မူလစာမျက်နှာ

Thursday 10 November 2011

စတုတ္ထရာစု လွဲမှားသောအယူဝါဒ သွန်သင်ချက်များ (ခရစ်ယာန်ဟုအမည်ခံထားသောသူများအရေးကြီးသောသိထားစရာ)

၁။ARIANISM အရိယမ်နိဇင် အယူဝါဒ
        ARIUS(အေဒီ ၂၇၀-၃၃၀) သည်အလက်ဇန္ဒြားယားအသင်းတော်၏ BISHOP ဖြစ်လာသည်။  စတုထ္ထရာစုတွင် ပေါ်ပေါက်သည့် လွဲမှားသောအယူဝါဒမှာ အာရိယပ်၏အယူဝါဒ ဖြစ်သည်။ အာရိယပ်သည် အလက်ဇန္ဒြားယားအသင်းတော်၏ နာမည်ကြီးသော ဂိုဏ်းချုပ်တစ်ပါးဖြစ်သည်။သူသည် အာရိယမ်နိဇင် (ARIANISM) ခေါ် အတွေးအခေါ် အယူဝါဒ အသစ်တစ်တစ်ခု တီထွင်ပြဌာန်းသည်။ သူ၏အယူဝါဒမှာ " ယေရှုသည် ဘုရားမဟုတ် လူသားဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကောင်းကင်ဘုံမှသာ အမြဲကိန်းဝပ်သည် ဤလောကတွင် ကျွန်ုပ်တို့ မရရှိနိုင်ပါ။ ထို့ကြောင့်ခမည်းတော် ဘုရားသခင်တစ်ပါးတည်း ကိုသာ ယုံကြည်ပြီးဆက်ရမည်" ဟူသောအယူဝါဒ ဖြစ်သည်။
                  ဤအာရိယမ်၏ အယူဝါဒသည် အီဂျစ်အသင်းတော်တစ်ပါးတည်းမက အသင်းတော်အားလုံးကို လွမ်းမိုးသွားသည်။ ထိုအချိန်တွင် အခြားနာမည်ကြီး BISHOP တစ်ပါးပေါ်ပေါက်ခဲ့သည်။ အသာနီးဆီးယပ် (ATHANASIUS) အေဒီ ၁၉၀-၃၇၃ သည် အာရိယမ်၏ လွဲမှားသော အယူဝါဒကို ခိုင်ခိုင်ခန့်ခန့်တွန်းလှန်ခဲ့ သည်။ အသာနီးဆီးယပ်သည် ရှင်မာကု၏ အမျိုးမှ ဆင်းသက်လာသူဟုယူဆကြသည်။ BISHOP ATHANASIUS သည် အီဂျစ်ကော့သစ်တွင် အလွန်နာမည်ကြီးသော ဂိုဏ်းချုပ်တစ်ပါးဖြစ်သည်။ သူသည်အီဂျစ်ကော့သစ် ဂိုဏ်းရှိ အသင်းတော်အားလုံးထံ စာရေးပေးပို့ခဲ့သည်။ ဂိုဏ်တွင် ဘုန်းတော်ကြီးအား လုံးကို တစ်နေရာတည်းမှာစုဝေးစေပြီး အာရိယပ်၏ လွဲမှားသောပြဿာနာကို ညှိနှိုင်းဖြေရှင်း ခဲ့ကြသည်။ ထိုအစည်းအဝေးတွင်း ရောမအသင်းတော်ကို မဖိတ်ခေါ်ပါ။ ကွန်စတန်တီနိုပယ်အသင်းတော်ရှိ နိုက်ဆီးယား (NICAEA) မြို့တော်တွင် စည်းရုံး စုဝေဖို့ ရွှေးချယ်ခဲ့သည်။ ၄င်းအစည်းအဝေးမှာ ပထမဦးဆုံး ကောင်းစီအ စည်းဝေဖြစ်သည်။ " 1st Council of Nicaea" (AD 325) ဂိုဏ်းချုပ်ပေါင်း ၃၅၀ တို့သည် နိုက်ဆီးယားတွင် အစည်းအဝေးတက်ရောက်ကြသည်။ ဤကောင်စီတွင် အောက်ပါအချက်များကို ဆုံးဖြတ်ချက်ချခဲ့ကြသည်။
၁၊ (ARIANISM) အာရိယမ်နစ်ဇင် အယူဝါဒသည် လွဲမှားသော အယူဝါဒ ဖြစ်သည်ဟု ကြေငြာသည်။
၂၊ သခင်ယေရှုသည်ဘုရား စစ်စစ်ဖြစ်သည်။
၃၊ သခင်ယေရှုသည်ဖန်ဆင်းခံရသော ဂုဂ္ဂိုလ်မဟုတ်ပါ။ ဖန်ဆင်းရှင်ဖြစ်သည်။
၎၊ သခင်ယေရှုသည် ခမည်းတော်ဘုရားနှင့် ကဏ္ဍတိုင်းတွင်ထပ်တူညီမျှ ဖြစ်သည်။
        ဤကောင်းစီသဘောတူညီချက်အရ နိုက်ဆီး (NICENE CREED) ယုံကြည်ခြင်း ခုံယူချက်ပေါ်ပေါက် လာသည်။ နိုက်ဆီးခံယူချက်သည်အစဦး၌ ရိုမင်ကက်သလစ်ဂိုဏ်း၏ အမြင့်ဆုံး အဓိက ခံယူချက်အဖြစ် ရပ်တည်ခဲ့သည်။ နောက်ပိုင်းတွင် ဂရိသြသဒေါ့ အသင်းတော်၊ အင်္ဂလိကန်အသင်းတော်၊ ပရိုတက်စတင့်အ သင်းတော်အားလုံးတို့၏ ယုံကြည်ချက်၊ခံယူချက်ဖြစ်လာသည်။ 
          ဤအစသည်းအဝေး ပြီးစီးသည့်နောက်ပိုင်းတွင် အစည်းအဝေးတွင်မပါဘဲကျန်နေသော များစွာ သောဂိုဏ်းချုပ်များက ဤနိုက်ဆီးဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွတ်ခဲ့ကြသည်။ မည့်သည့်နေရာ တွင်မဆို ဂိုဏ်းချုပ်များက လက်မခံလိုကြပေ။ ၀န်မခံကြပါ။ သဘောတူလက်မှက်မထိုးကြပါ။ ဂိုဏ်ချုပ်များ၊ ဧကရာဇ်မင်း၊ တရာသူကြီးချုပ်များ၊ အပါအ၀င်ဤ ကြေညာစာတမ်းအပေါ် ၀န်ခံလက်မှတ်ရေးထိုးခြင်းမပြု ကြပါ။
             ဤအစည်းအဝေး ဆုံးဖြတ်ချက်ပေါ်ပေါက်ပြီး နှစ်ပေါင်း (၇၀) ခန့်တွင် အာရိယပ် နှင့် အသာနီးဆီးယပ်သည်တို့သည်အယူအဆပိုင်းတွင် ပြင်းထန်စွာတိုက်ပွဲဝင်နေခဲ့ကြသည်။ထို့ကြောင့်အသင်း
တော် အတော်များများက ဤကြေညာစာတမ်းကို လက်ခံကျင့်သုံးမရဖြစ်နေကြသည်။ အေဒီ ၃၃၀ တွင် အာရိယပ်သေဆုံးသွားခဲ့သည်။ အေဒီ ၃၇၃ မှာအသာနီးဆီးယပ်လည်းသေ ဆုံးသည်။ အဓိကအတိုက်အခံ ပုဂ္ဂိုလ် ကြီးနှစ်ပါး ဆုံးသွားကြသဖြင့် ပထမကြေညာစာတမ်းကို ပိုမိုကျစ်လစ် ခိုင်မာစေရန် အေဒီ ၃၈၁တွင်  ဒုတိယအကြိမ်အစည်းအဝေးခေါ်ကြသည်။ ဤအစည်းအဝေးကို "THE COUNCIL OF CONSTANTINOPLE" ဟုခေါ်သည်။ ကွန်စတန်တီနိုပယ် အစည်းဝေးတွင် အောက်ပါအတိုင်းဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
 ၁၊ အာရိယပ် (ARIUS)  ၏သင်သင်မူကိုတရားဝင်ငြင်းပယ်ခဲ့ကြောင်း၊
၂၊ သုံးပါးတစ်ဆူ အယူဝါဒကို တရားဝင် လက်ခံကျင့်သုံးခဲ့ကြောင်း၊
        ထိုအချိန်မှစ၍ ယနေ့တိုင်အောင်သုံးပါးတစ်ဆူအယူဝါဒကို ဆက်လက်ခံကျင့်သုံးကြသည်။ ဒုတိကောင်စီကျင်းပပြီးသည့်နောက်တွင်ရိုမင်ကက်သလစ်အသင်းတော်သည်မယ်တော်မာရိနှင့်ပတ်သတ်
သော ခံယူချက်များကို ပြဌာန်းကျင့်သုံးလာကြသည်။
             အေဒီ ၃၁၃တွင် ရောမဧကရာဇ် ကွန်စတင်တိုင်တီက ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းခဲ့သည်။ နောက်ပိုင်းတွင် မယ်တော်မာရိ၏ အယူဝါဒကို အသင်းတော်၌ ကျင့်သုံးလာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်ယာန်ဘာသာ ရောမနိုင်ငံကို မရာက်မီ ရောမနိုင်ငံသားများသည် ဗာဗုလုန် ဘုရားမကို ကိုးကွယ်ခဲ့ကြသည်။ ထိုဘုရာမ၏အမည်မှာ ဒိုင်ယာနာ(DIANA) ဖြစ်သည်။ (SEMIRAMIS)
ရှေမိရာမိခေါ် ဗာဗုလုန်နတ်ဘုရာမဖြစ်သည်။ ရောမက (DIANA) ဟု အမည်ပေးကြခြင်းဖြစ်သည်။ ဒိုင်ယာ နာခေါ် ရှေမိရာမိသည် သူ့ရင်ခွင်ထဲ၌ ကလေးတစ်ယောက်ပွေ့ချီထားသည်။ ဒိုင်ယာနာရင်ခွင်ထဲမှာ ရှိသောကလေးအမည်မှာ တာမွတ်(TAMMUZ)ဟု ခေါ်သည်။
            အေဒီ ၃၁၃ နောက်ပိုင်းတွင် ရောမအသင်းတော် ပေါ်ပေါက်လာသော်လည်း ပြဿနာတက်လာ သည်။ ရောမတိုင်သူပြည်သားတို့သည် ခရစ်တော်၏သတင်းကောင်းကိုလက်ခံရန်တုံ့ဆိုင်းနေကြသည်။ အဓိကပြဿနာမှာ သူတို့ကိုးကွယ်နေသောဘုရားသည် ဘုရားမဖြစ်သည်။ ခရစ်ယာန်ဘုရားက ယောကျာ်း ဘုရားဖြစ်နေသောကြောင့်ဖြစ်သည်။
          ထို့ကြောင့်ရောမအသင်းတော်ရှိ ဂိုဏ်းချုပ်များနှင့်ဓမ္မပညာရှင်များသည် အစည်းအဝေးတွင်တိုင်ပင် ကာ ရောမနိုင်ငံသားတို့၏ အမြစ်စွဲနေသော ဗာဗုလုန်ဘုရား ကိုးကွယ်မူနှင့် ခရစ်တော်၏သတင်းကောာင်း ကို မည်ကဲ့သို့အစားထိုးရမည်ကို စဉ်းစားကြသည်။ နောက်ဆုံးတွင်ဓမ္မပညာရှင်များက အကြံတစ်ခုရကြ သည်။
           ဧကရာဇ်မင်းကြီးထံ ဘာသာအသစ်တစ်ခုဖြစ်သည့် ခရစ်ယာန်တွင်လည်း ဘုရားမရှိဟု လျှောက် တင်ကြသည်။ ထို့ကြောင့်မယ်တော်မာရိကို (SEMIRAMIS) ရှေမိရာမိ ဘုရားမနေရာရောက်အောင် မြင့် တင်ပေး၍ သခင်ယေရှုခရစ်တော်ကိုကား ရှေမိရာမိရင်ခွင်ထဲမှာရှိသော တာမွတ်နေရာတွင် ကလေးငယ် အဖြစ် အစားထိုးပေးလိုက်သည်။
             ထို့ကြောင့်အသင်းတော်တွင်တရားဝင်ရုပ်ပုံကိုပြဌာန်းခဲ့ကြသည်။ မယ်တော်မာရိနှင့် ရင်ခွင်ထဲရှိ သားတော်ယေရှုခရစ်ပုံကို တရားဝင်ပြဌာန်းခဲ့သည်။ ရောမအသင်းတော်နှင့် ရောမအင်ပါယာလွမ်းမိုး သည့် နိုင်ငံတိုင်တွင် မယ်တော်မာရိနှင့် ရင်ခွင်ထဲကသားတော်ယေရှု ပုံကိုတရားဝင်ပြဌာန်းကိုးကွယ်ကြသည်။ ကျန်အသင်းတော်များက ဤကဲ့သို့မလုပ်ဆောင်ကြပါ။ ရောမအသင်းတော်များကကိုယ်တိုင် ကျင့်သုံးသည့် အတိုင်း အခြားအသင်းတော်များလည်း လက်ခံကျင့်သုံးရန်တောင်းဆိုသည့်အခါ အခြားအသင်းတော်များက လက်မခံကြပါ။
            ရောမအသင်းတော်တွင်စိုးရိမ်မှုတစ်ခုတော့ရှိသည်။ သူတို့ကမယ်တော်မာရိ ပုံကို ကိုးကွယ်သော အခါ ကျန်သောအသင်းတော်များက သူတို့ကို လွဲမှားသောအယူဝါဒ ဟု စွပ်စွဲမှာကို ကြောက်ရွံ့လာကြ သည်။ ထိုခေတ်ထိုအချိန်သည် ရောမအသင်းတော်၏ တန်ခိုးအဏာ လွမ်းမိုးချိန်ဖြစ်သည်။ ထိုအခါအသင်း တော်များ၏ တတိယအကြိမ်  ကောင်စီအစည်းအဝေးကျင်းပရန် အခြားအသင်းတော်များ ကိုဖိတ်ခေါ်ခဲ့သည်။
             အေဒီ ၄၃၁ တွင် တတိယအကြိမ်မြောက် ဧဖက်ကောင်စီ အစည်းဝေးကို ခေါ်ယူခဲ့သည်။ ထိုအ စည်းအဝေးကို "3rd The Council of Ephesus (AD 431)" ဟုခေါ်သည်။ ဤတတိယ ကောင်စီအစည်း အဝေးတွင် အလွန်အရေးကြီးသော ဆုံးဖြတ်ချက် (၃)ခုချမှတ် ခဲ့ကြသည်။
 ၁၊ လူသား၏လုံးဝဥဿုံ ပျက်စီးခြင်း (Human Total Depravity)
         ပထမ ဆုံဖြတ်ချက်မှာ လူသားများသည် လုံးဝဥဿုံ ပျက်ဆီးနေသည်။ ကိုယ့်ကို ကိုယ်မကယ်တင် နိုင်ကြပါ၊ လုသားများသည်ဘုရားကျေးဇူးတော်ကိုလိုအပ်သည်   ဟူသောယုံကြည်ချက်ဖြစ်သည်။
          ဤဆုံးဖြတ်ချက်ကို နောက်နှစ်ပေါင်း (၁၀၀၀)ကြာသောအခါမှ ဂျွန်ကယ်လ်ဗင်(John Calvin) က လက်ခံ ကျင့်သု့းသည်။
  ၂၊ မယ်တော်မာရိ၏ ထာဝရ အပျိုစင်ဖြစ်ခြင်းအယူဝါဒ
        အမှန်မှာ- မယ်တော်မာရိသည် သခင်ယေရှု မွေးဖွားပြီး ယောသပ်နှင့် အိမ်ထောင်ကျကာ ဆက်လက်၍ သားသမီးများ မွေးဖွားခဲ့သည် (မဿဲ ၁၃း၅၅-၅၆)။ ထိုကြောင့် မယ်တော်မာရိသည် ထာဝရ အပျိုစင်မဖြစ်နိုင်ပါ။
 ၃၊ သန့်ရှင်းသော မယ်တော်မာရိဖြစ်သည် ဟူသော အယူဝါဒ
              ဤပြဌာန်းချက် အနက် (၂) နှင့် (၃) အယူဝါဒကို အစည်းအဝေးတက်ရောက်လာသည့် သမ္မာတရားကိုနားလည်သောအချို့ ကိုယ်စားလှယ်များက လက်မခံကြပေ။ ထိုကောင်စီစည်းဝေးပွဲပြီးသည့် နောက်ပိုင်း၌ ဤအချက်များမှ ကြီးမားသော အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ သည်။
             အေဒီ  ၄၅၁ တွင် စတုတ္ထုအကြိမ် ကောင်စီအစည်းအဝေးခေါ်သည်။ ထိုအစည်းအဝေးကို "4th The Council of Ephesus (AD451)" ဟုခေါ်သည်။ ဤကောင်စီအစည်းဝေးမှ အလွန်အရေးကြီးသော ဆုံးဖြတ်ချက် (၄)ချက်ကို ချမှတ်နိုင်ခဲ့သည်။
 ၁။ မယ်တော်မာရိ၏ ထာဝရ အပျိုစင်ဖြစ်ခြင်း အယူဝါဒကို တရားဝင်လက်ခံကြောင်း၊
 ၂။ သန့်ရှင်းသော မယ်တော်မာရိ အယူဝါဒ ကိုလည်း တရးဝင်လက်ခံကြောင်း၊
       ထိုဆုံးဖြတ်ချက်များကို တရားဝင်လက်ခံကြသောကြောင့် ယနေ့ ရိုမန်ကက်သလစ် အယူဝါဒကို အခြားအသင်းတော်များဖြစ်သော ဂရိသြသဒေါ့အသင်းတော်၊ အီဂျစ် သြသဒေါ့ အသင်းတော် တို့ကလက်ခံကျင့်သုံးကြသည်။ ယနေ့သြသဒေါ့ အသင်းတော်များကို လှည့်လည် ကြည့်ရှုပါက ရိုမင်ကတ်သလစ် အသင်းတော်နှင့် တစ်ပုံစံတည်း ဖြစ်သည်။ အသင်းတော်အတွင်းသို့ ၀င်ကြည့်လျှင် မယ်တော်မာရိက သားတော်ယေရှုကို ပွေ့ချီထားသော ရုပ်ပုံကိုတွေ့မြင်နိုင်ပေလိမ့်မည်။
 ၃။ ယေရှု၏လူသားစစ်စစ်ဖြစ်ခြင်းကိုလက်ခံကြသည်။
 ၄။ယေရှု ခရစ်တော်သည်လုံးဝ ဥဿုံ ဘုရားစစ်စစ် ဖြစ်ခြင်းကို လက်ခံကြသည်။
           ရောမအသင်းတော်၏ ဖိအားပေးမှုကြောင့် ဤကောင်စီမှာ အစည်းအဝေးထိုင်သည့် အခြားအသင်းတော်များမှ ဂိုဏ်းချုပ်ကြီးအပါး (၆၀၀) ကလည်း ရောမ အသင်းတော်၏ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ကြသည်။ ဤကောင်စီ (၄)ခုကို Ecumenical Councils = စ
         
          
                                              

1 comments:

လူတိုင်းကိုချစ်၍အသက်ပေးပြီးကယ်တင်သောသခင်ခရစ်တော်ဖြစ်သည်။