ အသာနီးဆီးယပ်သည် ရှင်မာကု၏ အမျိုးမှ ဆင်းသက်လာသူဟုယူဆကြသည်။ BISHOP ATHANASIUS သည် အီဂျစ်ကော့သစ်တွင် အလွန်နာမည်ကြီးသော ဂိုဏ်းချုပ်တစ်ပါးဖြစ်သည်။ သူသည်အီဂျစ်ကော့သစ် ဂိုဏ်းရှိ အသင်းတော်အားလုံးထံ စာရေးပေးပို့ခဲ့သည်။ ဂိုဏ်တွင် ဘုန်းတော်ကြီးအား လုံးကို တစ်နေရာတည်းမှာစုဝေးစေပြီး အာရိယပ်၏ လွဲမှားသောပြဿာနာကို ညှိနှိုင်းဖြေရှင်း ခဲ့ကြသည်။ ထိုအစည်းအဝေးတွင်း ရောမအသင်းတော်ကို မဖိတ်ခေါ်ပါ။ ကွန်စတန်တီနိုပယ်အသင်းတော်ရှိ နိုက်ဆီးယား (NICAEA) မြို့တော်တွင် စည်းရုံး စုဝေဖို့ ရွှေးချယ်ခဲ့သည်။ ၄င်းအစည်းအဝေးမှာ ပထမဦးဆုံး ကောင်းစီအ စည်းဝေဖြစ်သည်။ " 1st Council of Nicaea" (AD 325) ဂိုဏ်းချုပ်ပေါင်း ၃၅၀ တို့သည် နိုက်ဆီးယားတွင် အစည်းအဝေးတက်ရောက်ကြသည်။ ဤကောင်စီတွင် အောက်ပါအချက်များကို ဆုံးဖြတ်ချက်ချခဲ့ကြသည်။
၁၊ (ARIANISM) အာရိယမ်နစ်ဇင် အယူဝါဒသည် လွဲမှားသော အယူဝါဒ ဖြစ်သည်ဟု ကြေငြာသည်။
၂၊ သခင်ယေရှုသည်ဘုရား စစ်စစ်ဖြစ်သည်။
၃၊ သခင်ယေရှုသည်ဖန်ဆင်းခံရသော ဂုဂ္ဂိုလ်မဟုတ်ပါ။ ဖန်ဆင်းရှင်ဖြစ်သည်။
၎၊ သခင်ယေရှုသည် ခမည်းတော်ဘုရားနှင့် ကဏ္ဍတိုင်းတွင်ထပ်တူညီမျှ ဖြစ်သည်။
        ဤကောင်းစီသဘောတူညီချက်အရ နိုက်ဆီး (NICENE CREED) ယုံကြည်ခြင်း ခုံယူချက်ပေါ်ပေါက် လာသည်။ နိုက်ဆီးခံယူချက်သည်အစဦး၌ ရိုမင်ကက်သလစ်ဂိုဏ်း၏ အမြင့်ဆုံး အဓိက ခံယူချက်အဖြစ် ရပ်တည်ခဲ့သည်။ နောက်ပိုင်းတွင် ဂရိသြသဒေါ့ အသင်းတော်၊ အင်္ဂလိကန်အသင်းတော်၊ ပရိုတက်စတင့်အ သင်းတော်အားလုံးတို့၏ ယုံကြည်ချက်၊ခံယူချက်ဖြစ်လာသည်။ 
          ဤအစသည်းအဝေး ပြီးစီးသည့်နောက်ပိုင်းတွင် အစည်းအဝေးတွင်မပါဘဲကျန်နေသော များစွာ သောဂိုဏ်းချုပ်များက ဤနိုက်ဆီးဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွတ်ခဲ့ကြသည်။ မည့်သည့်နေရာ တွင်မဆို ဂိုဏ်းချုပ်များက လက်မခံလိုကြပေ။ ၀န်မခံကြပါ။ သဘောတူလက်မှက်မထိုးကြပါ။ ဂိုဏ်ချုပ်များ၊ ဧကရာဇ်မင်း၊ တရာသူကြီးချုပ်များ၊ အပါအ၀င်ဤ ကြေညာစာတမ်းအပေါ် ၀န်ခံလက်မှတ်ရေးထိုးခြင်းမပြု ကြပါ။
             ဤအစည်းအဝေး ဆုံးဖြတ်ချက်ပေါ်ပေါက်ပြီး နှစ်ပေါင်း (၇၀) ခန့်တွင် အာရိယပ် နှင့် အသာနီးဆီးယပ်သည်တို့သည်အယူအဆပိုင်းတွင် ပြင်းထန်စွာတိုက်ပွဲဝင်နေခဲ့ကြသည်။ထို့ကြောင့်အသင်း
တော် အတော်များများက ဤကြေညာစာတမ်းကို လက်ခံကျင့်သုံးမရဖြစ်နေကြသည်။ အေဒီ ၃၃၀ တွင် အာရိယပ်သေဆုံးသွားခဲ့သည်။ အေဒီ ၃၇၃ မှာအသာနီးဆီးယပ်လည်းသေ ဆုံးသည်။ အဓိကအတိုက်အခံ ပုဂ္ဂိုလ် ကြီးနှစ်ပါး ဆုံးသွားကြသဖြင့် ပထမကြေညာစာတမ်းကို ပိုမိုကျစ်လစ် ခိုင်မာစေရန် အေဒီ ၃၈၁တွင်  ဒုတိယအကြိမ်အစည်းအဝေးခေါ်ကြသည်။ ဤအစည်းအဝေးကို "THE COUNCIL OF CONSTANTINOPLE" ဟုခေါ်သည်။ ကွန်စတန်တီနိုပယ် အစည်းဝေးတွင် အောက်ပါအတိုင်းဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
 ၁၊ အာရိယပ် (ARIUS)  ၏သင်သင်မူကိုတရားဝင်ငြင်းပယ်ခဲ့ကြောင်း၊
၂၊ သုံးပါးတစ်ဆူ အယူဝါဒကို တရားဝင် လက်ခံကျင့်သုံးခဲ့ကြောင်း၊
        ထိုအချိန်မှစ၍ ယနေ့တိုင်အောင်သုံးပါးတစ်ဆူအယူဝါဒကို ဆက်လက်ခံကျင့်သုံးကြသည်။ ဒုတိကောင်စီကျင်းပပြီးသည့်နောက်တွင်ရိုမင်ကက်သလစ်အသင်းတော်သည်မယ်တော်မာရိနှင့်ပတ်သတ်
သော ခံယူချက်များကို ပြဌာန်းကျင့်သုံးလာကြသည်။
             အေဒီ ၃၁၃တွင် ရောမဧကရာဇ် ကွန်စတင်တိုင်တီက ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းခဲ့သည်။ နောက်ပိုင်းတွင် မယ်တော်မာရိ၏ အယူဝါဒကို အသင်းတော်၌ ကျင့်သုံးလာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်ယာန်ဘာသာ ရောမနိုင်ငံကို မရာက်မီ ရောမနိုင်ငံသားများသည် ဗာဗုလုန် ဘုရားမကို ကိုးကွယ်ခဲ့ကြသည်။ ထိုဘုရာမ၏အမည်မှာ ဒိုင်ယာနာ(DIANA) ဖြစ်သည်။ (SEMIRAMIS)
ရှေမိရာမိခေါ် ဗာဗုလုန်နတ်ဘုရာမဖြစ်သည်။ ရောမက (DIANA) ဟု အမည်ပေးကြခြင်းဖြစ်သည်။ ဒိုင်ယာ နာခေါ် ရှေမိရာမိသည် သူ့ရင်ခွင်ထဲ၌ ကလေးတစ်ယောက်ပွေ့ချီထားသည်။ ဒိုင်ယာနာရင်ခွင်ထဲမှာ ရှိသောကလေးအမည်မှာ တာမွတ်(TAMMUZ)ဟု ခေါ်သည်။
            အေဒီ ၃၁၃ နောက်ပိုင်းတွင် ရောမအသင်းတော် ပေါ်ပေါက်လာသော်လည်း ပြဿနာတက်လာ သည်။ ရောမတိုင်သူပြည်သားတို့သည် ခရစ်တော်၏သတင်းကောင်းကိုလက်ခံရန်တုံ့ဆိုင်းနေကြသည်။ အဓိကပြဿနာမှာ သူတို့ကိုးကွယ်နေသောဘုရားသည် ဘုရားမဖြစ်သည်။ ခရစ်ယာန်ဘုရားက ယောကျာ်း ဘုရားဖြစ်နေသောကြောင့်ဖြစ်သည်။
          ထို့ကြောင့်ရောမအသင်းတော်ရှိ ဂိုဏ်းချုပ်များနှင့်ဓမ္မပညာရှင်များသည် အစည်းအဝေးတွင်တိုင်ပင် ကာ ရောမနိုင်ငံသားတို့၏ အမြစ်စွဲနေသော ဗာဗုလုန်ဘုရား ကိုးကွယ်မူနှင့် ခရစ်တော်၏သတင်းကောာင်း ကို မည်ကဲ့သို့အစားထိုးရမည်ကို စဉ်းစားကြသည်။ နောက်ဆုံးတွင်ဓမ္မပညာရှင်များက အကြံတစ်ခုရကြ သည်။
           ဧကရာဇ်မင်းကြီးထံ ဘာသာအသစ်တစ်ခုဖြစ်သည့် ခရစ်ယာန်တွင်လည်း ဘုရားမရှိဟု လျှောက် တင်ကြသည်။ ထို့ကြောင့်မယ်တော်မာရိကို (SEMIRAMIS) ရှေမိရာမိ ဘုရားမနေရာရောက်အောင် မြင့် တင်ပေး၍ သခင်ယေရှုခရစ်တော်ကိုကား ရှေမိရာမိရင်ခွင်ထဲမှာရှိသော တာမွတ်နေရာတွင် ကလေးငယ် အဖြစ် အစားထိုးပေးလိုက်သည်။
             ထို့ကြောင့်အသင်းတော်တွင်တရားဝင်ရုပ်ပုံကိုပြဌာန်းခဲ့ကြသည်။ မယ်တော်မာရိနှင့် ရင်ခွင်ထဲရှိ သားတော်ယေရှုခရစ်ပုံကို တရားဝင်ပြဌာန်းခဲ့သည်။ ရောမအသင်းတော်နှင့် ရောမအင်ပါယာလွမ်းမိုး သည့် နိုင်ငံတိုင်တွင် မယ်တော်မာရိနှင့် ရင်ခွင်ထဲကသားတော်ယေရှု ပုံကိုတရားဝင်ပြဌာန်းကိုးကွယ်ကြသည်။ ကျန်အသင်းတော်များက ဤကဲ့သို့မလုပ်ဆောင်ကြပါ။ ရောမအသင်းတော်များကကိုယ်တိုင် ကျင့်သုံးသည့် အတိုင်း အခြားအသင်းတော်များလည်း လက်ခံကျင့်သုံးရန်တောင်းဆိုသည့်အခါ အခြားအသင်းတော်များက လက်မခံကြပါ။
            ရောမအသင်းတော်တွင်စိုးရိမ်မှုတစ်ခုတော့ရှိသည်။ သူတို့ကမယ်တော်မာရိ ပုံကို ကိုးကွယ်သော အခါ ကျန်သောအသင်းတော်များက သူတို့ကို လွဲမှားသောအယူဝါဒ ဟု စွပ်စွဲမှာကို ကြောက်ရွံ့လာကြ သည်။ ထိုခေတ်ထိုအချိန်သည် ရောမအသင်းတော်၏ တန်ခိုးအဏာ လွမ်းမိုးချိန်ဖြစ်သည်။ ထိုအခါအသင်း တော်များ၏ တတိယအကြိမ်  ကောင်စီအစည်းအဝေးကျင်းပရန် အခြားအသင်းတော်များ ကိုဖိတ်ခေါ်ခဲ့သည်။
             အေဒီ ၄၃၁ တွင် တတိယအကြိမ်မြောက် ဧဖက်ကောင်စီ အစည်းဝေးကို ခေါ်ယူခဲ့သည်။ ထိုအ စည်းအဝေးကို "3rd The Council of Ephesus (AD 431)" ဟုခေါ်သည်။ ဤတတိယ ကောင်စီအစည်း အဝေးတွင် အလွန်အရေးကြီးသော ဆုံးဖြတ်ချက် (၃)ခုချမှတ် ခဲ့ကြသည်။
 ၁၊ လူသား၏လုံးဝဥဿုံ ပျက်စီးခြင်း (Human Total Depravity)
         ပထမ ဆုံဖြတ်ချက်မှာ လူသားများသည် လုံးဝဥဿုံ ပျက်ဆီးနေသည်။ ကိုယ့်ကို ကိုယ်မကယ်တင် နိုင်ကြပါ၊ လုသားများသည်ဘုရားကျေးဇူးတော်ကိုလိုအပ်သည်   ဟူသောယုံကြည်ချက်ဖြစ်သည်။
          ဤဆုံးဖြတ်ချက်ကို နောက်နှစ်ပေါင်း (၁၀၀၀)ကြာသောအခါမှ ဂျွန်ကယ်လ်ဗင်(John Calvin) က လက်ခံ ကျင့်သု့းသည်။
  ၂၊ မယ်တော်မာရိ၏ ထာဝရ အပျိုစင်ဖြစ်ခြင်းအယူဝါဒ
        အမှန်မှာ- မယ်တော်မာရိသည် သခင်ယေရှု မွေးဖွားပြီး ယောသပ်နှင့် အိမ်ထောင်ကျကာ ဆက်လက်၍ သားသမီးများ မွေးဖွားခဲ့သည် (မဿဲ ၁၃း၅၅-၅၆)။ ထိုကြောင့် မယ်တော်မာရိသည် ထာဝရ အပျိုစင်မဖြစ်နိုင်ပါ။
 ၃၊ သန့်ရှင်းသော မယ်တော်မာရိဖြစ်သည် ဟူသော အယူဝါဒ
              ဤပြဌာန်းချက် အနက် (၂) နှင့် (၃) အယူဝါဒကို အစည်းအဝေးတက်ရောက်လာသည့် သမ္မာတရားကိုနားလည်သောအချို့ ကိုယ်စားလှယ်များက လက်မခံကြပေ။ ထိုကောင်စီစည်းဝေးပွဲပြီးသည့် နောက်ပိုင်း၌ ဤအချက်များမှ ကြီးမားသော အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ သည်။
             အေဒီ  ၄၅၁ တွင် စတုတ္ထုအကြိမ် ကောင်စီအစည်းအဝေးခေါ်သည်။ ထိုအစည်းအဝေးကို "4th The Council of Ephesus (AD451)" ဟုခေါ်သည်။ ဤကောင်စီအစည်းဝေးမှ အလွန်အရေးကြီးသော ဆုံးဖြတ်ချက် (၄)ချက်ကို ချမှတ်နိုင်ခဲ့သည်။
 ၁။ မယ်တော်မာရိ၏ ထာဝရ အပျိုစင်ဖြစ်ခြင်း အယူဝါဒကို တရားဝင်လက်ခံကြောင်း၊
 ၂။ သန့်ရှင်းသော မယ်တော်မာရိ အယူဝါဒ ကိုလည်း တရးဝင်လက်ခံကြောင်း၊
       ထိုဆုံးဖြတ်ချက်များကို တရားဝင်လက်ခံကြသောကြောင့် ယနေ့ ရိုမန်ကက်သလစ် အယူဝါဒကို အခြားအသင်းတော်များဖြစ်သော ဂရိသြသဒေါ့အသင်းတော်၊ အီဂျစ် သြသဒေါ့ အသင်းတော် တို့ကလက်ခံကျင့်သုံးကြသည်။ ယနေ့သြသဒေါ့ အသင်းတော်များကို လှည့်လည် ကြည့်ရှုပါက ရိုမင်ကတ်သလစ် အသင်းတော်နှင့် တစ်ပုံစံတည်း ဖြစ်သည်။ အသင်းတော်အတွင်းသို့ ၀င်ကြည့်လျှင် မယ်တော်မာရိက သားတော်ယေရှုကို ပွေ့ချီထားသော ရုပ်ပုံကိုတွေ့မြင်နိုင်ပေလိမ့်မည်။
 ၃။ ယေရှု၏လူသားစစ်စစ်ဖြစ်ခြင်းကိုလက်ခံကြသည်။
 ၄။ယေရှု ခရစ်တော်သည်လုံးဝ ဥဿုံ ဘုရားစစ်စစ် ဖြစ်ခြင်းကို လက်ခံကြသည်။
           ရောမအသင်းတော်၏ ဖိအားပေးမှုကြောင့် ဤကောင်စီမှာ အစည်းအဝေးထိုင်သည့် အခြားအသင်းတော်များမှ ဂိုဏ်းချုပ်ကြီးအပါး (၆၀၀) ကလည်း ရောမ အသင်းတော်၏ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ကြသည်။ ဤကောင်စီ (၄)ခုကို Ecumenical Councils = စ
         
          
                                              

Tuesday 8 November 2011

အသင်းတော်၏ရည်ရွယ်ချက်

အသင်းတော်၏ရည်ရွယ်ချက်
     တမန်တော်ဝတ္ထု ၂း၄၂သည် အသင်းတော်၏ရည်ရွယ်ချက်ဖော်ပြပေးထားသောကျမ်းပိုဒ်ဖြစ်သည။ “ထိုသူများသည် တမန်တော်များ၏ဆုံးမသြ၀ါဒပေးကိုခံခြင်း၊ အပေါင်းအသင်း ဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။” ဤကျမ်းပိုဒ်အရ အသင်းတော်၏ လှုပ်ရှားမှု/ ရည်ရွယ် ချက်များသည်- ၁။ သမ္မာကျမ်းစာနှင့်ကိုက်ညီသောသွန်သင်ခြင်း၊ ၂။ ယုံကြည်သူများစုရုံး ၍ဘုရားသခင်ကို ကိုးကွယ်နိုင်ရန်အတွက်နေရာပြင်ဆင်ပေးထားခြင်း ၃။ ပွဲတော်မင်္ဂလာကိုသုံးဆောင်ခြင်း ၄။ ဆုတောင်းခြင်း စသည် တို့ဖြစ်နိုင်သည်။
      (၁) - သမ္မာကျမ်းစာနှင့်ကိုက်ညီသောသွန်သင်ခြင်း
      သမ္မာတရားနှင့်ပတ်သတ်လာလျှင် ဘတ်မလိုက်သော သွန်သင်ချကလူမျက်နှာကိုထောက်၍ အားနာနေ သွန်သင်ချက်မျိုးမဟုတ်ဘဲ သခင်ယေရှုခရစ်တော်ပြောသောစကားကို စကားအတိုင်း ရှင်းလင်း စွာပြောထုတ်ရ မည်။ သခင်ခရစ်တော်ကိုယုံကြည်ကိုးစားသောသူများကလည်းနာခံခြင်းဖြင့် အသက် ရှင်ရ မည်။ သို့မှသာ သခင်အလိုရှိသောအသင်းတောအခင့်စကားစစ်ကိုကြား၍ပြန်လာသောဘုရားသားသမီး များစု သောအသင်း တော်ဖြစ်လာမည်။ သခင်ယေရှု၏သြ၀ါဒစစ်စစ်ဖြင့်ရှင်သန်ကြီးထွားနေသော အသင်းတော်ကို မှ သခင်က ကျောက်ပေါ်မှာဆောက်သောအသင်းတော်လို့ခေါ်ပါသည်။
      အသင်းတော်က သမ္မာကျမ်းစာနှင့်ညီညွတ်သောယူဆချက်များသွန်သင်ရမည်။ သို့မှသာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ အမြစ်တွယ်နိုင်မည်ဖြစ်သည်။ ဧဖက် ၄း၁၄ထဲတွင် “ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါလှည့်ဖြားပြောဆိုသဖြင့်၊ ငါတို့သည် နာက် တဖန်ခပ်သိမ်း သောသြ၀ါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ်စေနှင့်” ဟုဖော်ပြထားပါသည်။ အသင်းတော်ဟူ သည် မိတ်သာဟာရဖွဲ့ရသောနေရာဖြစ်သည်။ ထိုနေရာသည် ခရစ်ယာန်များသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်သစ္စာရှိ၍ အချင်းချင်းအရိုအသေပေးသောနေရာ(ရောမ ၁၂း၁၀)၊ ဆုံးမသွန် သင်သောနေရာ (ရောမ ၁၅း၁၄) အချင်းချင်း အပေါ်ဂရုဏာထား၍ချစ်ခင်မြတ်နိုးသောနေရာ (ဧဖက် ၄း၃၂)၊ အချင်းချင်း ခွန်အား ပေးနေရာ (၁သက် ၅း၁၁)၊ အထူးသဖြင့် ချစ်ခြင်းမေတ္တာထားရှိသောနေရာ (၁ယော ၃း၁၁)ဖြစ်သည်။
      အသင်းတော်သည် ယုံကြည်သူများအတူတကွပွဲတော်မင်္ဂလာကိုသုံးဆောင်သောနေရာခရစ်တော် အသေ ခံခြင်းနှင့် ကျွန်ုပ်ုတို့ကိုယ်စားအသွေးတော်သွန်းလောင်းခြင်းကို သတိရအောက်မေ့သောနေရာဖြစ် သည် (၁ကော ၁၁း၂၃-၂၆)။ “မုန့်ချိုးဖဲ့ခြင်း” ခံယူချက်သည် (တမန် ၂း၄၂) ညနေစာအတူတကွ သုံးဆောင်ခြင်း သဘောကိုဆောင်ပါသည်။ ၄င်းသည် အသင်းတော်မိတ်သာဟာရဖွဲ့ခြင်းအတွက် ဥပမာ တစ်ခုဖြစ်သည်။ တမန်တော်ဝတ္ထု ၂း၄၂အရ အသင်းတော်၏နောက်ဆုံးရည်ရွယ်ချက်သည် ဆုတောင်းခြင်းဖြစ်သည်။ အသင်းတော်သည် ဆုတောင်းခြင်းဦးစားပေးသောနေရာ၊ ဆုတောင်းခြင်းသွန် သင်သောနေရာ၊ လက်တွေ့ ကျကျဆုတောင်းသောနေရာဖြစ်ရမည်ဖြစ်သည်။ ဖိလိပ္ပိ ၄း၆-၇ ထဲတွင် ကျွန်ုပ်တို့ကို ဤသို့ခွန်အားပေး ထးပါသည်။ “အဘယ်အမှုကိုမျှစိုးရိမ်းခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော် ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြ လော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ် သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”
      အသင်းတော်အတွက် အခြားသောမဟာစေခိုင်းချက်တစ်ခုသည် သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းသတင်းကောင်းကြွေးကြော်ခြင်းဖြစ်သည် (မဿဲ ၂၈း၁၈-၂၀)။ အသင်းတော်သည် ကယ် တင်ခြင်းသတင်းကောင်းကို နှုတ်နှင့်အပြုအမူအားဖြင့် သစ္စာရှိစွာ ဝေငှသက်သေခံရမည်ဖြစ်သည်။ အသင်းတော်သည် “အသင်းထွန်းတောက်သောအိမ်”ဖြစ်ရပေမည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏သခင် နှင့်ကယ်တင်ရှင်ဖြစ်ကြောင်း လမ်းပြရမည်ဖြစ်သည်။ အသင်းတော်သည် သတင်းကောင်းဝေငှသောနေရာ နှင့်  ၄င်း၏အသင်းဝင်သူများကိုလည်း ကယ်တင်ခြင်းသ တင်းကောင်းကြွေးကြော်ရန် ပြင်ဆင်ပေးထားသော နေရာ (၁ပေ ၃း၁၅)ဖြစ်သည်။
          အသင်းတော်၏နောက်ဆုံးသောရည်ရွယ်ချက်များကို ယာကုပ် ၁း၂၇ ထဲတွင် ဖော်ပြထားပါသည်။ “ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသောသီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုတ် ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလော ကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင်းရှောက်ခြင်းပေတည်း။” အသင်းတော်သည် မရှိဆင်းရဲ သားများကို ကူညီဖေးမ သောအသင်းတော်ဖြစ်သည်။ အသင်းတော်သည် ၀ိညာဉ်ရေးရာလို အပ်သော သူများကို ကယ်တင်ခြင်းအ ကြောင်းဟောခြင်းအတွက်သာမဟုတ်ဘဲ သူတို့၏ခန္ဓာကိုယ်နှင့်စပ်ဆိုင်သော လူအပ်ချက်များ (အစားအစာ၊ အ၀တ်အစားနှင့် လွှမ်းခြုံစရာများ)ကို ဖြည့်ဆည်းပေး ထားသောနေ ရာဖြစ်သည်။ ခရစ်တော်ထဲတွင်ရှိသော ယုံကြည်သူများသည် အပြစ်တရားနှင့် လောကီညစ် ညမ်းခြင်း မှ လွှတ်မြောက်နိုင်ရန် အသင်းတော်က စီမံပေး ရမည်ဖြစ်သည်။ အသင်းတော်သည် သမ္မာကျမ်းစာနှင့် ညီညွတ်သောသွန်သင်ခြင်းနှင့် ခရစ်ယာန်များမိတ် သာဟာရဖွဲ့ခြင်းများပြုလုပ်ပေးသောနေရာဖြစ်သည်။
        ထိုကြောင့်၊ အသင်းတော်၏ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သနည်း။ ရှင်ပေါလုက ကောရိ န္တုသြ၀ါဒ စာထဲတွင် ယုံကြည်သူများအတွက် အကောင်းဆုံးသော နမူနာပုံစံ ကိုဖော်ပြ ထားပါသည်။ အသင်းတော် သည် ဤလောကတွင် ဘုရားသခင်၏ လက်တော်များ၊ နှုတ် ခမ်းနှင့်ခြေထောက်တော်- ခရစ်တော်၏ခန္ဓာ ကိုယ် (၁ကော ၁၂း၁၂-၁၇)ဖြစ်သည်။ ခရစ်တော်သည် ဤလောကတွင် လူတစ်ဦးအဖြစ်အသက်ရှင်သေး လျှင် လုပ်ဆောင်ရမည့်အရာများ ကျွန်ုပ်တို့သည်လည်း လုပ်ဆောင်ရမည်ဖြစ်သည်။ အသင်းတော်သည် “ခရစ်ယာန်”၊ “ခရစ်တော်နှင့်တူသောသူများ”၊ “ခရစ်တော်နောက်လိုက်သောသူများ” ဖြစ်သည်။

Friday 21 October 2011

သတင်းအချက်အလတ်(မောင်ပါလ ဘလော့ဂ်မှ)

တော်တော်ခက်ပါလား ကိုယ်ရွှေမြန်မာတွေရယ်

>> Friday, October 21, 2011

ပြီးခဲ့တဲ့ ၁၇-ရက်နေ့က မြန်မာနိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီး မလေးရှားကို ရောက်လာတယ်။ မလေးရှားအစိုးနဲ့တွေ့ပြီး မြန်မာနဲ့မလေးရှား အကျဉ်းသားချင်းလဲလှယ်မယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ဒီကိစ္စကို မလေးရှား NGOs တွေနဲ့ တချို့မြန်မာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။ သတင်းဌာနတွေမှာ ဖြေထားကြတဲ့ တချို့မြန်မာတွေကျပြန်တော့လည်း မလေးအစိုးရရဲ့ အစီအစဉ်ကောင်းပါတယ်ဆိုပြီး ဖြေထားကြတယ်။ ကဲ…… ကိုယ်ရွှေမြန်မာတွေ မခက်ပါလားဗျာ။

ကိစ္စက မြန်မာဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကိစ္စပါ။ ဒါကို NGOs တွေက လူအခွင့်အရေးချိုးဖောက်မှု အကြောင်းအရာတွေကို ထောက်ပြပြီး ကန့်ကွက်နေကြတယ်။ ဒီလို ကန့်ကွက်နေကြတဲ့အချိန်မှာပဲ ကိုယ့်မြန်မာလူမျိုးတွေ၊ အဖွဲ့အစည်းတွေထဲကပဲ အကျဉ်းသားချင်း လဲတာ ကောင်းပါတယ် ထအော်ကြပြန်တော့ NGOs တွေခမျာ ဆက်ပြီးပဲကန့်ကွက်ရမလို၊ ရပ်ပြီးတော့ပဲ ကြည့်နေရတော့မလို ဖြစ်ကုန်ကြတော့မှာပေါ့။

မလေးရှားအစိုးရဟာ ကမ့်တွေထဲမှာ ဖမ်းထားတဲ့သူတွေကို သဘောကောင်းစွာ ပြန်ပို့ချင်မှဖြင့် ခုချိန်ထိတောင် စောင့်နေစရာ မလိုဘူးထင်ပါတယ်။ အကျဉ်းသားချင်းလဲမယ်လို့ ကြေငြာပြီး NGOs တွေရဲ့ အငြိုအငြင်ကို ခံစရာလည်း မလိုဘူးထင်ပါတယ်။ “ကမ့်ထဲမှာဖမ်းခံနေရသူတွေ မိမိနိုင်ငံပြန်လိုပါက မလေးရှားအစိုးရစားရိတ်နှင့် ပြန်ပို့ပေးမည်” လို့ပဲ ကြေငြာကြည့်လိုက်ပါ။ ကမ့်ထဲကဖမ်းခံနေရသူတွေ ပြန်လိုက်ကြမယ့်ဖြစ်ခြင်း၊ ၀က်ဝက်တောင်ကွဲသွားအုံးမယ်။ ကမ့်တွေထဲမှာလည်း လူမရှိတော့လို့ သူရဲခြောက်မှာတောင် ကြောက်ရအုံးမယ်။ NGOs တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း မလေးရှားအစိုးရကို ချီးမွမ်းထောပနာ ပြုလုပ်ကြမယ့်ဖြစ်ခြင်း၊ ဆုတွေပေးလွန်းလို့ ထားစရာနေရာမရှိလောက်အောင်တောင် ဖြစ်သွားအုံးမယ်။

မလေးရှားအစိုးရက အဲလိုလုပ်ပေးလို့ရပေမယ့် မလုပ်ပေးဘဲ မြန်မာအစိုးရနဲ့ ညှိပြီးတော့မှ အကျဉ်းသားချင်းလဲမယ်ဆိုပြီး ဖြစ်လာတာဟာ အဖမ်းခံနေရတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ရိုးသားစွာ ပြန်ပို့ပေးချင်တာနဲ့ ကမ့်တွေထဲမှာ လူလျော့ချချင်ရုံ သက်သက်လောက် သွေးရိုးသားရိုး ဖြစ်နိုင်ပါ့မလား။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ကိုယ့်ကျိုးစီးပွားတခုတည်း ကြည့်ကြတဲ့ နိုင်ငံတွေပါ။ အကုန်လုံးဟာ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ရပ်တည်နေကြတဲ့ နိုင်ငံတွေချည်းပါ။ ကိုယ့်အတွက်မကျန်ရင် ဘာမှလုပ်မယ့် နိုင်ငံတွေ မဟုတ်ပါဘူး။

ခုလို အကျဉ်းသားချင်းလဲကြမယ် ဆိုတဲ့ကိစ္စမျိုးဖြစ်လာဖို့ မြန်မာဝန်ကြီးက မလေးရှားအစိုးရကို ဘာတွေ လက်သိပ်ထိုးပေးလိုက်ရသလဲ။ ဘာစီးပွားရေးတွေ မြန်မာပြည်မှာလုပ်ခွင့်ပေးပါ့မယ်လို့ လူမသိ သူမသိ ကတိပေးလိုက်ရပြီလဲ။ မလေးရှားအစိုးရကရော မြန်မာအစိုးရကို ဘာပြန်လုပ်ပေးပါ့မယ်လို့ ကတိပေးလိုက်ပါသလဲ။ (ဥပမာ…. အာဆီယံဥက္ကဌဖြစ်ရေး ၀ိုင်းပြီးထောက်ခံပေးပါမယ် ဆိုတာမျိုးပေါ့)

ဒါကြောင့် အကျဉ်းသားချင်း လဲမယ်ဆိုတဲ့ အစီအစဉ်ကို ကောင်းပါတယ်လို့ ပြောနေကြသူများ အောက်က မေးခွန်းလေးတွေကို အရင်ဖြေကြည့်ကြပါ။

၁) လက်ရှိ မြန်မာအစိုးရဟာ ယုံကြည့်လို့ ရပါပြီလား(ယုံကြည်လို့ရပါတယ်ဆိုရင်တော့ ကမ့်ထဲကလူတွေကို မပြန်ခိုင်းဘဲ ယုံကြည်ပါတယ်၊ အကျဉ်းသားချင်းလဲတာ လက်ခံပါတယ် ဆိုတဲ့သူများကိုယ်တိုင် မလေးရှားမှာ တွယ်ကပ်မနေတော့ဘဲ မိမိကိုယ်တိုင် အရင်ပြန်ကြဖို့ တိုက်တွန်းပါတယ်)

၂) မလေးရှားအစိုးရဟာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် စေတနာကောင်းစွာနဲ့ ပြုမူဆက်ဆံတာ ရှိဖူးပါသလား။ (ရှိပါတယ်ဆိုရင် လူကြီးမင်းတို့ ဖွဲ့ထားတဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေ အလုပ်သမားတွေကို ကူညီပေးနေကြသူတွေ မလိုလောက်တော့ဘူးလို့ ယူဆရပြီး ဖျက်သိမ်းလိုက်ဖို့ပဲ ရှိပါတော့တယ်)

၃) ကမ့်တွေထဲမှာ တကယ်လွတ်မြောက်ဖို့ လိုအပ်နေသူတွေကို UNHCR က ထိထိရောက်ရောက် အကူအညီပေးနိုင်ပါပြီလား။ (ကမ့်တွေထဲမှာ တန်းစီးကို ပိုက်ဆံပေးမှ UNHCR လာရင် တွေ့ပြီး အင်တာဗျူးနိုင်တဲ့အဖြစ်တွေ၊ အဲလိုမှမတွေ့နိုင်လို့ ကမ့်ထဲမှာ နှစ်ချို့ပြီးနေနေရတဲ့သူတွေ၊ UNHCR က ကမ့်တွေမှာ လူသွားထုတ်လည်း အပြင်မှာ UNHCR နဲ့ ပလဲနံပသင့်တဲ့ လူမျိုးတွေကိုပဲ ရွေးပြီးခေါ်ထုတ်လာတာတွေ အများကြီးပါ။ ဒီလိုအဖြစ်တွေကို လူကြီးမင်းတို့အနေနဲ့ ကိုယ့်စီးပွားကိုယ်လုပ်နေပြီး ကျနော်ဘယ်မှာရောက်ပြီး ခုဘယ်သူနဲ့တွေ့နေပါတယ်ဆိုပြီး သတင်းတင်တာတို့၊ ဘယ်သူ့ဆီကပိုက်ဆံ ဘယ်လိုလိမ်ရမလဲ စဉ်းစားနေတာတို့ မလုပ်ကြဘဲ အပြင်မှာ တကယ်လက်တွေ့ ကိုယ့်လူမျိုးတွေကို ကူညီနေတယ်ဆိုရင် သိနိုင်မှာပါ။)

မောင်ပါလ
၂၁.၁၀.၂၀၁၁

ရင်ခုန်စရာ ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်

                                                     
                              ............ မင်္ဂလာပါသန့်ရှင်းသောဝိညာဉ်တော်ဘုရား....................
  26.10.2011 ရက်နေ့သည် မြန်မာဧ၀ံဂေလိအသင်းတော်၏ တစ်နှစ်ပြည့်ကျေးဇှူးတော်ချီးမွမ်းပွဲဖြစ်ပါသည်။ အသင်းတော်ကိုတစ်နှစ်ပြည့်တိုင်တိုင် ပို့ဆောင်ခဲ့သော ဘုရားသခင်ဘုန်းကြီးပါစေ.............။ ချစ်စရာကောင်းသော ဘုရားကိုချစ်ကြောက်ရိုသေကြသော အသင်းသူအသင်းသားများ၊အမှုတော်ဆောင်များနှင့် လက်တွဲဖို့ရန်ပို့ဆောင်ပေးသောဘုရားသခင်၏ကျေးဇူတော်ကိုလည်းအထူချီးမွမ်းမိပါတယ်။ ကျေက်ပေါ်မှာအသင်းတော်           ကိုတည်ဆောက်နေသာ သခင်ယေရှုဘုန်းကြီးပါစေ..........။ ခမည်းတော်၏ချစ်ခြင်းမေတ္တာနှင့်သားတော် သခင်ယေရှု   
၏ကယ်တင်ခြင်းဆုကျေးဇူးကို အကြွင်းမဲ့ဖွင့်ပြသွန်သင်နေသော သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုလည်းကျေးဇူးတင်တယ်..ဘုန်းကြီးပါစေ....
အဆိုကျော်- စံပီး၊ဆုန်သင်းပါရ်၊နိုးနိုး တို့လာမယ်။၂၆.၁၀.၂၀၁၁ ရက်နေ့ ကျေးဇူတော်ချီးမွမ်းပွဲမှာ အံသြစရာတွေ ထာဝရဘုရားကပြသအုံးမည်ဖြစ်သောကြောင့် ရင်ခုန်နေမိပါတယ်....
အသင်းအုပ်- သိက္ခာတော်ရဆရာအောင်အောင်

ဝိညာဉ်ရေးရာအဆိုများ

_Resolution are easier to keep when we rely on God...
_Do not fear therefore, you are of more value than many sparrows.(
 Matthew 10:31 )
_There has not failed one word of all His good promise. ( 1King
 8:56 )
_Trust in the Lord with all your heart, lean not on your own
 understanding, in all your ways acknowledge Him, He shall direct
 your path. ( Prov 3:5_6)
_Our love for Christ is only as real as love for our neighbour...
_Jesus gave His all to save us_ are we giving our all to serve Him?
_First the blade, then the head, after that the full grain...The
 harvest has come. ( Mark 4:28,29 )
_We sow the seed, God produces the harvest...
_Stand back and watch the Lord manage your mess into a glorious
 outcome...
_One measure of our likeness to Christ is our sensitivity to the
 suffering of other...
_Lord, teach us from Your word, all error to discern, and by Your
 Spirit's light help us from satan snare to turn...
_Stand on the word of God and you won't fall into error...
_God's love change prodigal sons into precious saints...
_The person who wishes to boast should boast only of what the Lord
 has done. ( 1Corinthians 1:31 )
_Thinking it through, what ( or who ) am i looking to for happiness?
 Is this wise? Or do i need to make some changes? How may i be
 content?
_Please be patient. God isn't finished with me yet!
_God's whisper of comfort quiets the noise of our trials...
_Trials make us think, thinking make us wise, wisdom make life
 profitable...
-Do you not know that your body is the temple of the Holy Spirit who
 is in you, whom you have from God, and you are not your own? (
 1Corinthians 6:19 )
_Don't let the Spirit reside in a cluttered heart. Take some time to
 clean it up today!
_When praying, it's better to have a heart without words than words
 without heart...
_No one can know what anyone else is really thinking except that
 person alone, and no one can know God's thoughts except God's own
 Spirit. ( 1Corinthians 2:11 )
_And God has actually given us His Spirit ( not the world's spirit )
 so we can know the wonderful things God has freely given us.
 (1Corinthians 2:12 )
_Stop fooling yourselves. If you think you are wise by this world's
 standards, you will have to become a fool, so you can become wise by
 God's standards. (  1Corinthians 3:18 )
_Is anything too hard for the Lord? ( Genesis 18:14 )
_The longer we live, the more that we know, old age is the time for
 wisdom to show...
_God can use you at any_age if you are willing...
_Listen to understand, then speak with love...
_Whatever you do in word or deed, do all in the name of the Lord. (
 Colossians 3:17 )
_Daily work take on eternal value when it os done for God...
_Seek the Lord while He may be found, call upon Him while He is near.
 ( Isaiah 55:6 )
_One small step of obedience is a giant step to blessing...
_An idol is anything that take the place of God...
_God's love cannot be explain_ it can only be experienced...
_The trials of earth are small compare with triumphs of heaven...
_Feed on God's faithfulness to find the strength you seed...
_There are three things that will endure_ faith, hope and love_ and
 the greatest of these is love. ( 1Corinthians 13:13 )
_The God of peace will be with you. ( Philippians 4:9 )
_A test of christian love! Do you help those who can't help you in
 return?
_We honor God when we honor one another...
_The more you love Jesus, the more you'll talk about Him...
_A little love can make a big difference...
_Silver and gold I do not have, but what I do have I give you. ( Act
 3:6 )
_A world in darkness needs the light of Jesus...
_When satan strikes, strike back with the word of God...
_The more we serve Christ, the less we serve self...
_Repentance means hating sin enough to turn from it...
_To be with Jesus forever is the sum of all happiness...
_By this all will know that you are my disciples, if you have love
 for one another. ( John 13:35 )
_Godly mothers not only bring you up, they bring you to God...
_A childlike faith unlock the door to the kingdom of Heaven...
_God's work is done by those who pray...
_God timing is always perfect...
_If you want other to know what Christ will do for them, tell them
 what He has done for you...
_First...God is all wise. His perfect plan of salvation shows that He
        has far better solution to the problem of life than we are
        capable of devising...
 Second..God is all knowing. His knowledge is infinite. He need no
        counselor and nothing surprises HIm...
 Third...God is all sufficient. No one can give to God what He has
        not first given to them. Nor can anyone ever repay Him for
        His goodness...
_Humble yourself under the mighty hand of God, that He may exalt you in
 due time. ( 1Peter 5:6 )
_Children are a heritage from the Lord. ( Psalm 127:3 )
_Time spent with your children is time wisely invested...
_We fall into temptation when we don't stand against it...
_A christian is an ambassador who speaks for the King of kings...
_God looks at the heart, not the hand, the giver, not the gift...
_In every desert of despair, God has an oasis of comfort...
_Victory is sure for those who endure...
_We honor God's name when we call Him our Father and live like His
 children...
_The One who died as our substitute now lives as our Advocate...
_To know love, open your heart to Jesus. TO show love, open your heart
 to others...
_Prayer is the voice of faith...
_The earnest prayer of a righteous  person has great power and wonderful
 results. ( James 5:16 )
_The end of the world is coming soon. Therefore, be earnest and
 disciplined in your prayers. ( 1Peter 4:7 )
_God's word gives wisdom to discern what is false...
_I have never met a man who has given me as much trouble as myself...
_Each small step of faith is a gaint step of growth...
_God speak through His word to those who listen with their heart...
_To be silent about the savior and His salvation is a dreadful sin of
 omission...
_Be an example to the believers in words, in conduct, in love, in
 spirit, in faith, in purity. ( 1Timothy 4:12 )
_Stop worrying and start trusting HIm completely...
_God's love does not keep us from trials, it help us get through them...
_The greatest force on earth is not the complusion of law but compassion
 of love...
_Shout joyfully to the Lord, all the earth, break forth in song,
 rejoice, and sing praises. ( Psalm 98:4 )
_Thanks be to God, Who gives us the victory through our Lord Jesus
 Christ. ( 1Corinthians 15:57 )
_A good example is someone who knows the way, goes the way,and shows
 the way...
_Forgiveness is the glue that repairs broken relationships...
_God knows the future, so we are safe in His hands...
_Christians are windows through which Jesus can shine...
_In everything give thanks. ( 1Thessalonians 5:18 )
_Bible study is not merely to inform us_ it's meant to transform us...
_It's better to declare the truth and be rejected than to withhold the
 truth just to be accepted...
_If you doubt that Jesus's cares, remember His tears...
_Jesus calls us to follow Him and repeats His call when necessary...
_Listening is an open door to understanding...
_God gives us all we need, so let's give to others in their need...
_Nothing speaks more clearly of God's love than the cross of Christ...
_God delights in the earnest prayers of His people...
_The next person you meet may need to meet Christ...
_Live for Jesus, and you'll live for eternity...
_The character of your children tomorrow depends on what you put into
 their hearts today...
_Work for the Lord_ His retirement plan is out of this world...
_Our unknow future is secure in the hand of our all_knowing God...
_Let the Bible fill your mind, rule your heart, and guide your life...
_The closer we walk with God, the closer we see His guidance...
_Follow Me, and I will make you fisher of men. ( Matthew 4:19 )
_Give God what He desire most_ a broken and repentant heart...
_The only way to make things right is to admit you've been wrong...
_Even a little example can be a big influence for Christ...
_God speaks through His word to those who listen with their heart...
_God give enough grace for whatever we face...
_To prepare for tomorrow, trust Jesus today...
_Our witness for Christ is a light in a dark world...
_Hole tighty to what is eternal, but loosely to what is temporal...
_A christian who is willing to do little things for other can do great
 things for the Lord...
_When all is lost, remember that you haven't lost Jesus, run to Him...
_In every season, there is a reason to rejoice and opportunity to do
 good...
_Every season brings a reason to rejoice...
_My dear all... my wishes is you all be get the best of peace,
 happiness, healthy and successful life throughtout the days ahead. And
 my lovely God be with you and bless you all. Please remember and pray
 for me to God. Hope to see you soon. Yours sincerely.... San Nay Aye
 ( Steven )

Tuesday 4 October 2011

ခရစ်တော်၌လူသစ်ဖြစ်ခြင်း၏အခွင့်အရေး

အဓိကကျမ်းပိုဒ်-
               လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာ တို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ၂ကော၅း၁၇

အထောက်အကူပြုကျမ်းပိုဒ်များ.......
     -ငါသည်တံခါးဝဖြစ်၏။ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက်ထွက်ဝင်၍ကျက်စားရာကို တွေ့ရ လိမ်မည်။
    - သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည်          အသက်လွတ်ရုံမျှ မက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။
                    ယော ၁၀း၉-၁၀
    - ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ 
                     ယော ၁း၁၂
     - သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကိုအစိုးရသော မင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။
                     ယော ၂း၁-၃
      - ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈာယ် ဆရာကို သင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။
     - ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော် သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။
                   ယော ၁၄း၁၆-၁၇
      - ဘုရားသခင်ကိုင်း၊ ငါတို့သခင်ယေရှုကိုင်း၊ သိသောဥာဏ်အားဖြင့်၊ ကျေးဇူး တော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များ ပြားပါစေသော။
      - ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသောဥာဏ်အားဖြင့်၊ ငါ့တို့ အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုး တော် သည် ပေးသနားတော်မူပြီ။
                          ၂ ပေ ၁း၂-၎
     - ၀ိညာဉ်ပကတိ၏အကျိုးမူကား၊ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊
ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
    - နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှ မမြစ်တား။ ဂလာ ၅း၂၂-၂၃

             ပြောင်းလဲတယ်လို့ပြောလို့ ကမ္ဘာမှာပြောင်းလဲလာတဲ့သတ္တ၀ါတွေကိုခဏကြည့်ဆင်ခြင်ရအောင်
ဥပမာ...... ခြင် ၊ လိပ်ပြာ ၊ ဖား စသည်ဖြင့်ပေါ့ အများကြီးရှိကြပါတယ်။ သူတို့တွေဟာ ပြောင်းလဲသွားမှ စွမ်း
တွေပိုရှိလာ ကြတယ်။ ပြောင်းလဲသွားပြီးရင်လည်း အရင်ဘ၀လိုမနေတော့ဘူး အရင်ဘ၀လိုမပြောတော့ဘူး
အရင်ဘ၀လိုမမြင်တော့ဘူး။
             အဓိကကျမ်းပိုဒ်မှာဖတ်ခဲ့ပြီးတဲ့အတိုင်း လူမည်သည်ကား(မည်သူ့ကိုမဆိုပြောနေခြင်းဖြစ်သည်) ခရစ်တော်(သခင်ယေရှု)၌ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏ လို့ဖေါ်ပြထားပါတယ်။ ဘာကြောင့်လူဟာ
အသစ်ဖြစ်ဖို့လိုတာလည်းဆိုတော့ လူတွေရဲ့အဘ (ဘုရားသခင်ပထမဦးဆုံးဖန်ဆင်းသောလူသား) အာဒံ ရဲ့
DNA လို့ခေါ်တဲ့စွမ်းအားတွေရှိနေကြလို့ပဲ။ အဲဒီစွမ်းအားကြောင့်ဘာတွေဖြစ်လာလည်း   ဆိုတော့.....အရာ
အားလုံးကိုပိုင်ဆိုင်တဲ့ ထာဝရ အရှင်ဘုရားသခင်ကိုတော်လှန်ပုန်ကန်တဲ့ ဇာတိပကတိ အကျင့်တွေမွေးက
တည်းကပါလာလို့ ဘယ်သူ့ဆီကမှမသင်ရဘဲနဲ့ ဒုစရိုက်အကျင့်တွေကျူးလွန်၍ ဟောင်းနွမ်းစုပ်ပြတ်ပြီး တဲ့
ဘ၀မှာ မျှော်လင့်ချက်ကင်းမဲ့(ပင်ပန်း)စွာအသက်ရှင်နေရတယ်။ သန့်ရှင်းဖြောင့်မတ်စုံလင်တဲ့ ထာဝရဘုရား
နဲ့အဆက်အသွယ်ပြတ်သွားတဲ့အတွက် ညိမ်သက်ခြင်းမရှိကြဘူး။ ဥပမာပေးရမယ်ဆိုရင် မီးချောင်းဟာလျှပ် စစ်နဲ့အဆက်အသွယ်ဖြတ်လိုက်တဲ့အခါမှာ အလင်းမလင်းနိုင်သလိုဘဲ.... လူသားတွေလဲ ဒီလိုဖြစ်နေကြ တယ်။ ဒီဘ၀မှာ ဘာ့ကြောင့်လူလာဖြစ်ရတာလည်းဆိုတားမသိ။ ငါဟာဘယ်သူလည်းဆိုတာလည်းမသိ။ 
လူဘ၀သက်တမ်းကုန်လို့ တမလွန်မှာလည်းဘယ်သွားလို့ဘယ်လာရမှန်းမသိ... လောကရဲ့တရားတွေက
တော့ ကောင်းတာလုပ်ရင်းကောင်းတာရောက်မယ်လို့ ကောင်းတာလေးတွေသွန်သင်ထားပါတယ် ဒါပေမယ့်
ကောင်းတာလုပ်မယ်လို့ ကြိုးစားလိုက်တိုင်း မကောင်းတာတွေဘဲလုပ်ဖြစ်၊ သူများတွေရှေ့မှာတော့ မနည်း
ထိန်းပြီးကောင်းအောင်နေပေမယ့် ကိုယ့်ကိုကိုယ်အသိဆုံး၊ ကုသိုလ်တွေလုပ်ပြီးမကောင်းတာတွေဖုံးဖို့လုပ်
ပြန်သော်လည်း... နှိမ်ချတဲ့စိတ်မရှိ၊ ဖြူစင်တဲ့စိတ်မရှိတဲ့အတွက် မြန်မာစာဆို ရှိတဲ့အတိုင်း "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" "မဟုတ်ပါဘူး ငရဲတစ်ပိဿာ မဟုတ်တော့ဘူး ငရဲတစ်လှည်း" ဒါကြောင့် တမန်တော်ရှင်
ပေါလုက ဒီအသေကောင်ဘ၀ကနေ ဘယ်သူကယ်လွတ်မလဲလို့ ညည်းတွားပြီးအဆုံး... ရောမသြ၀ါဒစာ ၇း၂၄-၂၅ မှာ...ဒီအသေကောင်ဘ၀ကနေ သခင်ယေရှုခရစ်အားဖြင့်ဘယ်သူကယ်လွတ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကြီးမာလှပေ၏....လို့ဖေါ်ပြထားတယ်။ လောကမှာအသက်ရှင်တာ သုံးမျိုးရှိပါ
တယ်.. ပထမ အပင်တွေဖြစ်ပါတယ်။ အပင်တွေဟာ ရုပ်နဲ့အသက်ရှင်ပါတယ်။ အပင်တွေကိုချက်စားပြီး 
သက်သက်လွတ်လို့ပြောတာမှားပါတယ်။ ဒုတိယ ကတော့  တိရိစ္ဆာန်တွေ သူတို့က စိတ်၊ ခန္ဒာနဲ့အသက်ရှင်
ပါတယ်။ သူတိုကစိတ်နဲ့တိုင်ပင်ပြီးအလုပ်လုပ်ကြတယ်။ စိတ်ကခိုင်းတဲ့အတိုင်းသွားတယ်၊ လာတယ်၊ အိပ်တယ်၊မေထုန်ပြုကြတယ်.. ဒါကတိရိစ္ဆာန် ပါ။ တတိယကလူ... လူက ခန္ဒာ၊စိတ်၊၀ိညာဉ် အသက်ရှင်တယ်လူမှာထူးခြားတာက၀ိညာဉ်ရှိတယ်။ ဒါကြောင့်တမလွန်အတွက်ရှာဖွေကြတယ်။ လူအထဲက
ဝိညာဉ်ကို ကမ္ဘာဦးကျမ်း ၂း၇ ဘုရားသခင်က သူအထဲကဇီဝအသက်ကို လူ၏နှာခေါင်းထဲကိုမှုတ်သွင်းထား
တယ်လို့ ဖေါ်ပြထားတယ်။ ဒါကြောင့်လူဟာဝိညာဉ်သဘောနဲ့အသက်ရှင်ဖို့ ဘုရာသခင်က ၀ိညာဉ်ကို
မှုတ်ထည့် ပေးထားတယ်။ ၀ိညာဉ်သဘောတွေကတော့..... -"၀ိညာဉ် ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
- နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှမမြစ်တား။
ဂလာတိ ၅း၂၂-၂၃" မှာဖေါ်ပြထာတယ်။ တချိုတွေက ဒီအတိုင်အသက်ရှင်ဖို့ မဖြစ်နိုင်ကြောင်းညည်းတွားကြ
တယ်။ မိတ်ဆွေဟောင်းတဲ့အသက်တာနဲ့တော့မရတာသေချာတယ်။သို့သော်လည်းလူသစ်ဘ၀နဲ့ တော့အ
သက်ရှင်လျှောက်လှမ်နိုင်တယ်။ ယော၁၀း၉ မှာသခင်ယေရှုက ငါသည်တခါးဝဖြစ်တယ်လို့ ဖေါ်ပြထားတယ်
သခင်ယေရှုကို ယုံကြည်ကိုးစားသောသူသည် ချက်ခြင်းဘုရားသခင်ရှေ့မှာသန့်ရှင်းဖြောင့်မတ်သောသူဖြစ်
သွားပြီး သခင်ခရစ်တော်ကိုသေခြင်းကနေ ထမြောက်စေတဲ့တန်ခိုးတော်က ထိုသူအထဲမှာကျိန်းဝပ်ပြီး ပြုပြင်
တယ်။ ဂလာတိ ၂း၂၀ ခရစ်တော်ကိုယုံကြည်သောသူသည်ကိုယ်တိုင်မရှင်တော့ဘူး သခင်ခရစ်တော်က သူ့အထဲမှာရှင်တယ်...။ ထိုကြောင့်ထိုသူဟာ လောကမှာနေပေမယ့်ဘုရားသားအဖြစ်နဲ့အသက်ရှင်လျှောက်
လှမ်းလာတယ်..ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်က ထိုသူကိုပြုပြင်သွားတယ်...ထိုလူမျိုးကို ဘုရား
သခင်က သူမှုတ်သွင်းထားတဲ့ ၀ိညာဉ်မှာစကားပြောတယ် ၀ိညာဉ်က စိတ်ကိုညွန်ကြားတယ်...စိတ်ကနာ ခံပြီး...ကိုယ်ခန္ဒ္ဒာကိုညွန်ကြားတယ်။ ထိုလူတစ်ယောက်ရဲ့အသက်တာမှာ ၀ိညာဉ်ပကတိအကျင့်တွေဟာ ကြိုးစားပြီးကျင့်နေတာ မဟုတ်ဘဲ အလိုလိုနေရင်း သူ့အသက်တာမှာ တွေနေရတယ်။ ၀ိညာဉ်အသီးတွေသီး
လာတယ်..။ ဘာကြောင့်လည်းဆိုတော့ သခင်ယေရှုဟာ သေသွားတဲ့ဘုရားမဟုတ်ဘူးအသက်ရှင်တဲ့ ဘုရား
ဘုရားဖြစ်တယ်... မြေကြီးကဖြစ်တဲ့ဘုရားမဟုတ်ဘူး ကောင်းကင်ကနေ ဘုရားဇာတိကို စွန့်ပြီး လူသားအား
လုံးကိုချစ်လွန်းလို့ အပြစ်ကြွေးတွေ ဆပ်ပေးဖို့ရန် လူ့ဇာတိလာရောက်ခံယူတာဖြစ်တယ်။ သူပြောတယ် ပြော
တဲ့အတိုင်း အသေခံပြီး သုံးရက်မြောက်တဲ့နေ့မှာ သေခြင်းကိုအောင်ပြီး အသက်ပြန်ရှင်တဲ့ဘုရားဖြစ်ပါတယ်။
ဘုရားမှန်ရင် မသေရဘူး သေခြင်းကိုအောင်ရမယ်....။ ဒါကြောင့် သခင်ခရစ်တော်ကိုယုံကြည်ပါက လူ
ဟောင်းဘ၀ကနေ လူသစ်ကိုပိုင်ဆိုင်ရတယ် ကောင်းကင်နိုင်ငံသားဖြစ်ရတယ်။ လူသားတွေရှာဖွေနေတဲ့
ငြိမ်သက်ခြင်းကိုခံစားရတယ်။ ယ္ခုဘ၀နောင်ဘ၀အတွက် ပူပန်စရာမလိုဘဲ စိတ်ချမှုကိုလည်းရရှိပိုင်ဆိုင်ရပါ
တယ်။ မြန်မာစကားပုံရှိပါတယ်...."သိသူဖေါ်စား မသိသူကျော်သွား" ဘုရားသခင်ကသခင်ယေရှုခရစ်တော်
အားဖြင့် ပြင်ဆင်ပေးသောထာဝရအသက်သည် အခမဲ့ဖြစ်ပါသည်။ မိတ်ဆွေရယူပိုင်ဆိုင်နိုင်ရန်ဘုရားကပေး
နေပါသည်။ ထိုကြောင့် မေတ္တာဖြင့်ဝေငှလိုက်ပါသည်။

Myanmar Gospel Church
Pastor,Rev.Aung Aung


Sunday 2 October 2011

ခလေးသာသနာ


AMCC အစပထမ
http://mgcspiritualvideo.blogspot.com/

Friday 30 September 2011

ဓါတ်ပုံ


Tuesday 20 September 2011

AMCC/IFGF အသင်းတော်အစ

Wednesday 14 September 2011

သခင်ယေရှုခရစ်တော်

ယေရှုခရစ်တော်သည်လူသားအားလုံး၏သခင်ဖြစ်သည်။