မူလစာမျက်နှာ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label သခင်ခရစ်တော်အကြောင်းလေ့လာခြင်း. Show all posts
Showing posts with label သခင်ခရစ်တော်အကြောင်းလေ့လာခြင်း. Show all posts

Friday, 27 January 2012

သခင်ခရစ်တော်၏ ၁၈ နှစ်ကြားကာလ

သမ္မာကျမ်းစာတွင် ယေရှုသည် အသက် (၁၂) နှစ်မှ (၃၀) နှစ်ကြားကာလ ပျောက်ဆုံးနေပြီး ထိုနှစ်အတောအတွင်း အိန္ဒိယနိုင်ငံဖက်သို့ သွားရောက် ကာပညာသင်ကြားခဲ့သည်ဟုသိရပါသည်။ ဟုတ်ပါသလား?
ယေရှု၏ ပျောက်ဆုံးသောနှစ်ကာလများဟု ခေါင်းစဉ်တပ်ထားသော စာအုပ် တစ်အုပ်တွင် ]ယေရှုသည် အစဉ်အတိုင်းကြီးပြင်း၍ ပညာတိုးပွါးသည်} ဟုဆိုခြင်းကြောင့် ယေရှုသည် ပညာသင်ရန် အိန္ဒိယဖက်သို့ထွက်ခဲ့ကြောင်း ဖေါ်ပြထားပေသည်။ ထိုခေတ် ထိုအချိန်အခါမှသည်ယနေ့တိုင် အစ္စရေးနိုင်ငံသည် ကမ္ဘာ့အလယ်တွင် စာပေယဉ်ကျေးမှု နှင့် ဘာသာတရားတို့ တိုးတက်ထွန်းကားရာ ဒေသဖြစ်လို့ ယေရှုပညာသင်ထွက် ပါကလည်း ၄င်း၏ဒေသတွင်သာ သင်ကြားခံယူရပေလိမ့်မည်။ ထိုခေတ်ထိုအချိန်အခါ ဂျူးတို့၏ ထုံးတမ်းစဉ်လာမှာ မိမိအိမ်သည် မိမိသားသမီးတို့အား စာပေ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့် ဘာသာတရားတို့ကို မိဘတို့က လက်ဆင့်ကမ်း သင်ကြားပေးရ သောကျောင်းပင်ဖြစ်ပါသည်။
ကျမ်းစာက ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက် တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏။ (ရှင်မဿဲခရစ်ဝင် ၂း၂၃) ရောမဥပဒေအရ အသက်သုံးဆယ်ပြည့်မှသာလျှင် ဘာသာတရားလုပ်ခွင့်ရသောကြောင့် ယေရှုသည် ဖခင်၏လက်သမားအလုပ်ကို လုပ်ကိုင်ရင်း စောင့်စားနေခဲ့ပါသည်။ ဂျူးတို့၏ ထုံးတမ်းစဉ်လာအရ သားကြီးသည် မိမိနှစ်သက်ရာ အခြားအလုပ်တို့ကို လုပ်ခွင့်မရှိပါဘဲ ဖခင်လုပ်သော လုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်ရပါသည်။
ထိုစာအုပ်မှပင် ယေရှုသည် ဖွားမြင်ပြီး အီဂျစ်ပြည်သို့ထွက်ပြေးခဲ့ရကြောင်းနှင့် ၄င်း၏အကြောင်းမှန်ကို မရေးသားပါဘဲ ယေရှုဘုရား၏ ဂုဏ်ကိုငယ်စေခဲ့ပါသည်။ အကြောင်းမှန်မှာ ယေရှုသည် ဖွါးမြင်စဉ် ကောင်းကင်ယံ၌ ထူးဆန်းသော ကြယ်ကြီး တစ်လုံး ပေါ်ထွန်းခဲ့ပါသည်။ ထိုကြယ်ကြီးကို အရှေ့ပြည်မှပညာရှိများက တွေ့မြင်ကြပြီး တွက်ချက်ကြည့်ကြသောအခါ အရှင်တကာတို့၏အရှင် ဘုရင်တကာတို့၏ ဘုရင်ပေါ်ထွန်းပြီဆိုပြီး ထိုအရှင်အားကိုးကွယ်ရန် အတွက် ယုဒပြည်ဗက်လင်မြို့ သို့ရောက်လာကြပါသည်။ ဘုရင့် နန်းတော်တွင် ရှိလိမ့်မည်ဟုအထင်နှင့် ပညာရှိများ နန်းတော်တွင်းသို့ဖူးမျှော်ရန် ဝင်ရှာဖွေခဲ့ကြပါသည်။ ထိုအခါ ဘုရင်ကြီးကလည်း ကျမ်းတတ်များကိုခေါ်ကာ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ကျမ်းစာတွင် အဘယ်ကဲ့သို့ ဖေါ်ပြထားကြောင်းကို မေးပါသည်။ ကျမ်းတတ်တို့ကလည်း ကျမ်းစာ တွင် ထိုအရှင်သည်ဤအရပ်ဤဒေသတွင် ပေါ်ထွန်းမည် ဟုပရောဖက် ပြုထားကြောင်း ပြန်ပြောပါသည်။ ထိုအခါ ဟေရုဒ်မင်းကြီးကလည်း တစ်နေ့သူ့နေရာကို လုယူမည် စိုးရိမ်ပြီး ပညာရှိတို့အား ထိုအရှင်ကို တွေ့ရှိပါက ပြန်လာပြီးပြောပြကြဖို့ စေခိုင်းလိုက် ပါသည်။
သို့သော် ပညာရှိများ ယေရှုကို ဖူးတွေ့ပူဇော်ကိုးကွယ်ကြပြီးသောအခါ အခြားလမ်းဖြင့် ပြန်သွားခဲ့ကြပါသည်။ ထိုအခါ ဟေရုဒ်မင်းကြီးသည်ကြီးစွာ အမျက်ထွက်ကာ နှစ်နှစ်နှင့်အောက် ကလေးများအားလုံးအား မြို့ရွာမကျန် သတ်စေခဲ့ ပါသည်။ ထို့အကြောင်းကြောင့် ကောင်းကင်တမန်တို့၏ စေခိုင်းတော်မူချက်အတိုင်း ယေရှုနှင့် မိဘနှစ်ပါးသည် ဟေရုဒ်မင်း၏ လက်ချက်မှလွတ်ရန် အီဂျစ်သို့ခေတ္တရှောင်ပုန်း နေခဲ့ရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အကျည်းတန်ရက်စက်သော ဟေရုဒ်မင်းကြီး၏ လုပ်ရပ်သည် ယနေ့တိုင် ကမ္ဘာ့သမိုင်းနှင့် ရောမသမိုင်းတွင် အထင်အရှားရှိနေပါသည်။ ထိုအချက်သည်ပင် ယေရှုသည် ဘုရားမှ လူ့ဇာတိခံယူခဲ့သော ဘုရားဖြစ်ကြောင်း သမိုင်းသက်သေ တစ်ရပ်ပင်ဖြစ်ပါသည်။
ယေရှုသည်ဖွါးမြင်ချိန်မှစ၍ သက်တော်စဉ်တစ်လျှောက်လုံး ထူးဆန်းအံ့ဩ ဖွယ်ဖြစ်ရပ်များနှင့်ပြည့်နေပါသည်။ ထို့ကြောင့် အံ့ဩဖွယ်တိုင်ပင်ဖက် တန်ခိုးကြီးသော ဘုရားဟု ပရောဖက်ဟေရှာယ ဘီစီ ၆၀ဝ ခန့်က ပရောဖက်ပြုခဲ့ပါသည်။

သခင်ခရစ်တော် တိဘက်သို့သွားခဲ့ခြင်းရှိမရှိ

ယေရှုသည် တိဘက်ဘုန်းကြီးထံတွင် သွားရောက် တပည့်ခံခဲ့သည်ဟု ဆိုကြပါသည်။ ဟုတ်ပါသလား?
စာအုပ်တစ်အုပ်တွင် ယေရှုသည် တိဘက်တိုင်းပြည်သို့သွားရောက်ကာ ဘုန်းကြီးထံတွင် တပည့်ခံခဲ့ပြီး ယေရှုကိုယ်တိုင်က သူ၏ကျင့်စဉ်များနှင့် အတွေ့အကြုံ များတို့ကို စာရွက်တစ်ရာပေါ်တွင်ရေးမှတ်ကာ ဘုန်းကြီးကို ကန်တော့ခဲ့ကြောင်းရေးသား ထားပါသည်။
တိဘက်တိုင်းပြည်ကိုဘုရင်ဆရိုကျန်းက အေဒီ(၇၀ဝ) ကျော်မှတည်ထောင်ခဲ့ပြီး တိဘက်သို့ ဗုဒ္ဓသာသနာသည် အေဒီ ၆၅၀ ခန့်မှရောက်ရှိခဲ့ကြောင်း သမိုင်း ပညာရှင် များက မှတ်တမ်းတင်ခဲ့ပါသည်။ ယေရှုသည် အေဒီ (၃၀) ခန့်တွင် မိမိကြွမြန်းလာရာ ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီဖြစ်ပါသည်။
စာရွက်ကို အေဒီ (၂၀ဝ) ခန့်မှ တရုတ်ပြည်တွင်စတင်တီထွင်ကာ အသုံးပြုခဲ့ကြ ပါသည်။ ထိုခေတ်အခါက စာပေကို သားရေလိပ်၊ ပေလိပ်၊ ကျောက်ပြား၊ ရွှံ့ပြား၊ နံရံတို့ကို အသုံးပြုကာ ရေးသားခဲ့ခြင်းကြောင့် အရေအတွက် (၁၀ဝ)မှာ အလွန်များလွန်း လှပါသည်။ လုံးဝမဖြစ်နိုင်ပါ။
တရားသဘောကို ပြန်ကြည့်သောအခါတွင်လည်း တိဘက်တွင် ဘုန်းကြီး သင်ပေးမှာက ဖန်ဆင်းခြင်းမရှိ၊ ကိုယ်ကျင့်တရားနှင့် ချုပ်ငြိမ်းခြင်းတရားဖြစ်ပြီး။ ယေရှုက ဖန်ဆင်းခြင်း၊ ယုံကြည်ခြင်းတရားနှင့် ထာဝရအသက်တို့ဖြစ်ပါသည်။ တရားသဘော နှစ်ခုကလည်း လုံးဝဆန့်ကျင်နေပါသည်။ ၄င်းအပြင် ထိုစာအုပ်ပါ နှစ်နိုင်ငံ၏ ပထဝီအနေအထား၊ စာပေယဉ်ကျေးမှု ရှုဒေါင့်နှင့် သမိုင်းကြောင်းများ အားလုံး တို့ကို ချင့်ချိန်ကြည့်ပါကလည်း ကွဲလွဲနေပါသည်။ ထို့ကြောင့် ယေရှုသည် တိဘက်သို့ သွာရောက်ခဲ့ခြင်းသည် အခြေအမြစ် မရှိသော အကြောင်းအရာပင်ဖြစ် ပါသည်။