မူလစာမျက်နှာ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ကျင့်ဆောင် လိုက်လျောက်၇န် - ပညတ်တော်မြတ် ၆၁၃ ပါး. Show all posts
Showing posts with label ကျင့်ဆောင် လိုက်လျောက်၇န် - ပညတ်တော်မြတ် ၆၁၃ ပါး. Show all posts

Thursday, 9 February 2012

ကျင့်ဆောင် လိုက်လျောက်၇န် - ပညတ်တော်မြတ် ၆၁၃ ပါး

ကျင့်ဆောင် လိုက်လျောက်၇န် - ပညတ်တော်မြတ် ၆၁၃ ပါး


မေးလိုက်လျင် ..ခရစ်ယာန် အများစုဟာ ထာဝရဘုရား၏ အလိုတော်ကို လိုက်နာလိုသုများဖြစ်ကြတယ်။ ဒါပေမဲ့..ထာဝရဘုရား၏ အလိုတော်ဟာဘာလဲ လို့မေးလိုက်ရင်တော့...အဖြေခက်ကြတယ်။ ညီအကို မောင်နှမတို့ ..ထာဝရဘုရား၏ အလိုတော်ဟာ ကျမ်းစာထဲမှာ ကွက်ကွက်ကွင်းကွင်း ဖေါ်ပြထားပြီးသားဖြစ်တယ်။ အဲဒီအလိုတော် တွေကို ဒီကနေ့..ခရစ်ယာန် အများစု..(သိပ်ခါတော်ရကြီးတွေအပါအဝင်)....ဓမဟောင်းထဲက ဟာတွေ တို့နဲ့မဆိုင်တော့ဘူး...ဂျုးကျမ်းတွေဆိုပဲ။ တကယ် ဝမ်းနည်းစရာပါပဲ......


ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းဟာ...သခင်ယေရှု၏ အသက်သေ၊ ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည်ခြင်းအားဖြင့် သာရယူနိုင်တာဖြစ်တယ်။ သို့သော်များလည်း ...ကယ်တင်ခြင်းရပြီးနောက် ထာဝရဘုရား၏ အလိုတော်နှင့်ပြည့်စုံကြွယ်ဝ၊ တိုးတက် တဲ့အသက်တာကိုတော့ ထာဝရဘုရား၏ ပညတ်တို့ကို ကိုယ်ကိုတိုင် လိုက်လျောက်မှသာ ရရှိနိုင်တာဖြစ်တယ်။ 

ညီအကို မောင်နှမတို့ ...အပြစ်ဆိုတာ  ထာဝရဘုရား၏ ပညတ်တို့ကိုချိုးဖောက်ခြင်းဖြစ်တယ် (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎)။....ယေရှု (Grace) အားဖြင့် သင်သည်အပြစ်သား မဟုတ်တော့ချေ။ သို့သော်များလည်း...ထို Grace အားဖြင့်ပညတ်တို့ကိုဆက်လက် ချိုးဖောက်ခြင်းကို ထာဝရဘုရားမလိုလား။  Grace အားဖြင့် ကျေးဇူးတင်သော နှလုံးသားနှင့် ထာဝရဘုရား၏ ပညတ်တို့ကို လိုက်လျောက်ခြင်းသည် ထာဝရဘုရား၏ အလိုတော်ဖြစ်သည်။ 


တမန်တော်ကြီးပေါလုက ပြောတယ်..."ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော် (Grace) ပွါးများစေခြင်းငှါ အပြစ်တရား (ပညတ်တို့ကိုချိုးဖောက်ခြင်း) ကိုကျင့်၍ နေရမည်လော။ ထိုသို့မနေရ။ အပြစ်တရား တွင်သေပြီးသောသူတို့သည် (born again).. ထို(အပြစ်)တရား၌ အဘယ်သို့ရှင်ရဦး မည်နည်း။ ...." (ရောမသြဝါဒစာ အခန်းကြီး ၆း၁-၂)


ဆင်ခြင်ကြည့်ပါ မိတ်ဆွေ.......
ထာဝရဘုရား၏ အလိုတော်ကို လိုက်နာနိုင်ကြသောသုများဖြစ်ပါစေ လို့ဆုမွန်းကောင်းတောင်းလျက်။

Shalom!
ကိုညီညီ (Yisra'el)


ဤပညတ်တော် တို့အားမဖတ်မည် စိတ်နှလုံးထဲတွင် ကိမ်းဝတ်ရန် ကျမ်းချက်များ - 

- လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။ (ရှင်ယာကုပ်သြဝါဒစာ ၂း၂၄)

- အကြောင်း မူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကိုကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်။ (ရောမသြဝါဒစာ၂း၁၃)

- ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည်သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့အား ပေးသနားတော်မူ သော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။ (တမန်တော်ဝတ္ထု  ၅း၃၂)

- ထိုယေရှုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ထိုယေရှုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၄)

မြေကြီးအရာကို ငါပြော၍ သင်တို့သည်မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ယုံကြလိမ့်မည်နည်း။ (ရှင်ယောဟန်ခရစ်ဝင် ၃း၁၂)

 - အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဗျာဒိတ်ကျမ်း ၂၂း၁၄)

- ယေရှုက.....ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ (ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း၁၅)


ပညတ်တော်မြတ် ၆၁၃ ပါး


ဘုရားသခင်နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၁) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားရှိသည်ကိုသိပါ။  (ငါသည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။  ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀း၂)

(၂)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ အမည်နာမ ကို သီးသန့်ထားပြီး မြင့်တင်ပါ။ (သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားသန့်ရှင်းတော် မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။ ၀တ်ပြုရာကျမ်း  ၂၂း၃၂)

(၃) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်၏။  (အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ တရားဟောရာကျမ်း ၆း၎)

(၄) ယဟို(ဗ)ဝါးיהוה ထာဝရဘုရားသခင် ကိုချစ်ပါ။ (သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ တရားဟောရာကျမ်း ၆း၅)
 
(၅)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် ကို ဝတ်ပြု၊ ချစ်ကြောက်ရိုသေပါ။ (သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ ... တရားဟောရာကျမ်း ၆း၁၃)

(၆)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တို့ကို လိုက်နာစောင့်ထိမ်းပါ။ (သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား ၏ပညတ်တော်တို့ကိုစောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့သန့်ရှင်းသော အမျိုးအစဉ်အမြဲ ဖြစ်စေတော်မူမည်။ တရားဟောရာကျမ်း ၂၈း၉ )

(၇) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် မှလွဲပြီး ဘယ်ဘုရားဟုဆိုသော အရာကိုမှ မကိုးကွယ်ရ။  (ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။ ထွက်မြောက်ရာကျမ်း  ၂၀း၃)

(၈) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် ကိုမကျိန်ဆဲရ။ (ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ ...ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၂း၂၈)

(၉) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင်၏ အမည်နာမ ကိုမဖြက်စီးရ။ (သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားသန့်ရှင်းတော် မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။ ၀တ်ပြုရာကျမ်း  ၂၂း၃၂)

(၁၀) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင် ကို သွေးတိုးမစမ်းရ။ (သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။ တရားဟောရာကျမ်း ၆း၁၆)  

(၁၁) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင်၏ ပညတ်တရားတိုကို လစ်လူရှု့ နှမ့်ချခြင်း မပြုလုပ်ရ။(ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်လော့၊ ထပ်၍မပိုရ၊ နှုတ်၍မလျော့စေရ။ တရားဟောရာကျမ်း ၁၂း၃၂)

(၁၂) ယဟို(ဗ)ဝါး יהוהထာဝရဘုရားသခင်၏ ပညတ်တရားတိုကို ပြုပြင် ဖြက်ဆီးခြင်း မပြုလုပ်ရ။(ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်လော့၊ ထပ်၍မပိုရ၊ နှုတ်၍မလျော့စေရ။ တရားဟောရာကျမ်း ၁၂း၃၂) 

(၁၃) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ အလိုတော်ကိုဝန်ခံကြရမည်။ (သင်၏ဘုရားသည်ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ .. တရားဟောရာကျမ်း အခန်းကြီး ၁၀း၂၀) 

 ပညတ်တရား ကျမ်းစာ နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၁၄) အသက်ကြီးသော လူကြီး ရွယ်အို တို့ကိုရိုသေပါ။ (ဆံပင်ဖြူသော သူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောင်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၃၂)

(၁၅) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တို့ကို လေ့လာဆည်းပုး ပြီး သား၊ သမီးတို့အား အစဉ်မပြတ် သွန်သင်ရမည်။ (ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ တရားဟောရာကျမ်း ၆း၇ ) 

(၁၆) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်သီချင်းကို ကိုကိုယ်တိုင် ကုးမှတ်ရေးသားပြီး၊ ဆောင်ထားရမည်။ (ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို  ဣသရေလ အမျိုးတဘက်၌ ငါ့အဘိုးသက်သေဖြစ်စေခြင်းငှါ၊ သူတို့သည် နှုတ်ကျက်ရအောင်သင်စေကြလော့။ တရားဟောရာကျမ်း ၃၁း၁၉ )

အနေအထိုင် ဓလေ့ထုံးစံ နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၁၇) ဖွားမြင်သော သားယောက်ကျားတို့အား အရေ ဖျားလှီးမင်္ဂလာပြုရမည်။ ( အရေ ဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေဖြစ်ရလိမ့်မည်။ ကမ္ဘာဦးကျမ်း ၁၇း၁၁)

(၁၈) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တော်တို့ကို သတိရရန် အဝတ်စွန်းတို့၌ ပြာသောကြိုးနှင့် ချီတွဲပြီး ပန်းပွားတို့ကိုဝတ်ဆင်ပါ။ (သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကိုလုပ်၍၊ ပြာသောကြိုးနှင့် ချီတွဲရကြ မည်။ ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့ ၍ ကျင့်ကြမည်အကြောင်း၊ အထက်ကကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဥာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်၊ မမှီဝဲ၊တောလည်ရာကျမ်း ၁၅း၃၈-၃၉ )

(၁၉) တဖီလင် သားရေကြိုးကို နဖုးပေါ်တွင် ဝတ်ဆင်ပါ။ (ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။ တရားဟောရာကျမ်း  ၆း၈)

(၂၀) တဖီလင် သားရေကြိုးကို လက်တွင်ကြစ်ပြီး ဝတ်ဆင်ပါ။ (ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။ တရားဟောရာကျမ်း  ၆း၈)

(၂၁) မဇူဇာ ကျမ်းစာလိပ် ကိုအိမ်တံခါးတွင် ချိတ်ထားပါ။(အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။တရားဟောရာကျမ်း  ၆း၉ )

(၂၂) ယောက်ကျားတို့ သည် မိန်းမများအတွက် ပြုလုပ်ထားသော အဝတ်အစားကို မဝတ်ဆင်ရ။ (မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ တရားဟောရာကျမ်း  ၂၂း၅)

(၂၃)  မိန်းမတို့ သည် ယောက်ကျားများအတွက် ပြုလုပ်ထားသော အဝတ်အစားကို မဝတ်ဆင်ရ။ (မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ တရားဟောရာကျမ်း  ၂၂း၅)

(၂၄) ဝါနှင့်သိုးမွေးကိုရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ (ဝါနှင့်သိုးမွေးကိုရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ တရားဟောရာကျမ်း  ၂၂း၁၁)

အစားအသောက် နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၂၅)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော (ခွါတိတိမကွဲပြား၍ စားမြုံ့မပြန်သောသားများ) ဝက်၊ မြင်း၊ ကလအုပ် စသည်ဖြင့် သားကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၆) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော ငါးခူ၊ ငါးရှင့်၊ ဂဏန်း၊ ပုဇွန် (အယပ်နှင့် အကြေးမရှိ) စသည်ဖြင့် ရေသတဝါများအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၇) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော သိန်းငှက်၊ လင်းတ၊ လင်းဆွဲ၊ ဇီးကွက် စသည်ဖြင့် ကျေးငှက်များ အား မစားရ။ (ငုံး၊ ဘဲကင် စားလို့ရတယ်) (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၈) ချ၊ တီကောင်၊ ပိုးမွား စသည်ဖြင့် အကောင်ဘလောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၉ ) မြေတွင်တွားသော ကင်းမီးကောင်၊ ကင်းခြေများ စသည်ဖြင့် ပိုးကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၀) ကြွက်၊ ပုး၊ ယုံ၊ ခွေး စသည်ဖြင့်တို့ကို မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၁) ရေတွင်တွားသော ပိုးကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၂) အတောင်ရှိသော တွားသွား ပိုးကောင်များအား မစားရ။ (ခြင်၊ ယင် စသည်ဖြင့်) (အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန်ရှိသမျှ တို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသားကိုမစားရ။ တရားဟောရာကျမ်း ၁၄း၁၉ )

(၃၃) သားရဲကိုက်ထားသော အသားတို့အား မစားရ။ (သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။ ထွက်မြောက်ရာကျမ်း  ၂၂း၃၁)

(၃၄) အလိုလိုသေသောအကောင်တို့ကို မစားရ။ (အလိုလိုသေသောအကောင်ကို မစားရ။တရားဟောရာကျမ်း ၁၄း၂၁)

(၃၅) သားရဲ အား ဖဲ့ပြီးအရှင်လတ်လတ် မစားရ။ (အသားနှင့်တကွ အသက်ကိုမစားရ။တရားဟောရာကျမ်း အခန်းကြီး ၁၂း၂၃)

(၃၆) သားကောင်အမေ နှင့်သားအမိ ကိုတရက်အတွင်းတွင်မသတ်စားရ။( နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ။ ၀တ်ပြုရာကျမ်း အခန်းကြီး ၂၂း၂၈)

(၃၇) ငှက်မိခင် နှင့် သုမ၏ သား၊ သမီး တို့အား အတူတူမဖမ်းစီးရ။ (သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကိုတွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကို မယူရ။တရားဟောရာကျမ်း ၂၂း၆)

(၃၈) ကျောက်ခဲနှင့် ပစ်၍သတ်ရမည့် ကျွဲ၊ နွား တို့၏အသားကိုမစားရ။ ( နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ် ထိုနွားကိုကျောက်ခဲနှင့် ပစ်၍သတ်ရမည်။ အသားကိုလည်းမစားရ။ နွားရှင်ကိုကား၊ ပြစ်လွှတ်ရမည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၁း၂၈)

(၃၉) ဆိတ်သငယ် အား သုူ၏အမိ နို့ရည် တွင်မပြုတ်စားရ။ (ဆိတ်သငယ်ကို အမိနို့ရည်မပြုတ်မချက်ရ။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၉ )

(၄၀) မိခင် နှင့် သားသငယ် ကိုစားရန်ဖြစ်သော်လဲ လေးလေးစားစား ပြုဆောင်တတ်ပါ။ (ဆိတ်သငယ်ကို အမိနို့ရည်မပြုတ်မချက်ရ။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၉ )

(၄၁)  ပေါင်ချန်၌ရှိသော အကြောကြီးကိုမစားသင့်။ (ထိုသို့ ယာကုပ်၏ပေါင်ချန်အကြောကြီးကို ထိုးတော် မူသောကြောင့် ဣသရေလအမျိုးသားတို့သည် ပေါင်ချန်၌ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင် လေ့ရှိကြ၏။ ကမ္ဘာဦးကျမ်း ၃၂း၃၂)

(၄၂) အဆီ အအိမ့် တိုကိုရှောင်ကျင်ပါ။ (သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်းမစားရ။ဝတ်ပြုရာကျမ်း အခန်းကြီး ၇း၂၃)

(၄၃) သားကောင်တို့၏ အသွေးကို မသောက် မစားရ။ (သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။ဝတ်ပြုရာကျမ်း အခန်းကြီး ၇း၂၆)

(၄၄) အစား အသောက် ကို လွန်ကျုးခြင်း မပြုရ။ ( မကောင်းသော အတတ်ကို မပြုစုရ။ ....။ဝတ်ပြုရာကျမ်း ၁၉း၂၆)

(၄၅) အစားတလုပ် မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (ခွါကွဲပြား၍ စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။ ၀တ်ပြုရာကျမ်း ၁၁း၃)

(၄၆) ဘာရေစာမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသောတိရစ္ဆာန် တကာတို့တွင်၊ အယပ်နှင့် အကြေးရှိသော တိရစ္ဆာန် ကိုသာစားရမည်။  ၀တ်ပြုရာကျမ်း ၁၁း၉)

(၄၇)  ဘာငုက်ကိုမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (စင်ကြယ်သောငှက် အမျိုးမျိုးကိုစားရ သောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၁၄း၁၁)

(၄၈) ဘာပိုးကောင်ကိုမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။  (အာရာဘ ကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကိုစားရမည်။ ၀တ်ပြုရာကျမ်း ၁၁း၂၂)

(၄၉) စားသုံးရန် တိရစ္ဆာန်တို့ ကို  ယဟို(ဗ)ဝါး יהוהထာဝရဘုရားသခင် ညွန်ထားသည့်အတိုင်း အသွေးကိုသွန်၍သတ်ပါ။ (သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာ အရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ တရားဟောရာကျမ်း ၁၂း၂၁)

(၅၀) ငှက်သိုက် ကိုယူလျင် မိခင်ငှက်ကို အသက်ချမ်းသာရာပေးပါ။ (သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကိုတွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကို မယူရ။
သင်သည်ကောင်းစား၍ အသက်တာရှည်မည်အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ် ရမည်။ တရားဟောရာကျမ်း ၂၂း၆-၇)
(၅၁) သားလိုက်၍ ရသော တိရစ္ဆာန်တို့ ၏အသွးကို မြေတွင်သွန်၍ ဖုံးအုပ်ပါ။ (ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။ ၀တ်ပြုရာကျမ်း အခန်းကြီး ၁၇း၁၃)



လိင်အင်္ဂါ နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၅၂) သင်၏ဆွေမျိုးတို့ နှင့်မတရားသော မေထုံမပြုရ။ (သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍သံဝါသမပြုရ။ ငါသည်ထာဝရ ဘုရား ဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၆)

(၅၃) သင်၏ မိခင်နှင့် မေထုံမပြုရ။ (သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသ မပြုရ။ ၀တ်ပြုရာကျမ်း ၁၈းရ)

(၅၄)  သင်၏ ဖခင်အရှက်ကိုဖော်၍  မေထုံမပြုရ။ (သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသ မပြုရ။ ၀တ်ပြုရာကျမ်း ၁၈းရ)

(၅၅) သင့်အဖ ၏ မယားနှင့် မေထုံမပြုရ။ (ကိုယ်အဘ၏ မယားမည်သည်ကိုမချဉ်းရ။ အဘနှင့်သာဆိုင်၏။ဝတ်ပြုရာကျမ်း ၁၈း၈)

(၅၆) သင့်၏ အမ၊ နှမ အားမေထုံမပြုရ။ (တအိမ်တည်း၌မွေးဘွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။ဝတ်ပြုရာကျမ်း ၁၈း၉)  

(၅၇) သင့်၏ အဖေတူ အမေကွဲ အမ၊ နှမ အားမေထုံမပြုရ။ (အမိခြားသော်လည်း တဘတည်းဖြစ်သောနှမကို မချဉ်းရ။ ၀တ်ပြုရာကျမ်း ၁၈း၁၁)

(၅၈) သင်၏ ချွေးမ နှင့်မေထုံမပြုရ။ (သား၏မယားတည်း ဟူသော ချွေးမကို၎င်း ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၅၉) သင်၏ သားမှပေါက်ပွားသော မြေးနှင့် မေထုံမပြုရ။ (ကိုယ်မယား၏ ပေါက်ဘော် ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကိုမချဉ်းရ။ မတရားသောအမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၆၀) သင်၏ သမီးနှင့်မေထုံ မပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၆၁) သင့်အဖေ၏ ညီမ သို့မဟုတ် အမဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၂)  သင့်အမေ၏ ညီမ သို့မဟုတ် အမဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၃) သင့်ဦးလေး ၏ မယားဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၄) သင့်၏ဦးလေး နဲ့လည်း မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၅)  သင်၏ သမီးမှပေါက်ပွားသော မြေးနှင့် မေထုံမပြုရ။ (ကိုယ်မယား၏ ပေါက်ဘော် ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကိုမချဉ်းရ။ မတရားသောအမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၆၆ ) သင့် အကိုသော်၎င်း၊ ညီသော်၎င်း ၏ မယားနှင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၇) သင့် မယား၏ သမီးများဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၈) သင့်မယား ၏ သားမှပေါက်ပွား သော သမီးများဖြင့် မေထုံမပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၆၉) သင့်မယား ၏ သမီးမှပေါက်ပွား သော သမီးများဖြင့် မေထုံမပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၇၀) သင်၏ ယောင်းမ နှင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၇၁)  ရာသီ လာနေသော အမျိုးသမီး နှင့် လိင်မဆက်ဆံရ။ (ဥတုရောက်၍မစင်ကြယ်သော မိန်းမကိုလည်းမချဉ်းရ။ ၀တ်ပြုရာကျမ်း ၁၈း၁၉ )

(၇၂) သူတပါး၏ မယားဖြင့် လိင်မဆက်ဆံရ။ (ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ ၀တ်ပြုရာကျမ်း ၁၈း၂၀ )

(၇၃) ယောက်ကျားအချင်းချင်း  မေထုံမပြုရ။ (မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ယောက်ျားချင်း မပေါင်း ဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၂ )

(၇၄) ယောက်ကျားတို့ တိရစ္ဆာန် သတဝါ တို့နှင့်  လိင်မဆက်ဆံရ။ (ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့် မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၃ )

(၇၅)  မိန်းမတို့လည်း တိရစ္ဆာန် သတဝါ တို့နှင့်  လိင်မဆက်ဆံရ။ (ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့် မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၃ )

(၇၆ )  လူသော်၎င်း၊ တိရစ္ဆာန်သော်၎င်း ဂွေးသင်းခြင်း မပြုရ။ (ကိတ်နယ်စုတ်ပြတ်ရာအနာရှိသော အထီး ကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။ ၀တ်ပြုရာကျမ်း အခန်းကြီး ၂၂း၂၄)

အခြင်းခြင်း တဦးနှင့်တဦး ဆက်ဆံရေး နှင့်ပတ်သက်သောညွန်ကြားချက်များ - 


 (၇၇) ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ (ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၇၈) နှိမ့်ချခြင်း၊ စိတ်နှလုံး အမှန်အကန် ဖြင့် အပြစ်ရှိသောသူကိုဆုံးမ သွန်သင်ပါ။ (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၇၉) သင်ကိုချစ်သောသူဖြစ်ဖြစ်၊ မုန်းသောသူဖြစ်ဖြစ် ကိုကူညီနိုင်သော သူတိုင်းကိုကူညီမစရမည်။ (သင့်ကိုမုန်းသောသူ၏ မြည်းသည်၊ မိမိဆောင်ရွက်သောဝန် အောက်မှာ လဲနေသည်ကိုတွေ့မြင်လျှင်၊ မမစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။ ထွက်မြောက်ရာကျမ်း ၂၃း၅)

(၈၀) သင်၏လမ်းတွင် မတော်တယော် ဒုတ်ခရောက်နေသော သူတွေ့လျင် မစကူညီပါ။ (ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍ မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက်မစရမည်။ တရားဟောရာကျမ်း ၂၂း၎)

(၈၁) သုတပါးအား မကောင်းကြံစည် ခြင်းမပြုရ။ (ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ၀တ်ပြုရာကျမ်း ၁၉း၁၆)

(၈၂) သင်တို့သည် အချင်းချင်း မညှဉ်းဆဲရ။ (သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၂၅း၁၇)

(၈၃)  အတင်းမပြောရ။ သုတပါး၏ မကောင်းသိတင်း ကိုမဖြန့်ဝေရ။  (သူ့အသရေပျက်သောသိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၆)

(၈၄) အချင်းချင်း အညိုးမထားရ။  (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၇)

(၈၅) အချင်းချင်း အရှက်မခွဲရ။ ဂရုနာ ဖြင့်သာ အသိပေး ဆုံးနရမည်။ (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၇)

(၈၆) အချင်းချင်း ဂလဲ့စား မချေရ။(သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ မငြိုးမထားရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၈၇)  အချင်းချင်း တယောက်နှင့်တယောက် ကိုယ်နှင့်အမျှချစ်ရမည်။(သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ မငြိုးမထားရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၈၈) မသိနားမလည်သောသုကို မကျိန်ဆဲရ။ (နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာ ကိုမထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၄)

(၈၉)  မသိနားမလည်သောသုကို ထိမိ၍လဲစရာ အပြစ်လုပ်စေခြင်း မပြုရ။ (နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာ ကိုမထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁)

(၉၀)  သင်၏လမ်းတွင် မတော်တယော် ဒုတ်ခရောက်နေသော ညီအကို (သို့) ကျွဲ၊ နွားကို တွေ့လျင် မကူညီပဲမနေပါနှင့်။ (ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍ မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက်မစရမည်။ တရားဟောရာကျမ်း ၂၂း၎

ဝတ်ပြုခြင်း၊ ဂုဏ်ဆော်ချီးမွမ်းခြင်း နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၉၁) ထိုဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်ရမည်။ (သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၂၅၊  သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကို ပြုရမည်။ တရားဟောရာကျမ်း အခန်းကြီး ၆း၁၃)

(၉၂) ရှီမား ကို နေ့စဉ် ရွတ်ဆိုရမည်။ (ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်၊ တရားဟောရာကျမ်း ၆း၇)

(၉၃) အစား စားရတိုင်း ယဟို(ဗ)ဝါး יהוה ထာဝရဘုရား အား ကျေးဇုးတော် ချီးမွမ်းရမည်။ (ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီမွမ်းရမည်။တရားဟောရာကျမ်း ၈း၁၀)

အိမ်ထောင်မိသားစု နှင့်ပတ်သက်သောညွန်ကြားချက်များ - 


(၉၄)  သင်၏ မိဘများအား ရိုသေစွာပြုစုရမည်။ (သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။ထွက်မြောက်ရာကျမ်း ၂၀း၁၂)

(၉၅) သင်၏ မိဘများအား လေးစား ရမည်။ (လူတိုင်းကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ ကိုလည်းစောင့်ရမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၃)

(၉၆) သင်၏ အမျိုးများပြားရန် ကလေးများမွေးရမည်။ (အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ကမ္ဘာဦးကျမ်း ၁း၂၈)

(၉၇) အပြစ်(ဘုရားသခင်၏ ပညတ်တို့ကိုချိုးဖောက်) သိ၇က်နှင့် လုပ်သော မယားအား ဖြတ်စာဖြင့်ကွဲလွတ်ရမည်။ (တစုံတယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့်လွှတ်လိုက်ရမည်။တရားဟောရာကျမ်း  ၂၄း၁)

(၉၈) လောလောလတ်လတ် အိမ်ထောင်ပြု ပြီးသောအမျိုးသားသည် တနှစ်တာ မျှ စစ်တိုက် မထွက်ရ။ သူ၏မယားကိုသာ လျှင်ပြုစုပြိုးထောင်ပေးရမည်။ (အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ့်အိမ်၌ အလွတ်နေ၍ မယားကိုကျွေးမွေးပြုစုရမည်။ တရားဟောရာကျမ်း ၂၄း၅)

(၉၉) သင်၏ အမျိုးသမီးအား အခြားယောက်ကျားဖြင့် ဖောက်ပြန်သည် ဟုသံသရ ရှိခဲ့လျင်  ယဇ်ပုရောဟိတ် ထံသို့ခေါ်ပြီး ပညတ်အတိုင်းေ၇ခါးကိုသောက်ခိုင်းကာ သုအပြစ်ရှိ မရှိ ရှာဖွေ သက်သေပြုပါ။ ( ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသောတရားပေတည်း။ ယောက်ျားသည် မယားကိုမယုံ၊ ထာဝရဘုရား ရှေ့တော်၌ ထားသောအခါ၊ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်းစီရင်သဖြင့်၊...တောလည်ရာကျမ်း  ၅း၃၀)

(၁၀၀) ယောက်ကျားသည် သူ၏မယားအား အပျိုစဉ် မစစ်ဟု မမှန် မကန် စွတ်စွဲပြီးမှားခဲ့လျင် ထိုမိန်းမအား တသက်ကွာမရဘဲပေါင်းရမည်။ ( ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏အသရေကိုထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံးထိုမိန်းမနှင့်မကွာရ။ တရားဟောရာကျမ်း အခန်းကြီး ၂၂း၁၉ )

(၁၀၁)  ဖောက်ပြန်သော လင်ယောင်ကျား (သို့) မယားအား ဆက်လက်မပေါင်းသင့်။ (တစုံတယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့်လွှတ်လိုက်ရမည်။တရားဟောရာကျမ်း  ၂၄း၁)

(၁၀၂) သားသမီး မရှိ၊ သေဆုံးသွားသည့် သင့် ညီအကို၏ မယားအား မျိုးမပျတ်ရန် သင်ဆက်လက်ထိမ်းများ လက်ထပ်ယူရမည်။ (အတူနေသော ညီအစ်ကိုတို့တွင်၊ တစုံတယောက်သောသူသည်သားမရှိဘဲသေလျှင်၊ သေသောသူ ၏မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်းကိုမပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သော ဝတ်ကိုပြုရမည်။ တရားဟောရာကျမ်း ၂၅း၅)

(၁၀၃) သင်သည် သေဆုံးသွားသော သင့်ညီအကို၏မယားအား မယူလိုလျင် ထုံးလမ်းအဆင်အရာ အလိုက် ကင်းရှင်းကြောင်းအရှက် သက်သေပြုရမည်။ (ညီသည် အစ်ကိုမယားကိုမယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ ရှိရာမြို့တံခါးဝသို့သွား၍၊ ကျွန်မ၏လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ၊ သူပြုအပ်သော ဝတ်ကိုမပြုလိုပါဟုလျှောက်လျှင်။ မြို့၌အသက်ကြီးသူတို့ သည်ထိုသူကို ခေါ်၍မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွုန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်။သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာသူ့အပါးသို့ချဉ်း၍ သူ၏ခြေနင်းကိုချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကိုအိမ်ကို မဆောက်လိုသောသူ၌ ဤသို့ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။ တရားဟောရာကျမ်း ၂၅း၅)

(၁၀၄) သင်၏မိဘကို မရိုက်နက်၊ မသတ်ရ။ (မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ထွက်မြောက်ရာကျမ်း ၂၁း၁၅)

(၁၀၅) သင်၏မိဘ ကိုမကျိန်ဆဲရ။ (မိဘကိုကျိန်ဆဲသောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ထွက်မြောက်ရာကျမ်း ၂၁း၁ရ)

(၁၀၆) လင်ငယ်ထား ပြီးရသောသားသည် ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ ( မျောက်မထား၍ရသောသားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ်ဆက်မြောက်အောင်မဝင်ရ။ တရားဟောရာကျမ်း ၂၃း၂)


(၁၀၇) ယောက်ကျား လိင်အင်္ဂါ မစုံလျင်၊ ချို့တဲ့နေသာ သူသည် ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ ( ယောက်ျား၏ အင်္ဂါလက္ခဏာမစုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ တရားဟောရာကျမ်း ၂၃း၁)

(၁၀၈) အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ (အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော် ၌ အပါအဝင်မဖြစ်ရ၊ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင်မဝင်ရ။ တရားဟောရာကျမ်း ၂၃း၃)

(၁၀၉) ဧဒုံအမျိုးသားကိုမူကား မျိုးနှစ်ဆက်လွန်ပြီးလျင် ထားဝရဘုရား၏အစုအဝေး တွင်ပါဝင်နိုင်သည်။ (ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည်သင်၏ ညီအစ်ကိုဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံ ခဲ့ဘူးပြီ။သူတို့အမျိုးအနွယ်သည် သုံးဆယ်မြောက်မှာထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၂၃း၇)

(၁၁၀)  အဲဂုတ္တု အမျိုးသားကိုလည်း မျိုးနှစ်ဆက်လွန်ပြီးလျင် ထားဝရဘုရား၏အစုအဝေး တွင်ပါဝင်နိုင်သည်။ (ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည်သင်၏ ညီအစ်ကိုဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံ ခဲ့ဘူးပြီ။သူတို့အမျိုးအနွယ်သည် သုံးဆယ်မြောက်မှာထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၂၃း၇)
 


ဆက်ရန်.......