မူလစာမျက်နှာ

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့် (မိခင်မေတ္တာ). Show all posts
Showing posts with label ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့် (မိခင်မေတ္တာ). Show all posts

Friday, 17 February 2012

ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့် (မိခင်မေတ္တာ)

ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်
ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်
အမျိုးသမီးတစ်ဦးဟာ အံ့သြဖွယ်ရာ မိမိကိုယ်ကို ဗိုက်ခွဲ ( Caesarean section ) ပြုလုပ်ပြီး ကလေးမွေး ဖွားခဲ့ပါ တယ် ။ ဒီလို အာဂ သူရဲကောင်းမိခင်ရဲ့ နာမည်ကတော့ Ines Ramirez ဖြစ်ပြီးသူမဟာ သူမကိုယ်တိုင် ဗိုက် ခွဲပြီးမွေး ဖွားအောင်မြင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော မိခင်လည်းဖြစ်ပါတယ် ။
နေဟာ နာရီအနည်းငယ်ကြာကတည်းက အနောက်အရပ်ကိုဝင်သွားခဲ့ပါပြီ ။ အနီးဆုံးဆေးရုံဟာ ကြမ်းတမ်း တဲ့လမ်းတွေကို ဖြတ်သန်းပြီးသွားတာတောင်မှ ကီလိုမီတာ ၈၀ ကျော်ဝေးပါတယ် ။ သူမဟာ ဒီလိုလုပ်ရပ် ကိုလုပ်ဖို့အတွက် သူမသာလျှင် ခွဲစိတ်သူ သူမသာလျှင် assistant ဖြစ်ခဲ့တယ် ။ သူမရဲ့ခင်ပွန်းဟာ အဲဒီအချိန် တုန်းက အရက်ဆိုင်တစ်ခုမှာ အရက်သောက်နေခဲ့တယ် ။ သူမ မှာ ဖုန်းလည်းမရှိခဲ့ဘူး ။ အရက်ဆိုင်းကိုလည်း လိုက်မ သွားနိုင်ခဲ့ဘူး ။
ည အလယ်ခေါင်ကို ရောက်လာပါပြီ ။ ည ၁၂ နာရီကျော်တဲ့အထိ ဗိုက်က ဆက်တိုက်နာလာပြီးတဲ့နောက်မှာ ဒီ အသက် ၄၀ ကျော် အမျိုးသမီးဟာ သစ်သားနဲ့လုပ်ထားတဲ့ ခုံတန်းလျားပုပုလေးပေါ်လှဲချလိုက်တယ် ။ အ ရက်တွေ ထည့်ထားတဲ့ ပုလင်းထဲကနေ အရက်တချို့ကို မျက်စိမှိတ်ပြီး အကြိမ်ကြိမ် မျိုးချခဲ့တယ် ။ အဲဒီနောက် အာဂ အမျိုးသမီးဟာ ၁၅ စင်တီမီတာလောက်ရှည်တဲ့ ဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဗိုက်ကို စတင်ခွဲ ချလိုက် ပါတယ် ။

မှိန်ပျပျအလင်းရောင်ထွက်နေတဲ့ မီးသီးလေးတစ်လုံးရဲ့ အကူအညီနဲ့ Ramirez ဟာ အရေပြားကို လှီးဖြတ် ခဲ့တယ် ။ ပြီးတော့ ၀မ်းကြာတိုက်ထဲက သားသားလေးကို မဆွဲထုတ်ခင်မှာ အဆီလွှာ နဲ့ကြွက်သားအလွှာ သားအိမ် နံရံ စတာတွေကို လှီးဖြတ်ခဲ့တယ် ။ သူမဟာ ကလေးရဲ့ ချက်ကြိုးကို ကတ်ကြေးနဲ့ဖြတ်ခဲ့ပြီး သူမ ရင်သွေးလေးကို ထုတ်ယူနိုင်ခဲ့တယ် ။ သူမ အရာအားလုံးကို မေ့မျော့သွားခဲ့ပါပြီ ။

သူမ သတိပြန်ရလာခဲ့တအခါ သူမဟာ သွေးတွေအလွန်အမင်းထွက်နေတဲ့ ၀မ်းဗိုက်ထဲမှာ ဆွယ်တာ အင်္ကျီ တစ်ထည်ကို ထိုးသိပ်ထည့်ထားလိုက်ပြီးအဲဒီဖြစ်ရပ်ကိုအသက် ၆ နှစ်လောက်သာရှိသေးတဲ့ Benito က မြင်သွားခဲ့ပြီး ဘေးအိမ်တွေကို အကူအညီတောင်းခံခဲ့ရပါတယ် ။ နာရီပေါင်းများစွာကြာပြီးတဲ့နောက် ကျေးရွာရဲ့ ကျန်းမာရေးလက်ထောက် Leon Cruz နဲ့ အကူတစ်ယောက်တို့ဟာ အသက်ရှင်နေသေးတဲ့ Ramirez နဲ့ ဘေးမှာ လဲလျောင်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ Cruz ဟာ ၁၇ စင်တီမီ တာရှည်တဲ့ခွဲထားတဲ့လမ်းကြောင်းကို သာမန် အပ် ၊ အပ်ချည်နဲ့ ပြန်ချုပ်ပေးခဲ့ရတယ် ။ ပြီးတော့ အဲဒီ လူနှစ်ယောက် ဟာ သူမကိုရော ကလေးကိုရော မပြီး ကောက်ရိုးဖျာထဲ ထည့်လို့ မြင်းနှစ်ကောင်ကိုဆွဲစေပြီး မြို့ကို အနီးဆုံးလမ်းကနေ မောင်းနှင်ခဲ့ရတယ် ။ ပြီးတော့ ၂ နာရီကြာပြီးတဲ့အခါ သူတို့ဆေးခန်း တစ်ခု ကိုရောက် သွားကြပါပြီ ။

ဒါဟာ ၂၀၀၀ ခုနှစ် March လတုန်းက ဖြစ်ပျက်ခဲ့တာပါ ။ အခုတော့ Ines Ramirez ကို အပြည်ပြည်ဆိုင်ရာက အံ့သြဖွယ်ရာ သူရဲကောင်းမိခင်အဖြစ်သတ်မှတ်လိုက်ကြတယ် ။ သူမဟာ ဗိုက်ခွဲပြီးမိမိရင်သွေးကို မိမိဘာ သာ မွေးနိုင် ခဲ့တဲ့ အံ့သြဖွယ်ရာ မိခင်တစ်ဦးပါပဲ ။

ဒီစာလေးကို ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားနေတဲ့ ခေတ်ကာလ မိခင်လောင်းလေးတွေကိုပေးဖတ်ပြစေချင်တယ် ။ မိခင်မေတ္တာဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပေါ့ ။

fwd mail မှပြန်လည်ဖေါ်ပြပါသည်။